၂၀၂၂ ကာတာကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမဆုံးအောင်မြင်တဲ့ အသင်းဖြစ်လာတဲ့ ဂျာမနီ

ဂျာမနီဟာတနင်္လာနေ့တုန်းကမြောက်မက်စီဒိုးနီးယားအသင်းကိုအဝေးကွင်းမှာ၄-၀ဂိုးဖြင့်အနိုင်ရရှိပြီးနောက်၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့ပထမဆုံးဥရောပအသင်းဖြစ်လာခဲ့ပါတယ်။ဂျာမနီဟာမြောက်မက်စီဒိုးနီးယားနိုင်ပွဲကြောင့်ခြေစစ်ပွဲ၂ပွဲကစားရန်အလိုတွင် အုပ်စု(J)ရဲ့ထိပ်ဆုံးနေရာမှာအမှတ်ဖြတ်ကာရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဂျာမနီဟာဒုတိယပိုင်းမှာတီမိုဝါနာသွင်းယူတဲ့နှစ်ဂိုး၊ကိုင်ဟာဗတ်ဇ်နှင့်ဂျာမယ်မူဆီယာလာသွင်းယူတဲ့ဂိုးတို့နဲ့အတူ မြောက်မက်စီဒိုးနီးယားကို၄-၀ဂိုးဖြင့်အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဂျာမနီဟာနည်းပြသစ်ဟန်စီဖလစ်နေရာမှာငါးပွဲကစားရာမှာငါးပွဲမြောက်နိုင်ပွဲရခဲ့တာဖြစ်ပြီးယခုနိုင်ပွဲကြောင့်ရမှတ်၂၁ရရှိထားကာဒုတိယနေရာမှရိုမေးနီးယား(၁၃မှတ်)ကို ရမှတ်၈မှတ်ဖြတ်ထားနိုင်ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲဥရောပဇုန်မှအုပ်စုပထမတိုင်းဟာကမ္ဘာ့ဖလားခြေစစ်ပွဲတိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ပါတယ်။

ယခုနှစ်အစောပိုင်းတုန်းကဂျိုးအာချင်လောရဲ့နေရာကိုဆက်ခံခဲ့တဲ့ဖလစ်က “ရလဒ်ကတော့ပြီးပြည့်စုံပါတယ်။ကျွန်တော်တို့လိုချင်တဲ့အမြန်ဆုံးခြေစစ်ပွဲအောင်မြင်ရေး ရယူလိုက်နိုင်ပါပြီ။အခုဆိုရင်ကျွန်တော်တို့ငါးပွဲဆက်နိုင်ပွဲရထားပါတယ်”လို့ပြောကြားသွားပါတယ်။

ဂျာမနီဟာ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကပထမအဆင့်မှပင်ထွက်ခွာခဲ့ရပြီးယခုနှစ်ယူရို၂၀၂၀ပြိုင်ပွဲတွင်လည်း၁၆သင်းရှုံးထွက်အဆင့်မှထွက်ခွာထားရပါတယ်။

ZawGyi

၂၀၂၂ ကာတာကမာၻ႔ဖလားေျခစစ္ပြဲ ပထမဆုံးေအာင္ျမင္တဲ့ အသင္းျဖစ္လာတဲ့ ဂ်ာမနီ

ဂ်ာမနီဟာတနလၤာေန႔တုန္းကေျမာက္မက္စီဒိုးနီးယားအသင္းကိုအေဝးကြင္းမွာ၄-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးေနာက္၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္တဲ့ပထမဆုံးဥေရာပအသင္းျဖစ္လာခဲ့ပါတယ္။ဂ်ာမနီဟာေျမာက္မက္စီဒိုးနီးယားႏိုင္ပြဲေၾကာင့္ေျခစစ္ပြဲ၂ပြဲကစားရန္အလိုတြင္ အုပ္စု(J)ရဲ႕ထိပ္ဆုံးေနရာမွာအမွတ္ျဖတ္ကာရပ္တည္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဂ်ာမနီဟာဒုတိယပိုင္းမွာတီမိုဝါနာသြင္းယူတဲ့ႏွစ္ဂိုး၊ကိုင္ဟာဗတ္ဇ္ႏွင့္ဂ်ာမယ္မူဆီယာလာသြင္းယူတဲ့ဂိုးတို႔နဲ႔အတူ ေျမာက္မက္စီဒိုးနီးယားကို၄-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့တာလည္းျဖစ္ပါတယ္။

ဂ်ာမနီဟာနည္းျပသစ္ဟန္စီဖလစ္ေနရာမွာငါးပြဲကစားရာမွာငါးပြဲေျမာက္ႏိုင္ပြဲရခဲ့တာျဖစ္ၿပီးယခုႏိုင္ပြဲေၾကာင့္ရမွတ္၂၁ရရွိထားကာဒုတိယေနရာမွ႐ိုေမးနီးယား(၁၃မွတ္)ကို ရမွတ္၈မွတ္ျဖတ္ထားႏိုင္ပါတယ္။

ကမာၻ႔ဖလားေျခစစ္ပြဲဥေရာပဇုန္မွအုပ္စုပထမတိုင္းဟာကမာၻ႔ဖလားေျခစစ္ပြဲတိုက္႐ိုက္ေျခစစ္ပြဲေအာင္ျမင္ပါတယ္။

ယခုႏွစ္အေစာပိုင္းတုန္းကဂ်ိဳးအာခ်င္ေလာရဲ႕ေနရာကိုဆက္ခံခဲ့တဲ့ဖလစ္က “ရလဒ္ကေတာ့ၿပီးျပည့္စုံပါတယ္။ကြၽန္ေတာ္တို႔လိုခ်င္တဲ့အျမန္ဆုံးေျခစစ္ပြဲေအာင္ျမင္ေရး ရယူလိုက္ႏိုင္ပါၿပီ။အခုဆိုရင္ကြၽန္ေတာ္တို႔ငါးပြဲဆက္ႏိုင္ပြဲရထားပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဂ်ာမနီဟာ၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကပထမအဆင့္မွပင္ထြက္ခြာခဲ့ရၿပီးယခုႏွစ္ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္လည္း၁၆သင္းရႈံးထြက္အဆင့္မွထြက္ခြာထားရပါတယ္။