၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရိုဘော့စည်းကြပ်ဒိုင် အသုံးပြုသွားမည်

၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ရိုဘော့စည်းကြပ်ဒိုင်အသုံးပြုရန်အတွက်ခြေလှမ်းတစ်လှမ်းနီးစပ်လာပြီဖြစ်ပါတယ်။ဘောလုံးစည်းမျဉ်းဖန်တီးသူများကရိုဘော့စည်းမျဉ်းအသုံးပြုရန်ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ပါတယ်။

ဖီဖာဟာလာမယ့်၂၀၂၂ခုနှစ်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီမီးအော်တိုမစ်တစ်လူကျွံဘောဖမ်းရန်အတွက် စက်ရုပ်များကိုအသုံးပြုရန်စိတ်အားထက်သန်နေပါတယ်။

ရိုဘော့စည်းကြပ်ဒိုင်ဟာလူကျွံဘောအတွက်အထူးအလုပ်လုပ်မှာဖြစ်ပြီးယင်းရိုဘော့ကို HawkEye ကဖန်တီးထားတာဖြစ်ပါတယ်။ HawkEye ကဖန်တီးထားတဲ့ရိုဘော့စည်းကြပ်ဒိုင်ဟာကစားသမားရဲ့ခန္ဓာကိုယ်အစိတ်အပိုင်း ၂၉ချက်ကိုဆန်းစစ်မှုပြုလုပ်ပြီးလူကျွံမကျွံစစ်ဆေးမှာဖြစ်ပါတယ်။

ရိုဘော့စည်းကြပ်ဒိုင်ရဲ့စစ်ဆေးမှုက VAR ကင်မရာများရဲ့ဆန်းစစ်မှုထက် ပိုမိုတိကျနေကြောင်းသိရပါတယ်။ရိုဘော့စည်းကြပ်ဒိုင်ဟာကစားသမားတစ်ဦးဦးလူကျွံနေလျှင်စက္ကန့်ပိုင်းအတွင်းတွင်ပင်ဒိုင်လူကြီးများထံသို့သတင်းပို့ပေးမှာဖြစ်ပါမယ်။

ဖီဖာဟာလာမယ့်ဖေဖော်ဝါရီလတွင်ယူအေအီးတွင်ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ရိုဘော့စည်းကြပ်ဒိုင်ကိုစတင်စမ်းသပ်သုံးသွားဖို့ရှိပါတယ်။

ZawGyi

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ႐ိုေဘာ့စည္းၾကပ္ဒိုင္ အသုံးျပဳသြားမည္

၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲတြင္႐ိုေဘာ့စည္းၾကပ္ဒိုင္အသုံးျပဳရန္အတြက္ေျခလွမ္းတစ္လွမ္းနီးစပ္လာၿပီျဖစ္ပါတယ္။ေဘာလုံးစည္းမ်ဥ္းဖန္တီးသူမ်ားက႐ိုေဘာ့စည္းမ်ဥ္းအသုံးျပဳရန္ခြင့္ျပဳခ်က္ေပးလိုက္ၿပီျဖစ္ပါတယ္။

ဖီဖာဟာလာမယ့္၂၀၂၂ခုႏွစ္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ဆီမီးေအာ္တိုမစ္တစ္လူကြၽံေဘာဖမ္းရန္အတြက္ စက္႐ုပ္မ်ားကိုအသုံးျပဳရန္စိတ္အားထက္သန္ေနပါတယ္။

႐ိုေဘာ့စည္းၾကပ္ဒိုင္ဟာလူကြၽံေဘာအတြက္အထူးအလုပ္လုပ္မွာျဖစ္ၿပီးယင္း႐ိုေဘာ့ကို HawkEye ကဖန္တီးထားတာျဖစ္ပါတယ္။ HawkEye ကဖန္တီးထားတဲ့႐ိုေဘာ့စည္းၾကပ္ဒိုင္ဟာကစားသမားရဲ႕ခႏၶာကိုယ္အစိတ္အပိုင္း ၂၉ခ်က္ကိုဆန္းစစ္မႈျပဳလုပ္ၿပီးလူကြၽံမကြၽံစစ္ေဆးမွာျဖစ္ပါတယ္။

႐ိုေဘာ့စည္းၾကပ္ဒိုင္ရဲ႕စစ္ေဆးမႈက VAR ကင္မရာမ်ားရဲ႕ဆန္းစစ္မႈထက္ ပိုမိုတိက်ေနေၾကာင္းသိရပါတယ္။႐ိုေဘာ့စည္းၾကပ္ဒိုင္ဟာကစားသမားတစ္ဦးဦးလူကြၽံေနလွ်င္စကၠန႔္ပိုင္းအတြင္းတြင္ပင္ဒိုင္လူႀကီးမ်ားထံသို႔သတင္းပို႔ေပးမွာျဖစ္ပါမယ္။

ဖီဖာဟာလာမယ့္ေဖေဖာ္ဝါရီလတြင္ယူေအအီးတြင္က်င္းပမယ့္ ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲတြင္႐ိုေဘာ့စည္းၾကပ္ဒိုင္ကိုစတင္စမ္းသပ္သုံးသြားဖို႔ရွိပါတယ္။