၂၀၂၂ ခုနှစ်တုန်းက ခြေကျင်းဝတ်ဒဏ်ရာဟောင်းပြန်ထိပြီး အန်တိုနီ ကာလရှည်နားရမည်ကို ယူနိုက်တက်စိုးရိမ်နေ

မန်ချက်စတာယူနိုက်တက်ဟာ တောင်ပံကစားသမားအန်တိုနီမှာ အေဂျက်စ်တွင် ကစားခဲ့စဉ်တုန်းက နောက်ဆုံး ၂ လလွဲချော်ခဲ့ရတဲ့ ခြေကျင်းဝတ်ဒဏ်ရာဟောင်းပြန်ထိမှာ စိုးရိမ်နေရပါတယ်။

ဘရာဇီးတောင်ပံကစားသမားဟာ ကြာသပတေးနေ့တုန်းက ချဲလ်ဆီးကို ၄-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး လူနာတင်ထမ်းစင်ဖြင့် ထွက်ခဲ့ရပါတယ်။

အသက် ၂၃ နှစ်ရှိ ကစားသမားဟာ ၂၀၂၁-၂၂ ရာသီတုန်းက အေဂျက်စ်တွင် ကစားစဉ် ခြေကျင်းဝတ်ဒဏ်ရာကြောင့် နောက်ဆုံး ၂ လအနားယူခဲ့ရပါတယ်။

သူဟာ စက်တင်ဘာလတွင် ပေါင် ၈၁ သန်းဖြင့် ယူနိုက်တက်သို့ ပြောင်းရွှေ့လာပြီးတဲ့နောက် ၈ ဂိုးသွင်းထားနိုင်ပါတယ်။

အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်ဟာ ချဲလ်ဆီးနိုင်ပွဲကြောင့် လာမယ့် ရာသီချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန် သေချာသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့် ဇွန်လ ၃ ရက်နေ့တွင် မြို့ခံပြိုင်ဘက် မန်စီးတီးနှင့် အက်ဖ်အေဖလားဗိုလ်လုပွဲ ကစားရပါမယ်။

အန်တိုနီဟာ ယူနိုက်တက်ရဲ့ ရာသီလက်ကျန် ၂ ပွဲကို လွဲချော်လာမယ့်အပြင် အမေရိကန်ရာသီကြိုလေ့ကျင့်ရေးခရီးစဉ်ကိုလည်း လွဲချော်လာဖို့ ရှိနေပါတယ်။