
၂၀၂၃ခုနှစ်ပရီးမီးယားလိဂ်ပွဲရလဒ်တစ်ခုတည်းကိုသာကြည့်မည်ဆိုပါကလီဗာပူးအသင်းမှာပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ဆုံးတွင်ရပ်တည်နေရမည်ဖြစ်ကြောင်းတွေ့ရပါတယ်။
အံ့ဩသင့်စရာကောင်းတာကတော့ယခင်တုန်းကတန်းဆင်းဇုန်တွင်ရုန်းကန်နေခဲ့ရတဲ့နော်တင်ဟမ်ဖောရက်စ်ကတော့နည်းပြစတိဗ်ကိုးပါးရဲ့ဦးဆောင်မှုနဲ့အတူ၂၀၂၃ခုနှစ်တွင်ရလဒ်ကောင်းများရယူကာ၂၀၂၃ခုနှစ်တွင်ပရီးမီးယားလိဂ်တွင်ရမှတ်အများဆုံးရယူထားနိုင်တဲ့အသင်းအဖြစ်အံ့ဩသင့်ဖွယ်ရပ်တည်နေပါတယ်။
လီဗာပူးဟာယခုနှစ်တွင်ပရီးမီးယားလိဂ်ပွဲ၄ပွဲကစားခဲ့ရာမှာရမှတ်တစ်မှတ်တည်းသာရယူထားနိုင်ပါတယ်။
လီဗာပူးဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်တိုက်စစ်အတွက်နယ်သာလန်စတားကိုဒီဂတ်ပိုအားခေါ်ယူထားပေမဲ့၂၀၂၃ခုနှစ်တွင်ဂိုးကွာခြားချက်၈ဂိုးအထိရှိနေပါတယ်။
ဇန်နဝါရီလအတွင်းတွင်ရလဒ်ကောင်းများရယူနိုင်တဲ့နော်တင်ဟမ်ဖောရက်စ်က၁၁မှတ်ဖြင့်ထိပ်ဆုံးမှာရပ်တည်နေပါတယ်။
ပရီးမီးယားလိဂ်တန်းတက်နော်တင်ဟမ်ဖောရက်စ်ဟာယမန်နှစ်ကတော့ရလဒ်ဆိုးရွားမှုနဲ့အတူအမှတ်ပေးဇယားကြမ်းခင်းတွင်ရပ်တည်ကာတန်းမဆင်းရရေးတိုက်ပွဲဝင်နေခဲ့ရပါတယ်။
ဒါပေမဲ့နော်တင်ဟမ်ဖောရက်စ်ဟာ၂၀၂၃ခုနှစ်တွင်ရလဒ်ကောင်းများရယူနိုင်မှုနဲ့အတူတန်းဆင်းဇုန်မှရုန်းထွက်ကာအမှတ်ပေးဇယားအဆင့်၁၃နေရာသို့အထိတက်လှမ်းလာနိုင်ခဲ့ပါတယ်။
သူ့အောက်တွင်ဘရိုက်တန်နှင့်ဘရန့်ဖို့ဒ်တို့ရပ်တည်နေပြီးအဲရစ်တန်ဟက်ရဲ့ယူနိုက်တက်ကတတိယနေရာမှာရ့်တည်နေပါတယ်။ထိပ်ဆုံး၇သင်းတွင်အက်စတွန်ဗီလာ၊မန်စီးတီး၊စပါးစ်တို့ပါဝင်ပြီးလက်ရှိအမှတ်ပေးဇယားကိုဦးဆောင်နေတဲ့အာဆင်နယ်ကတော့အဆင့်၈နေရာမှာပဲရပ်တည်နေပါတယ်။
ZawGyi
၂၀၂၃ ခုႏွစ္ ရလဒ္သာ ၾကည့္ပါက အမွတ္ေပးