၂၀၂၃ ခုနှစ်အထိ ဝုဗ်ကို ယာယီနည်းပြအဖြစ် စတိဗ်ဒါးဗီးစ်ကိုင်တွယ်သွားမည်

ဝုဗ်ယာယီနည်းပြစတိဗ်ဒါဗီးစ်ဟာဝုဗ်ကို၂၀၂၃ခုနှစ်အထိကိုင်တွယ်သွားမှာဖြစ်ကြောင်းသိရပါတယ်။ဝုဗ်ဟာလစ်လပ်နေတဲ့နည်းပြရာအထူးတွက် မိုက်ကယ်ဘီယာလီကိုကမ်းလှမ်းခဲ့ပေမဲ့ပယ်ချခြင်းခံခဲ့ရပြီးနောက် ဒါဗီးစ်ကိုနှစ်ကူးကာလအထိကိုင်တွယ်ရန်ဆုံးဖြတ်လာတာလည်းဖြစ်ပါတယ်။

စတိဗ်ဒါးဗီးစ်ဟာအောက်တိုဘာလ၂ရက်နေ့တုန်းကဘရူနိုလာ့ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် ဝုဗ်အသင်းရဲ့ပွဲသုံးပွဲကိုကိုင်တွယ်လာခဲ့သူဖြစ်ပါတယ်။

ကျူပီအာနည်းပြဘီယာလီဟာလာ့နေရာတွင်အစားထိုးခန့်အပ်ရန်ကမ်းလှမ်းခြင်းခံခဲ့ရပေမဲ့ငြင်းဆိုခဲ့ပါတယ်။ဝုဗ်ဟာဘီဘာလီမတိုင်မီ ဆီဗီလာနည်းပြဟောင်းလိုပီတီဂူကိုကမ်းလှမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။

ဝုဗ်ဟာ နည်းပြသစ်ခန့်အပ်ရေးရှာဖွေမှုကို ၂၀၂၃ခုနှစ်အထိလုပ်ဆောင်သွားမှာဖြစ်ပြီး ယင်းကာလအတွင်းတွင်ယာယီနည်းပြစတိဗ်ဒါးဗီးစ်ကို ဆက်လက်ကိုင်တွယ်စေလာပါတယ်။စတိဗ်ဒါးဗီးစ်ကိုဂျိမ်းစ်ကောလင်းနဲ့တိုနီရောဘတ်တို့ကထောက်ပံ့ကူညီသွားပါမယ်။

ဒါကြောင့်လည်းဒါးဗီးစ်ဟာဆောင်းရာသီကာတာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ဝုဗ်ရဲ့ပွဲ၅ပွဲနှင့် ကမ္ဘာ့ဖလားအပြီး ဘောက်ဆင်ဒေးပွဲစဉ်မျာကိုလည်းကိုင်တွယ်လာပါဦးမယ်။

ဝုဗ်ဟာတနင်္ဂနွေနေ့တွင် လက်စတာကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ကစားရပါမယ်။

ZawGyi






