
မန်ချက်စတာယူနိုက်တက်စူပါစတားခရစ္စတီယာနိုရော်နယ်ဒိုကကာတကမ္ဘာ့ဖလားပြိုင်ပွဲတွင်ချန်ပီယံဖြစ်လိုပါက နှိမ့်ချစွာနေထိုင်ကြရန်ပေါ်တူဂီအသင်းသားများကိုပြောကြားထားပါတယ်။
အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ရဲ့ကြီးကျယ်ခမ်းနားလှတဲ့ဘောလုံးကစားသမားဘဝအတွင်းအတွေ့အကြုံများစွာပိုင်ဆိုင်လာခဲ့သူဖြစ်ပြီးကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်းပေါ်တူဂီကိုဦးဆောင်လာဦးမှာဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီကစားသမားများအားမည်သို့ပြုမူနေထိုင်ရမည်နှင့်ပတ်သက်ပြီးပြောကြားထားသလို အောင်မြင်မှုရရှိရေးအတွက်အစွမ်းကုန်ကြိုးပမ်းလာမယ်လို့လည်းဆိုထားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုက “အနိုင်ယူဖို့ရောက်လာတာပါ။ဒါကိုကျွန်တော်တို့မှာရှိတဲ့အသင်းကလည်းလုပ်နိုင်တယ်လို့ယုံကြည်ပါတယ်။ကမ္ဘာ့အဆင့်ပါရမီရှင်တွေပါဝင်တဲ့တကယ့်ထိပ်တန်းအသင်းတွေလည်းရှိနေပါတယ်။ဒီတော့ကျွန်တော်တို့အနေနဲ့အာရုံစိုက်ရပါမယ်။ကျွန်တော်တို့ဘာလုပ်နိုင်တယ်ဆိုတာပြရမယ်။အားလုံး လိုက်လုပ်ကြရမယ်”လို့ပြောကြားသွားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာပေါ်တူဂီအသင်းကိုယူရို၂၀၁၆နှင့်ယူအီးအက်ဖ်အေနေးရှင်းဖလားတို့ဆွတ်ခူးနိုင်အောင်စွမ်းဆောင်ပေးထားပြီးဖြစ်ပါတယ်။
ဒါပေမဲ့သူဟာကမ္ဘာ့ဖလားဆွတ်ခူးခဲ့ဖူးခြင်းမရှိပါဘူး။သူဟာလာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာခြောက်ကြိမ်မြောက်ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ်ယှဉ်ပြိုင်လာမှာလည်းဖြစ်ပါတယ်။
ZawGyi
၂၀၂၂ ကမာၻ႔ဖလားခ်န္ပီယံျဖစ္ေစမဲ့ လ်ိဳ႕ဝွက္ခ်က္ကို ေပၚတူဂီအသင္းသားမ်ားအား ခရစၥတီယာႏိုေရာ္နယ္ဒိုေျပာၾကားထား
မန္ခ်က္စတာယူႏိုက္တက္စူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုကကာတကမာၻ႔ဖလားၿပိဳင္ပြဲတြင္ခ်န္ပီယံျဖစ္လိုပါက ႏွိမ့္ခ်စြာေနထိုင္ၾကရန္ေပၚတူဂီအသင္းသားမ်ားကိုေျပာၾကားထားပါတယ္။
အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ရဲ႕ႀကီးက်ယ္ခမ္းနားလွတဲ့ေဘာလုံးကစားသမားဘဝအတြင္းအေတြ႕အႀကဳံမ်ားစြာပိုင္ဆိုင္လာခဲ့သူျဖစ္ၿပီးကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္လည္းေပၚတူဂီကိုဦးေဆာင္လာဦးမွာျဖစ္ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကမာၻ႔ဖလားၿပိဳင္ပြဲမစတင္မီကစားသမားမ်ားအားမည္သို႔ျပဳမူေနထိုင္ရမည္ႏွင့္ပတ္သက္ၿပီးေျပာၾကားထားသလို ေအာင္ျမင္မႈရရွိေရးအတြက္အစြမ္းကုန္ႀကိဳးပမ္းလာမယ္လို႔လည္းဆိုထားပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုက “အႏိုင္ယူဖို႔ေရာက္လာတာပါ။ဒါကိုကြၽန္ေတာ္တို႔မွာရွိတဲ့အသင္းကလည္းလုပ္ႏိုင္တယ္လို႔ယုံၾကည္ပါတယ္။ကမာၻ႔အဆင့္ပါရမီရွင္ေတြပါဝင္တဲ့တကယ့္ထိပ္တန္းအသင္းေတြလည္းရွိေနပါတယ္။ဒီေတာ့ကြၽန္ေတာ္တို႔အေနနဲ႔အာ႐ုံစိုက္ရပါမယ္။ကြၽန္ေတာ္တို႔ဘာလုပ္ႏိုင္တယ္ဆိုတာျပရမယ္။အားလုံး လိုက္လုပ္ၾကရမယ္”လို႔ေျပာၾကားသြားပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေပၚတူဂီအသင္းကိုယူ႐ို၂၀၁၆ႏွင့္ယူအီးအက္ဖ္ေအေနးရွင္းဖလားတို႔ဆြတ္ခူးႏိုင္ေအာင္စြမ္းေဆာင္ေပးထားၿပီးျဖစ္ပါတယ္။
ဒါေပမဲ့သူဟာကမာၻ႔ဖလားဆြတ္ခူးခဲ့ဖူးျခင္းမရွိပါဘူး။သူဟာလာမယ့္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာေျခာက္ႀကိမ္ေျမာက္ကမာၻ႔ဖလားၿပိဳင္ပြဲအျဖစ္ယွဥ္ၿပိဳင္လာမွာလည္းျဖစ္ပါတယ္။