၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကွင်းအားလုံးမှာ အရက်သောက်မှု ပိတ်ပင်လာတဲ့ ကာတာ

ကာတာအာဏာပိုင်များကကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမဲ့ကွင်းအားလုံးတွင်အရက်/ဘီယာရောင်းချမှု၊သောက်သုံးမှုပိတ်ပင်လာကြောင်းသိရပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးကော်မတီဟာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန်ရက်ပိုင်းမျှသာသာလိုတော့တဲ့အချိန်တွင်ကွင်းအတွင်းအရက်/ဘီယာရောင်းချ/သောက်သုံးမှုပိတ်ပင်လာတာလည်းဖြစ်ပါတယ်။

ကာတာဟာအစောပိုင်းတုန်းကဘောလုံးပရိသတ်များအား ပွဲမတိုင်မီ၊ ပွဲပြီးဆုံးချိန်တွင်ဘီယာရောင်းချပေးသွားမည်ဖြစ်ကြောင်းကြေညာထားခဲ့တာလည်းဖြစ်ပါတယ်။

ယခုအခါဘောလုံးကွင်းမှာဘီယာ/အရက်ရောင်းချ/သောက်သုံးမှုပိတ်ပင်လာမှုပြုလုပ်လာပြီဖြစ်ပါတယ်။

ပရိသတ်များအနေဖြင့် ဒိုဟာစီးတီးမြို့လယ်တွင်ပြုလုပ်မယ့် Fan Festival တွင်သာဘီယာဝယ်ယူသောက်သုံးနိုင်တော့မှာဖြစ်ပါတယ်။ယင်းတွင်လည်းပရိသတ်များဟာဘီယာတပိုင့်လျှင်၁၂ပေါင်အထိပေးပြီးသောက်သုံးရမှာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ကမ္ဘာ့ဖလားကျင်းပမဲ့ကွင်းများမှ အထူးပရိသတ်များမှာမူ ယခင်အစီအစဉ်အတိုင်း အထူးတည်ခင်းတဲ့ဘီယာ၊အရက်၊ဝိုင်တို့ကိုသောက်သုံးနိုင်ပါမယ်။ကမ္ဘာ့ဖလားကျင်းပရေးကော်မတီဟာ အထူးBox ကိုပေါင်၂၀၀၀၀ ဖြင့်ရောင်းချထားတာလည်းဖြစ်ပါတယ်။

ဖီဖာဟာကာတာကကမ္ဘာ့ဖလားပြိုင်ပွဲကွင်းများအတွင်း ဘီယာရောင်းချမှုပိတ်ပင်လာမှုနဲ့အတူ ဘီယာစပွန်ဆာ Budweiser ရဲ့မိခင်ကုမ္ပဏီ InBev ကို နစ်နာကြေးများစွာပေးလာရတော့မှာလည်းဖြစ်ပါတယ်။

ZawGyi







