၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲလက်မှတ်အား ပေါင် ၄၂၂၇၀ ဖြင့် ဝယ်ယူနိုင်ပြီ

လာမယ့်နှစ် ဒီဇင်ဘာမှာကျင်းပမယ့်၂၀၂၂ကာတာကမ္ဘာ့ဖလားဗိုလ်လုပွဲလက်မှတ်ကိုဝယ်ယူနိုင်ပါပြီ။ဒါပေမယ့် ပေါင်၄၂၀၀၀ကျော်ပေးရပါမယ်။လက်မှတ်ကလည်းနှစ်စောင်တည်းဘဲရောင်းချမှာဖြစ်ပါတယ်။

လာမယ့်နှစ်နှောင်းပိုင်းမှာအရှေ့အလယ်ပိုင်းဒေသမှာပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကိုကျင်းပသွားမှာဖြစ်ပါတယ်။၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကိုနိုဝင်ဘာလ၂၁ရက်နေ့မှာဒီဇင်ဘာလ၁၈ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲဥရောပဇုန်ကိုယခုလနှောင်းပိုင်းမှာရင်ဆိုင်ကစားရပါမယ်။အင်္ဂလန်ဟာဆန်မာရီနို၊အယ်ဘေးနီးယား၊ပိုလန်တို့နှင့်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒါပေမယ့်ဂရေမီဆောက်ဂိတ်ရဲ့ပရိသတ်များအနေဖြင့်ဗိုလ်လုပွဲအတွက်အစီအစဉ်လုပ်ဆောင်နိုင်ပါပြီ။

ဖီဖာရဲ့တရားဝင် Partner ဖြစ်တဲ့ MATCH Hospitally ဟာဗိုလ်လုပွဲအတွက် အထူး Packages ကို ရောင်းချနေပါပြီ။ Lusail Iconic Stadium မှာကစားမယ့်ဗိုလ်လုပွဲအတွက် လက်မှတ်နှစ်စောင်တည်းသာ ရောင်းချမှာဖြစ်ပြီးလက်မှတ်ဈေးနှုန်းကိုပေါင်၄၂၂၇၀သတ်မှတ်ထားပါတယ်။

ယင်းလက်မှတ်ဝယ်ယူသူများအနေဖြင့်ခြောက်ယောက်စာစားသောက်များအပြင်ဘားမှာစိတ်ကြိုက်သောက်သုံး နိုင်ပါမယ်။ဒါ့အပြင်လက်မှတ်ဝယ်ယူသူဟာအထူးကားပါကင်ရရှိမယ့်အပြင်ကမ္ဘာ့ဖလားအမှတ်တရလက်ဆောင် လည်း ရရှိပါမယ်။

ZawGyi

၂၀၂၂ ကမာၻ႔ဖလားဗိုလ္လုပြဲလက္မွတ္အား ေပါင္ ၄၂၂၇၀ ျဖင့္ ဝယ္ယူႏိုင္ၿပီ

လာမယ့္ႏွစ္ ဒီဇင္ဘာမွာက်င္းပမယ့္၂၀၂၂ကာတာကမာၻ႔ဖလားဗိုလ္လုပြဲလက္မွတ္ကိုဝယ္ယူႏိုင္ပါၿပီ။ဒါေပမယ့္ ေပါင္၄၂၀၀၀ေက်ာ္ေပးရပါမယ္။လက္မွတ္ကလည္းႏွစ္ေစာင္တည္းဘဲေရာင္းခ်မွာျဖစ္ပါတယ္။

လာမယ့္ႏွစ္ေႏွာင္းပိုင္းမွာအေရွ႕အလယ္ပိုင္းေဒသမွာပထမဆုံးကမာၻ႔ဖလားၿပိဳင္ပြဲကိုက်င္းပသြားမွာျဖစ္ပါတယ္။၂၀၂၂ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကိုႏိုဝင္ဘာလ၂၁ရက္ေန႔မွာဒီဇင္ဘာလ၁၈ရက္ေန႔အထိက်င္းပသြားမွာျဖစ္ပါတယ္။

ကမာၻ႔ဖလားေျခစစ္ပြဲဥေရာပဇုန္ကိုယခုလေႏွာင္းပိုင္းမွာရင္ဆိုင္ကစားရပါမယ္။အဂၤလန္ဟာဆန္မာရီႏို၊အယ္ေဘးနီးယား၊ပိုလန္တို႔ႏွင့္ရင္ဆိုင္ရမွာျဖစ္ပါတယ္။ဒါေပမယ့္ဂေရမီေဆာက္ဂိတ္ရဲ႕ပရိသတ္မ်ားအေနျဖင့္ဗိုလ္လုပြဲအတြက္အစီအစဥ္လုပ္ေဆာင္ႏိုင္ပါၿပီ။

ဖီဖာရဲ႕တရားဝင္ Partner ျဖစ္တဲ့ MATCH Hospitally ဟာဗိုလ္လုပြဲအတြက္ အထူး Packages ကို ေရာင္းခ်ေနပါၿပီ။ Lusail Iconic Stadium မွာကစားမယ့္ဗိုလ္လုပြဲအတြက္ လက္မွတ္ႏွစ္ေစာင္တည္းသာ ေရာင္းခ်မွာျဖစ္ၿပီးလက္မွတ္ေဈးႏႈန္းကိုေပါင္၄၂၂၇၀သတ္မွတ္ထားပါတယ္။

ယင္းလက္မွတ္ဝယ္ယူသူမ်ားအေနျဖင့္ေျခာက္ေယာက္စာစားေသာက္မ်ားအျပင္ဘားမွာစိတ္ႀကိဳက္ေသာက္သုံး ႏိုင္ပါမယ္။ဒါ့အျပင္လက္မွတ္ဝယ္ယူသူဟာအထူးကားပါကင္ရရွိမယ့္အျပင္ကမာၻ႔ဖလားအမွတ္တရလက္ေဆာင္ လည္း ရရွိပါမယ္။