၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန် ဘယ်လိုအဆင့်သို့ အထိ ရောက်မယ်ဆိုတာ စူပါကွန်ပျူတာဟောကိန်းထုတ်လာ

စူပါကွန်ပျူတာဟာအင်္ဂလန်အသင်းကိုလာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ယခင်ကမ္ဘာ့ဖလားနေ့ရက်ဟောင်းများပြန်လည်ပိုင်ဆိုင်လာမယ်လို့ကြိုတင်ဟောကိန်းထုတ်လာပါတယ်။

ဂါရတ်ဆောက်ဂိတ်မကိုင်တွယ်မီအင်္ဂလန်အသင်းဟာ၁၉၆၆ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်းတွင်ဆီမီးဖိုင်နယ်သို့တစ်ကြိမ်တည်းသာတက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲသို့တစ်ကြိမ်မျှတက်ရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။

ဒါပေမဲ့၂၀၁၆ခုနှစ်တွင်ဆောက်ဂိတ်ကိုနည်းပြအဖြစ်ခန့်အပ်လိုက်ပြီးနောက်အင်္ဂလန်ဟာ၂၀၁၈ခုနှစ်ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ဆီမီးဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့သလိုယူရို၂၀၂၀ပြိုင်ပွဲတွင်လည်း၁၉၆၆ကမ္ဘာ့ဖလားနောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်နိုင်ငံတကာပြိုင်ပွဲကြီးဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့အင်္ဂလန်ဟာနေးရှင်းလိဂ်ပြိုင်ပွဲတွင်နိုင်ပွဲတစ်ပွဲမျှရယူနိုင်ခဲ့ခြင်းမရှိဘဲ တန်းဆင်းခဲ့ရပါတယ်။

ယခုအခါလောင်းကစား App တစ်ခုဖြစ်တဲ့ SBK ကဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းဟာလာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကွာတားဖိုင်နယ်အဆင့်သို့သာတက်ရောက်မယ်လို့ဟောကိန်းထုတ်ထားပါတယ်။

ဒါပေမဲ့အSBK ကအင်္ဂလန်ကိုအီရန်၊အမေရိကန်၊ဝေးလ်တို့ပါဝင်အုပ်စုတွင်အုပ်စုဗိုလ်ဖြစ်ပြီးရှုံးထွက်အဆင့်တွင်ဆီနီဂေါကိုလည်းကျော်ဖြတ်နိုင်မယ်လို့ဟောကိန်းထုတ်လာပါတယ်။ဆီနီဂေါဟာနယ်သာလန်၊အီကွေဒေါ၊အိမ်ရှင်ကာတာတို့ပါဝင်တဲ့အုပ်စုတွင်ဒုတိယအဖြစ်ဖြင့်ရှုံးထွက်အဆင့်သို့တက်ရောက်လာပါမယ်။

အင်္ဂလန်ဟာရှုံးထွက်အဆင့်တွင်ဆီနီဂေါကိုကျော်ဖြတ်နိုင်မှာဖြစ်ပေမဲ့ကွာတားဖိုင်နယ်မှာတော့လက်ရှိချန်ပီယံပြင်သစ်ကိုရှုံးနိမ့်ကာပြိုင်ပွဲမှထွက်ခွာရမယ်လို့ဆိုလာပါတယ်။

ဒါ့အပြင်ဝေးလ်မှာလည်းအုပ်စုဒုတိယအဖြစ်အုပ်စုအဆင့်ကိုကျွတ်မှာဖြစ်ပေမဲ့လည်းရှုံးထွက်အဆင့်မှာနယ်သာလန်ကိုရှုံးနိမ့်ပြီးထွက်ခွာရမယ်လို့စူပါကွန်ပျူတာကဟောကိန်းထုတ်သွားပါတယ်။

စူပါကွန်ပျူတာကကိုင်လီယန်ဘက်ပေးနှင့်ဘန်ဇီးမားဦးဆောင်လာမဲ့ပြင်သစ်ကိုဗိုလ်လုပွဲသို့အထိရောက်မယ်လို့ဟောကိန်းထုတ်ထားပေမဲ့လည်း ဗိုလ်လုပွဲတွင်ဘရာဇီးကိုရှုံးနိမ့်မယ်လို့ဆိုထားပါတယ်။

ဒါ့အပြင်စူပါကွန်ပျူတာကလီယွန်နယ်မက်ဆီရဲ့အာဂျင်တီးနားမှာဆီမီးဖိုင်နယ်တွင်ရှုံးနိမ့်မှာဖြစ်ပြီးတတိယနေရာလုပွဲတွင် ဘယ်လ်ဂျီယံကိုအနိုင်ရရှိမယ်လို့ဟောကိန်းထုတ်သွားပါတယ်။

စူပါကွန်ပျူတာရဲ့ဟောကိန်းမှန်/မမှန်စောင့်ကြည့်သွားရပါမယ်။

ZawGyi

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ အဂၤလန္ ဘယ္လိုအဆင့္သို႔ အထိ ေရာက္မယ္ဆိုတာ စူပါကြန္ပ်ဴတာေဟာကိန္းထုတ္လာ

