၂၀၂၂ ခုနှစ် အစောပိုင်းမှာ ယူအေအီးမှာ ဖီဖာကလပ်ကမ္ဘာ့ဖလားကစားရမယ့် ချဲလ်ဆီး

ချဲလ်ဆီးဟာလာမယ့်၂၀၂၂ခုနှစ်အစောပိုင်းမှာယူအေအီးနိုင်ငံမှာဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ကစားရပါမယ်။

အစောပိုင်းတုန်းကဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုယခုနှစ်ကုန်ပိုင်းမှာဂျပန်တွင်ကျင်းပရန်စီစဉ်ထားပေမယ့်လည်းကိုဗစ်ကြောင့်ဂျပန်ကနောက်ဆုတ်သွားခဲ့ပါတယ်။

ယခုအခါဖီဖာကဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုပုံမှန်အတိုင်း ဒီဇင်ဘာလမှာကျင်းပမှာမဟုတ်ဘဲ နှစ်သစ်ကူးကာလမှာယူအေအီးနိုင်ငံမှာကျင်းပမယ်လို့ကြေညာလာပါတယ်။

ပြီးခဲ့တဲ့မေလတုန်းကပေါ်တိုတွင်မန်စီးတီးကိုအနိုင်ရရှိကာချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ချဲလ်ဆီးဟာဥရောပကိုယ်စားပြုအဖြစ်ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီးအီဂျစ်ထိပ်သီးအယ်လ်အလီက အာဖရိကချန်ပီယံအဖြစ်လည်းကောင်း၊နယူးဇီလန်ကလပ်အောက်ကလန်စီးတီးကလည်း သမုဒ္ဒရာပိုင်းဇုန်ကိုယ်စားပြုအဖြစ်လည်းကောင်းယှဉ်ပြိုင်ပါမယ်။

တောင်အမေရိကကိုယ်စားပြုအဖြစ်ဖလာမင်ဂိုနှင့်ပါးမီးရပ်စ်တို့ရဲ့နိုဝင်ဘာလ၂၇ရက်နေ့ကိုပါလီဘာတာဒို့စ်ဗိုလ်လုပွဲမှအနိုင်ရတဲ့အသင်းကယှဉ်ပြိုင်ခွင့်ရရှိပါမယ်။ဒါ့အပြင်အောက်တိုဘာလ၂၈ရက်နေ့ ကွန်ကာကပ်ဖ်ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်မယ့်ကလပ်အမေရိကနှင့်မွန်တာရေးတို့ပွဲစဉ်မှအနိုင်ရတဲ့အသင်းကကွန်ကာကပ်ဖ်ကိုယ်စားပြုယှဉ်ပြိုင်ပါမယ်။

ချဲလ်ဆီးအသင်းဟာဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုနှစ်သစ်တွင်ကစားရမှာဖြစ်လို့များပြားလှတဲ့ပွဲကြပ်ကာလများနှင့်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ဒါ့အပြင်ဆီနီဂေါဂိုးသမားမင်ဒီမှာအာဖရိကဖလားပြိုင်ပွဲယှဉ်ပြိုင်ရမှာဖြစ်လို့ ချဲလ်ဆီးနှင့်အတူပါဝင်ယှဉ်ပြိုင်နိုင်မှာမဟုတ်ပါဘူး။ဆီနီဂေါဟာဇန်နဝါရီလ၁၀ရက်နေ့မှာဇမ်ဘာဘွေနှင့်အာဖရိကဖလားအုပ်စုအဖွင့်ပွဲကစားရပါမယ်။

ZawGyi

၂၀၂၂ ခုႏွစ္ အေစာပိုင္းမွာ ယူေအအီးမွာ ဖီဖာကလပ္ကမာၻ႔ဖလားကစားရမယ့္ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးဟာလာမယ့္၂၀၂၂ခုႏွစ္အေစာပိုင္းမွာယူေအအီးႏိုင္ငံမွာဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲယွဥ္ၿပိဳင္ကစားရပါမယ္။

အေစာပိုင္းတုန္းကဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲကိုယခုႏွစ္ကုန္ပိုင္းမွာဂ်ပန္တြင္က်င္းပရန္စီစဥ္ထားေပမယ့္လည္းကိုဗစ္ေၾကာင့္ဂ်ပန္ကေနာက္ဆုတ္သြားခဲ့ပါတယ္။

ယခုအခါဖီဖာကဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲကိုပုံမွန္အတိုင္း ဒီဇင္ဘာလမွာက်င္းပမွာမဟုတ္ဘဲ ႏွစ္သစ္ကူးကာလမွာယူေအအီးႏိုင္ငံမွာက်င္းပမယ္လို႔ေၾကညာလာပါတယ္။

ၿပီးခဲ့တဲ့ေမလတုန္းကေပၚတိုတြင္မန္စီးတီးကိုအႏိုင္ရရွိကာခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ခ်ဲလ္ဆီးဟာဥေရာပကိုယ္စားျပဳအျဖစ္ဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲမွာဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ၿပီးအီဂ်စ္ထိပ္သီးအယ္လ္အလီက အာဖရိကခ်န္ပီယံအျဖစ္လည္းေကာင္း၊နယူးဇီလန္ကလပ္ေအာက္ကလန္စီးတီးကလည္း သမုဒၵရာပိုင္းဇုန္ကိုယ္စားျပဳအျဖစ္လည္းေကာင္းယွဥ္ၿပိဳင္ပါမယ္။

ေတာင္အေမရိကကိုယ္စားျပဳအျဖစ္ဖလာမင္ဂိုႏွင့္ပါးမီးရပ္စ္တို႔ရဲ႕ႏိုဝင္ဘာလ၂၇ရက္ေန႔ကိုပါလီဘာတာဒို႔စ္ဗိုလ္လုပြဲမွအႏိုင္ရတဲ့အသင္းကယွဥ္ၿပိဳင္ခြင့္ရရွိပါမယ္။ဒါ့အျပင္ေအာက္တိုဘာလ၂၈ရက္ေန႔ ကြန္ကာကပ္ဖ္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျဖစ္ယွဥ္ၿပိဳင္မယ့္ကလပ္အေမရိကႏွင့္မြန္တာေရးတို႔ပြဲစဥ္မွအႏိုင္ရတဲ့အသင္းကကြန္ကာကပ္ဖ္ကိုယ္စားျပဳယွဥ္ၿပိဳင္ပါမယ္။

ခ်ဲလ္ဆီးအသင္းဟာဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲကိုႏွစ္သစ္တြင္ကစားရမွာျဖစ္လို႔မ်ားျပားလွတဲ့ပြဲၾကပ္ကာလမ်ားႏွင့္ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။ဒါ့အျပင္ဆီနီေဂါဂိုးသမားမင္ဒီမွာအာဖရိကဖလားၿပိဳင္ပြဲယွဥ္ၿပိဳင္ရမွာျဖစ္လို႔ ခ်ဲလ္ဆီးႏွင့္အတူပါဝင္ယွဥ္ၿပိဳင္ႏိုင္မွာမဟုတ္ပါဘူး။ဆီနီေဂါဟာဇန္နဝါရီလ၁၀ရက္ေန႔မွာဇမ္ဘာေဘြႏွင့္အာဖရိကဖလားအုပ္စုအဖြင့္ပြဲကစားရပါမယ္။