၂၀၂၂ ကာတာကမ္ဘာ့ဖလားအပြီးတွင် အီတလီနည်းပြရာထူးမှ မန်စီနီ ထွက်ခွာမည်

အီတလီနည်းပြရောဘတ်တိုမန်စီနီက၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်အီတလီလက်ရွေးစင်အသင်းနည်းပြရာထူးမှနုတ်ထွက်သွားမှာဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။ဒါ့အပြင်မန်စီနီဟာသူ့နေရာကိုဆက် ခံနိုင်တဲ့နည်းပြသုံးဦးအမည်ကိုလည်းပြောကြားသွားခဲ့ပါတယ်။

မန်စီနီဟာအီတလီလက်ရွေးစင်အသင်းကိုယူရို၂၀၂၀ခြေစစ်ပွဲအောင်မြင်အောင်အုပ်စုပွဲ၁၀ပွဲတွင်၁၀ပွဲလုံးအနိုင်ရရှိ အောင်စွမ်းဆောင်ကာဦးဆောင်ထားသူဖြစ်ပါတယ်။

သူဟာ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအထိအီတလီအသင်းကိုဦးဆောင်ပြီးလျှင်ကလပ်နည်းပြလောကသို့ပြန်လည်ဝင် ရောက်ရန်ဆန္ဒရှိနေပါတယ်။

မန်စီနီက “၂၀၂၂ကာတာကမ္ဘာ့ဖလားပြီးရင်တော့လက်ရွေးစင်အသင်းနည်းပြအဖြစ်ဆက်ရှိနေတော့မှာမဟုတ်ပါ ဘူး။ကလပ်နည်းပြလောကသို့ပြန်လည်ဝင်ရောက်ပါမယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်မန်စီနီကသူ့နေရာကိုဆက်ခံနိုင်တဲ့သူသုံးဦးမှာမက်ဆီမိုအယ်လ်လီဂရီ၊ကာလိုအန်ဆယ်လော့တီနှင့်ဂက်စ်ပါရီနီတို့ဖြစ်ကြောင်းလည်းပြောကြားသွားခဲ့ပါတယ်။

ZawGyi

၂၀၂၂ ကာတာကမာၻ႔ဖလားအၿပီးတြင္ အီတလီနည္းျပရာထူးမွ မန္စီနီ ထြက္ခြာမည္

အီတလီနည္းျပေရာဘတ္တိုမန္စီနီက၂၀၂၂ကာတာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္အီတလီလက္ေ႐ြးစင္အသင္းနည္းျပရာထူးမွႏုတ္ထြက္သြားမွာျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားလိုက္ပါတယ္။ဒါ့အျပင္မန္စီနီဟာသူ႔ေနရာကိုဆက္ ခံႏိုင္တဲ့နည္းျပသုံးဦးအမည္ကိုလည္းေျပာၾကားသြားခဲ့ပါတယ္။

မန္စီနီဟာအီတလီလက္ေ႐ြးစင္အသင္းကိုယူ႐ို၂၀၂၀ေျခစစ္ပြဲေအာင္ျမင္ေအာင္အုပ္စုပြဲ၁၀ပြဲတြင္၁၀ပြဲလုံးအႏိုင္ရရွိ ေအာင္စြမ္းေဆာင္ကာဦးေဆာင္ထားသူျဖစ္ပါတယ္။

သူဟာ၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲအထိအီတလီအသင္းကိုဦးေဆာင္ၿပီးလွ်င္ကလပ္နည္းျပေလာကသို႔ျပန္လည္ဝင္ ေရာက္ရန္ဆႏၵရွိေနပါတယ္။

မန္စီနီက “၂၀၂၂ကာတာကမာၻ႔ဖလားၿပီးရင္ေတာ့လက္ေ႐ြးစင္အသင္းနည္းျပအျဖစ္ဆက္ရွိေနေတာ့မွာမဟုတ္ပါ ဘူး။ကလပ္နည္းျပေလာကသို႔ျပန္လည္ဝင္ေရာက္ပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္မန္စီနီကသူ႔ေနရာကိုဆက္ခံႏိုင္တဲ့သူသုံးဦးမွာမက္ဆီမိုအယ္လ္လီဂရီ၊ကာလိုအန္ဆယ္ေလာ့တီႏွင့္ဂက္စ္ပါရီနီတို႔ျဖစ္ေၾကာင္းလည္းေျပာၾကားသြားခဲ့ပါတယ္။