စူပါကြန္ပ်ဴတာဟာအဂၤလန္အသင္းကိုလာမယ့္ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ယခင္ကမာၻ႔ဖလားေန႔ရက္ေဟာင္းမ်ားျပန္လည္ပိုင္ဆိုင္လာမယ္လို႔ႀကိဳတင္ေဟာကိန္းထုတ္လာပါတယ္။

ဂါရတ္ေဆာက္ဂိတ္မကိုင္တြယ္မီအဂၤလန္အသင္းဟာ၁၉၆၆ကမာၻ႔ဖလားၿပိဳင္ပြဲေနာက္ပိုင္းတြင္ဆီမီးဖိုင္နယ္သို႔တစ္ႀကိမ္တည္းသာတက္ေရာက္ႏိုင္ခဲ့ၿပီး ဗိုလ္လုပြဲသို႔တစ္ႀကိမ္မွ်တက္ေရာက္ႏိုင္ခဲ့ျခင္းမရွိပါဘူး။

ဒါေပမဲ့၂၀၁၆ခုႏွစ္တြင္ေဆာက္ဂိတ္ကိုနည္းျပအျဖစ္ခန႔္အပ္လိုက္ၿပီးေနာက္အဂၤလန္ဟာ၂၀၁၈ခုႏွစ္႐ုရွားကမာၻ႔ဖလားၿပိဳင္ပြဲမွာေတာ့ဆီမီးဖိုင္နယ္သို႔တက္ေရာက္ႏိုင္ခဲ့သလိုယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္လည္း၁၉၆၆ကမာၻ႔ဖလားေနာက္ပိုင္းပထမဆုံးအႀကိမ္အျဖစ္ႏိုင္ငံတကာၿပိဳင္ပြဲႀကီးဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့အဂၤလန္ဟာေနးရွင္းလိဂ္ၿပိဳင္ပြဲတြင္ႏိုင္ပြဲတစ္ပြဲမွ်ရယူႏိုင္ခဲ့ျခင္းမရွိဘဲ တန္းဆင္းခဲ့ရပါတယ္။

ယခုအခါေလာင္းကစား App တစ္ခုျဖစ္တဲ့ SBK ကေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းဟာလာမယ့္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ကြာတားဖိုင္နယ္အဆင့္သို႔သာတက္ေရာက္မယ္လို႔ေဟာကိန္းထုတ္ထားပါတယ္။

ဒါေပမဲ့အSBK ကအဂၤလန္ကိုအီရန္၊အေမရိကန္၊ေဝးလ္တို႔ပါဝင္အုပ္စုတြင္အုပ္စုဗိုလ္ျဖစ္ၿပီးရႈံးထြက္အဆင့္တြင္ဆီနီေဂါကိုလည္းေက်ာ္ျဖတ္ႏိုင္မယ္လို႔ေဟာကိန္းထုတ္လာပါတယ္။ဆီနီေဂါဟာနယ္သာလန္၊အီေကြေဒါ၊အိမ္ရွင္ကာတာတို႔ပါဝင္တဲ့အုပ္စုတြင္ဒုတိယအျဖစ္ျဖင့္ရႈံးထြက္အဆင့္သို႔တက္ေရာက္လာပါမယ္။

အဂၤလန္ဟာရႈံးထြက္အဆင့္တြင္ဆီနီေဂါကိုေက်ာ္ျဖတ္ႏိုင္မွာျဖစ္ေပမဲ့ကြာတားဖိုင္နယ္မွာေတာ့လက္ရွိခ်န္ပီယံျပင္သစ္ကိုရႈံးနိမ့္ကာၿပိဳင္ပြဲမွထြက္ခြာရမယ္လို႔ဆိုလာပါတယ္။

ဒါ့အျပင္ေဝးလ္မွာလည္းအုပ္စုဒုတိယအျဖစ္အုပ္စုအဆင့္ကိုကြၽတ္မွာျဖစ္ေပမဲ့လည္းရႈံးထြက္အဆင့္မွာနယ္သာလန္ကိုရႈံးနိမ့္ၿပီးထြက္ခြာရမယ္လို႔စူပါကြန္ပ်ဴတာကေဟာကိန္းထုတ္သြားပါတယ္။

စူပါကြန္ပ်ဴတာကကိုင္လီယန္ဘက္ေပးႏွင့္ဘန္ဇီးမားဦးေဆာင္လာမဲ့ျပင္သစ္ကိုဗိုလ္လုပြဲသို႔အထိေရာက္မယ္လို႔ေဟာကိန္းထုတ္ထားေပမဲ့လည္း ဗိုလ္လုပြဲတြင္ဘရာဇီးကိုရႈံးနိမ့္မယ္လို႔ဆိုထားပါတယ္။

ဒါ့အျပင္စူပါကြန္ပ်ဴတာကလီယြန္နယ္မက္ဆီရဲ႕အာဂ်င္တီးနားမွာဆီမီးဖိုင္နယ္တြင္ရႈံးနိမ့္မွာျဖစ္ၿပီးတတိယေနရာလုပြဲတြင္ ဘယ္လ္ဂ်ီယံကိုအႏိုင္ရရွိမယ္လို႔ေဟာကိန္းထုတ္သြားပါတယ္။

စူပါကြန္ပ်ဴတာရဲ႕ေဟာကိန္းမွန္/မမွန္ေစာင့္ၾကည့္သြားရပါမယ္။