၂၀၂၂ မေဂျာလိဂ်ရာသီအကုန်တွင် ကစားသမားဘဝမှအနားယူမယ့် ဟီဂူယင်

အာဂျင်တီးနားတိုက်စစ်မှူးဂွန်ဇာလိုဟီဂူယင်ဟာအင်တာမီယာမီရဲ့၂၀၂၂မေဂျာလိဂ်ရာသီအကုန်တွင်ကစားသမားဘဝမှအနားယူလာတော့မှာဖြစ်ပါတယ်။

အသက်၃၄နှစ်ရှိဟီဂူယင်ဟာ၂၀၂၀ခုနှစ်တွင်အင်တာမီယာမီသို့ပြောင်းခဲ့တာဖြစ်ပြီးသူ့ရဲ့နောက်ဆုံးရာသီတွင်မေဂျာလိဂ်ပလေးအော့ဖ်အဆင့်သို့ပို့ပေးနိုင်ရန်မျှော်လင့်နေပါတယ်။

ဟီဂူယင်ဟာရီးရဲလ်မက်ဒရစ်၊နာပိုလီ၊ဂျူဗင်တပ်တို့တွင်ကစားခဲ့ဖူးသူဖြစ်ပြီးအေစီမီလန်၊ချဲလ်ဆီးသို့လည်းအငှားဖြင့်သွားကစားနေသူဖြစ်ပါတယ်။

ဟီဂူယင်က “ဘောလုံးလောကကိုနှုတ်ဆက်ဖို့အချိန်ရောက်လာပါပြီ။ဒီပရော်ဖက်ရှင်နယ်ဘဝကကျွန်တော့်အများကြီးပေးခဲ့ပါတယ်။ပြီးတော့အဆိုးတွေ၊အကောင်းတွေနဲ့လည်းရှင်သန်နေခဲ့ရပါတယ်။ကလပ်ပါလာမို၊ရေးဗားပလိတ်၊ရီးရဲလ်မက်ဒရစ်၊အာဂျင်တီးနား၊နာပိုလီ၊မီလန်၊ချဲလ်ဆီး၊နောက်ဆုံးအင်တာမီယာမီတို့မှာကျွန်တော့်ကိုနည်းပြခဲ့တဲ့နည်းစနစ်ပိုင်းဝန်ထမ်းတစ်ားချင်းစီကိုကျေးဇူးတင်ပါတယ်။လှပတဲ့အခိုက်အတန့်တွေကိုကျွန်တော့်ဦးခေါင်းနဲ့နှလုံးသားထဲမှာသိမ်းဆည်းထားပါမယ်”လို့ပြောကြားသွားပါတယ်။

ဟီဂူယင်ဟာအာဂျင်တီးနားအတွက်၇၅ပွဲကစားကာ၃၁ဂိုးသွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး၂၀၁၄ကမ္ဘာ့ဖလားဗိုလ်လုပွဲနှင့်၂၀၁၅ကိုပါအမေရိကဗိုလ်လုပွဲများသို့ပို့ဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။

ကလပ်ပိုင်းတွင်သူဟာကလပ်ပွဲပေါင်း၇၀၇ပွဲကစားခဲ့ရာမှာ၃၃၃ဂိုးသွင်းယူပြီး၁၁၃ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။သူဟာရီးရဲလ်မက်ဒရစ်နှင့်အတူလာလီဂါဖလား၃ကြိမ်ဆွတ်ခူးနိုင်ခဲ့သလိုဂျူဗင်တပ်နှင့်အတူစီးရီးအေဖလား၃ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi

၂၀၂၂ ေမဂ်ာလိဂ္ရာသီအကုန္တြင္ ကစားသမားဘဝမွအနားယူမယ့္ ဟီဂူယင္

အာဂ်င္တီးနားတိုက္စစ္မႉးဂြန္ဇာလိုဟီဂူယင္ဟာအင္တာမီယာမီရဲ႕၂၀၂၂ေမဂ်ာလိဂ္ရာသီအကုန္တြင္ကစားသမားဘဝမွအနားယူလာေတာ့မွာျဖစ္ပါတယ္။

အသက္၃၄ႏွစ္ရွိဟီဂူယင္ဟာ၂၀၂၀ခုႏွစ္တြင္အင္တာမီယာမီသို႔ေျပာင္းခဲ့တာျဖစ္ၿပီးသူ႔ရဲ႕ေနာက္ဆုံးရာသီတြင္ေမဂ်ာလိဂ္ပေလးေအာ့ဖ္အဆင့္သို႔ပို႔ေပးႏိုင္ရန္ေမွ်ာ္လင့္ေနပါတယ္။

ဟီဂူယင္ဟာရီးရဲလ္မက္ဒရစ္၊နာပိုလီ၊ဂ်ဴဗင္တပ္တို႔တြင္ကစားခဲ့ဖူးသူျဖစ္ၿပီးေအစီမီလန္၊ခ်ဲလ္ဆီးသို႔လည္းအငွားျဖင့္သြားကစားေနသူျဖစ္ပါတယ္။

ဟီဂူယင္က “ေဘာလုံးေလာကကိုႏႈတ္ဆက္ဖို႔အခ်ိန္ေရာက္လာပါၿပီ။ဒီပေရာ္ဖက္ရွင္နယ္ဘဝကကြၽန္ေတာ့္အမ်ားႀကီးေပးခဲ့ပါတယ္။ၿပီးေတာ့အဆိုးေတြ၊အေကာင္းေတြနဲ႔လည္းရွင္သန္ေနခဲ့ရပါတယ္။ကလပ္ပါလာမို၊ေရးဗားပလိတ္၊ရီးရဲလ္မက္ဒရစ္၊အာဂ်င္တီးနား၊နာပိုလီ၊မီလန္၊ခ်ဲလ္ဆီး၊ေနာက္ဆုံးအင္တာမီယာမီတို႔မွာကြၽန္ေတာ့္ကိုနည္းျပခဲ့တဲ့နည္းစနစ္ပိုင္းဝန္ထမ္းတစ္ားခ်င္းစီကိုေက်းဇူးတင္ပါတယ္။လွပတဲ့အခိုက္အတန႔္ေတြကိုကြၽန္ေတာ့္ဦးေခါင္းနဲ႔ႏွလုံးသားထဲမွာသိမ္းဆည္းထားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဟီဂူယင္ဟာအာဂ်င္တီးနားအတြက္၇၅ပြဲကစားကာ၃၁ဂိုးသြင္းယူေပးႏိုင္ခဲ့သူျဖစ္ၿပီး၂၀၁၄ကမာၻ႔ဖလားဗိုလ္လုပြဲႏွင့္၂၀၁၅ကိုပါအေမရိကဗိုလ္လုပြဲမ်ားသို႔ပို႔ေဆာင္ေပးခဲ့သူလည္းျဖစ္ပါတယ္။

ကလပ္ပိုင္းတြင္သူဟာကလပ္ပြဲေပါင္း၇၀၇ပြဲကစားခဲ့ရာမွာ၃၃၃ဂိုးသြင္းယူၿပီး၁၁၃ႀကိမ္ဖန္တီးႏိုင္ခဲ့ပါတယ္။သူဟာရီးရဲလ္မက္ဒရစ္ႏွင့္အတူလာလီဂါဖလား၃ႀကိမ္ဆြတ္ခူးႏိုင္ခဲ့သလိုဂ်ဴဗင္တပ္ႏွင့္အတူစီးရီးေအဖလား၃ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။