၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် လက်ရွေးစင်ကစားသမားဘဝမှအနားယူနိုင်ကြောင်း နေမာဖွင့်ဟ

ဘရာဇီးတိုက်စစ်မှူးနေမာကလက်ရွေးစင်အသင်းအတွက်ကစားရမှုဖိအားကိုကိုင်တွယ်နိုင်ရန်ရုန်းကန်ရမှုနဲ့အတူ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဘရာဇီးလက်ရွေးစင်ကစားသမားဘဝမှအနားယူနိုင်ကြောင်းဖွင့်ဟလာပါတယ်။

ဘရာဇီးတိုက်စစ်မှူးဟာလာမယ့်၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲပြီးချိန်တွင်အသက်၃၀နှစ်မျှသာရှိနေသေးရာလက်ရွေးစင်အသင်းတွင်ပုံမှန်ပွဲထွက်ခွင့်ရနေသူတစ်ဦးအတွက်အနားယူရန်စောနေသေးတဲ့အသက်အရွယ်လည်းဖြစ်ပါတယ်။

နေမာဟာ၂၀၁၀ခုနှစ်တွင်ဘရာဇီးအတွက်စတင်ကစားခွင့်ရရှိခဲ့သူဖြစ်ပြီး၁၁၃ပွဲကစားကာ၆၉ဂိုးသွင်းယူထားသူလည်းဖြစ်ပါတယ်။

ဒါပေမယ့်ပီအက်စ်ဂျီတိုက်စစ်မှူးက၂၀၂၂ကမ္ဘာ့ဖလားအပြီးတွင်ဘရာဇီးအတွက်ဆက်ကစားရန်မသေချာတော့ကြောင်းဖွင့်ဟလာပါတယ်။

၎င်းက “ဒါကကျွန်တော့်အတွက်နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လာမယ်လို့ထင်ပါတယ်။ဘောလုံးကပေးတဲ့ဖိအားကိုခံနိုင်မယ့်စိတ်ဓာတ်အင်အားမရှိတော့လို့ကိုယ့်အတွက်နောက်ဆုံးကမ္ဘာ့ဖလားလို့ပဲမြင်နေပါတယ်။ကိုယ့်နိုင်ငံအတွက်အောင်မြင်မှုအားလုံးရအောင်အစွမ်းကုန်ကြိုးပမ်းပေးသွားပါမယ်။ဒါကလည်းကျွန်တော်ငယ်ငယ်ကတည်းကမက်လာတဲ့အိပ်မက်ပါ။လုပ်ဆောင်နိုင်ဖို့မျှော်လင့်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္ လက္ေ႐ြးစင္ကစားသမားဘဝမွအနားယူႏိုင္ေၾကာင္း ေနမာဖြင့္ဟ

ဘရာဇီးတိုက္စစ္မႉးေနမာကလက္ေ႐ြးစင္အသင္းအတြက္ကစားရမႈဖိအားကိုကိုင္တြယ္ႏိုင္ရန္႐ုန္းကန္ရမႈနဲ႔အတူ၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္ ဘရာဇီးလက္ေ႐ြးစင္ကစားသမားဘဝမွအနားယူႏိုင္ေၾကာင္းဖြင့္ဟလာပါတယ္။

ဘရာဇီးတိုက္စစ္မႉးဟာလာမယ့္၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲၿပီးခ်ိန္တြင္အသက္၃၀ႏွစ္မွ်သာရွိေနေသးရာလက္ေ႐ြးစင္အသင္းတြင္ပုံမွန္ပြဲထြက္ခြင့္ရေနသူတစ္ဦးအတြက္အနားယူရန္ေစာေနေသးတဲ့အသက္အ႐ြယ္လည္းျဖစ္ပါတယ္။

ေနမာဟာ၂၀၁၀ခုႏွစ္တြင္ဘရာဇီးအတြက္စတင္ကစားခြင့္ရရွိခဲ့သူျဖစ္ၿပီး၁၁၃ပြဲကစားကာ၆၉ဂိုးသြင္းယူထားသူလည္းျဖစ္ပါတယ္။

ဒါေပမယ့္ပီအက္စ္ဂ်ီတိုက္စစ္မႉးက၂၀၂၂ကမာၻ႔ဖလားအၿပီးတြင္ဘရာဇီးအတြက္ဆက္ကစားရန္မေသခ်ာေတာ့ေၾကာင္းဖြင့္ဟလာပါတယ္။

၎က “ဒါကကြၽန္ေတာ့္အတြက္ေနာက္ဆုံးကမာၻ႔ဖလားျဖစ္လာမယ္လို႔ထင္ပါတယ္။ေဘာလုံးကေပးတဲ့ဖိအားကိုခံႏိုင္မယ့္စိတ္ဓာတ္အင္အားမရွိေတာ့လို႔ကိုယ့္အတြက္ေနာက္ဆုံးကမာၻ႔ဖလားလို႔ပဲျမင္ေနပါတယ္။ကိုယ့္ႏိုင္ငံအတြက္ေအာင္ျမင္မႈအားလုံးရေအာင္အစြမ္းကုန္ႀကိဳးပမ္းေပးသြားပါမယ္။ဒါကလည္းကြၽန္ေတာ္ငယ္ငယ္ကတည္းကမက္လာတဲ့အိပ္မက္ပါ။လုပ္ေဆာင္ႏိုင္ဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။