၂၀၂၂ ကမ္ဘာ့ဖလားအထိ ပြင်သစ်အသင်းကို ဒီဒီယာဒက်ချမ့်ကိုင်တွယ်သွားမည်

ဒီဒီယာဒက်ချမ့်မှာယူရို၂၀၂၀ပြိုင်ပွဲ၁၆သင်းရှုံးထွက်အဆင့်မှဆွစ်ဇာလန်အသင်းကို ပင်နယ်တီဖြင့်ရှုံးနိမ့်ကာမထင်မှတ်ဘဲထွက်ခဲ့ရသော်လည်းပြင်သစ်နည်းပြရာထူးမှနုတ်ထွက်သွားမှာမဟုတ်ပါဘူး။

ကမ္ဘာ့ဖလားချန်ပီယံဟာဘူခါရက်စ်မှာဆွစ်ဇာလန်နှင့်သုံးဂိုးစီသရေကျပြီးနောက်ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာကိုအမ်ဘက်ပေပင်နယ်တီမဝင်မှုနဲ့အတူယူရို၂၀၂၀ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။

ပြင်သစ်ဘောလုံးသမိုင်းမှာသက်တမ်းအရှည်ဆုံးနည်းပြအဖြစ်ရပ်တည်နေတဲ့ဒီဒီယာဒက်ချမ့်ဟာယူရို၂၀၂၀ပြိုင်ပွဲမှထွက်ခွာခဲ့ရမှုနဲ့အတူဝေဖန်မှုများနှင့်ရင်ဆိုင်နေရပြီးပြင်သစ်နည်းပြရာထူးအတွက်ဇီဒန်းကရေပန်းစားနေပါတယ်။

ဒါပေမယ့်လည်းဒီဒီယာဒက်ချမ့်ဟာစာချုပ်သက်တမ်းကုန်ဆုံးမယ့်၂၀၂၂ခုနှစ်၊ဒီဇင်ဘာလအထိပြင်သစ်ကိုကိုင်တွယ်ကာကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာချန်ပီယံဘွဲ့ကာကွယ်ရေးကြိုးပမ်းသွားပါမယ်။

ဒါ့အပြင်ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌနိုရယ်လီဂရက်ကလည်းဒီဒီယာဒက်ချမ့်အားအပြည့်အဝထောက်ခံမှုပေးနေတုန်းဖြစ်ပါတယ်။

ZawGyi

၂၀၂၂ ကမာၻ႔ဖလားအထိ ျပင္သစ္အသင္းကို ဒီဒီယာဒက္ခ်မ့္ကိုင္တြယ္သြားမည္

ဒီဒီယာဒက္ခ်မ့္မွာယူ႐ို၂၀၂၀ၿပိဳင္ပြဲ၁၆သင္းရႈံးထြက္အဆင့္မွဆြစ္ဇာလန္အသင္းကို ပင္နယ္တီျဖင့္ရႈံးနိမ့္ကာမထင္မွတ္ဘဲထြက္ခဲ့ရေသာ္လည္းျပင္သစ္နည္းျပရာထူးမွႏုတ္ထြက္သြားမွာမဟုတ္ပါဘူး။

ကမာၻ႔ဖလားခ်န္ပီယံဟာဘူခါရက္စ္မွာဆြစ္ဇာလန္ႏွင့္သုံးဂိုးစီသေရက်ၿပီးေနာက္ပင္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရာမွာကိုအမ္ဘက္ေပပင္နယ္တီမဝင္မႈနဲ႔အတူယူ႐ို၂၀၂၀ၿပိဳင္ပြဲမွထြက္ခြာခဲ့ရပါတယ္။

ျပင္သစ္ေဘာလုံးသမိုင္းမွာသက္တမ္းအရွည္ဆုံးနည္းျပအျဖစ္ရပ္တည္ေနတဲ့ဒီဒီယာဒက္ခ်မ့္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွထြက္ခြာခဲ့ရမႈနဲ႔အတူေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ေနရၿပီးျပင္သစ္နည္းျပရာထူးအတြက္ဇီဒန္းကေရပန္းစားေနပါတယ္။

ဒါေပမယ့္လည္းဒီဒီယာဒက္ခ်မ့္ဟာစာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္၂၀၂၂ခုႏွစ္၊ဒီဇင္ဘာလအထိျပင္သစ္ကိုကိုင္တြယ္ကာကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာခ်န္ပီယံဘြဲ႕ကာကြယ္ေရးႀကိဳးပမ္းသြားပါမယ္။

ဒါ့အျပင္ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌႏိုရယ္လီဂရက္ကလည္းဒီဒီယာဒက္ခ်မ့္အားအျပည့္အဝေထာက္ခံမႈေပးေနတုန္းျဖစ္ပါတယ္။