၂၀၂၂-၂၃ ရာသီ နယူးကာဆယ်ရဲ့ဆော်ဒီဝတ်စုံနှင့်ပတ်သက်ပြီး ပရိသတ်များ နှစ်ခြမ်းကွဲ

ဘောလုံးပရိသတ်များဟာနယူးကာဆယ်ရဲ့လာမယ့်ဘောလုံးရာသီတတိယဝတ်စုံနှင့်ပတ်သက်ပြီးနှစ်ခြမ်းကွဲလျက်ရှိပါတယ်။

နယူးကာဆယ်ရဲ့တတိယဝတ်စုံဟာယခုနှစ်စောပိုင်းတုန်းကအွန်လိုင်းတွင်ပေါက်ကြားစဉ်ကတည်းက ကလပ်ရဲ့ရှယ်ယာ ၈၀ရာခိုင်နှုန်းအထိပိုင်ဆိုင်တဲ့ Public Investment Fund ရဲ့ဆော်ဒီအရောင်ကိုအသုံးပြုထားကတည်းက ပရိသတ်များအကြားအငြင်းပွားခဲ့တာပါ။

ယခုအခါနယူးကာဆယ်ကအဖြူရောင်နှင့်အစိမ်းရောင်ပါဝတ်စုံကိုလာမယ့်ဘောလုံးရာသီတွင်တတိယဝတ်စုံအဖြစ်အသုံးပြုသွားမည်ဖြစ်ကြောင်းတရားဝင်ကြေညာလာမှုနဲ့အတူ ပရိသတ်များအကြားထပ်မံနှစ်ခြမ်းကွဲကာငြင်းဆိုလာကြပါတယ်။

မေလတုန်းကအထက်ပါဝတ်စုံပေါက်ကြားလာတုန်းကနယူးကာဆယ်ပရိသတ်များကဝတ်စုံကိုပြန်လည်စဉ်းစားပေးကြရန်တောင်းဆိုခဲ့ပေမဲ့နယူးကာဆယ်ဥက္ကဌယာဆာအယ်ရူမေယန်ကငြင်းဆိုခဲ့ပါတယ်။ယာဆာရူမာယန်ဟာ Public Investment Fundရဲ့အကြီးအကဲတစ်ဦးလည်းဖြစ်ပါတယ်။

ယင်းသို့အသုံးပြုလာမှုနဲ့အတူနယူးကာဆယ်ပရိသတ်များက ဆော်ဒီဟာနယူးကာဆယ်ကိုအသုံးချကာ၎င်းတို့ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုန်းကွယ်ရန်ကြိုးပမ်းခြင်း၊နယူးကာဆယ်အမှတ်တံဆိပ်ကိုအသုံးချတယ်လို့စွပ်စွဲလာကြပါတယ်။

ဒါပေမဲ့အချို့ပရိသတ်များကလည်းနယူးကာဆယ်ရဲ့တတိယဝတ်စုံကိုနှစ်သက်ကာထောက်ခံမှုများပြလုပ်နေကြပါတယ်။

Zawgyi

၂၀၂၂-၂၃ ရာသီ နယူးကာဆယ္ရဲ႕ေဆာ္ဒီဝတ္စုံႏွင့္ပတ္သက္ၿပီး ပရိသတ္မ်ား ႏွစ္ျခမ္းကြဲ

ေဘာလုံးပရိသတ္မ်ားဟာနယူးကာဆယ္ရဲ႕လာမယ့္ေဘာလုံးရာသီတတိယဝတ္စုံႏွင့္ပတ္သက္ၿပီးႏွစ္ျခမ္းကြဲလ်က္ရွိပါတယ္။

နယူးကာဆယ္ရဲ႕တတိယဝတ္စုံဟာယခုႏွစ္ေစာပိုင္းတုန္းကအြန္လိုင္းတြင္ေပါက္ၾကားစဥ္ကတည္းက ကလပ္ရဲ႕ရွယ္ယာ ၈၀ရာခိုင္ႏႈန္းအထိပိုင္ဆိုင္တဲ့ Public Investment Fund ရဲ႕ေဆာ္ဒီအေရာင္ကိုအသုံးျပဳထားကတည္းက ပရိသတ္မ်ားအၾကားအျငင္းပြားခဲ့တာပါ။

ယခုအခါနယူးကာဆယ္ကအျဖဴေရာင္ႏွင့္အစိမ္းေရာင္ပါဝတ္စုံကိုလာမယ့္ေဘာလုံးရာသီတြင္တတိယဝတ္စုံအျဖစ္အသုံးျပဳသြားမည္ျဖစ္ေၾကာင္းတရားဝင္ေၾကညာလာမႈနဲ႔အတူ ပရိသတ္မ်ားအၾကားထပ္မံႏွစ္ျခမ္းကြဲကာျငင္းဆိုလာၾကပါတယ္။

ေမလတုန္းကအထက္ပါဝတ္စုံေပါက္ၾကားလာတုန္းကနယူးကာဆယ္ပရိသတ္မ်ားကဝတ္စုံကိုျပန္လည္စဥ္းစားေပးၾကရန္ေတာင္းဆိုခဲ့ေပမဲ့နယူးကာဆယ္ဥကၠဌယာဆာအယ္႐ူေမယန္ကျငင္းဆိုခဲ့ပါတယ္။ယာဆာ႐ူမာယန္ဟာ Public Investment Fundရဲ႕အႀကီးအကဲတစ္ဦးလည္းျဖစ္ပါတယ္။

ယင္းသို႔အသုံးျပဳလာမႈနဲ႔အတူနယူးကာဆယ္ပရိသတ္မ်ားက ေဆာ္ဒီဟာနယူးကာဆယ္ကိုအသုံးခ်ကာ၎တို႔ရဲ႕လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို ဖုန္းကြယ္ရန္ႀကိဳးပမ္းျခင္း၊နယူးကာဆယ္အမွတ္တံဆိပ္ကိုအသုံးခ်တယ္လို႔စြပ္စြဲလာၾကပါတယ္။

ဒါေပမဲ့အခ်ိဳ႕ပရိသတ္မ်ားကလည္းနယူးကာဆယ္ရဲ႕တတိယဝတ္စုံကိုႏွစ္သက္ကာေထာက္ခံမႈမ်ားျပလုပ္ေနၾကပါတယ္။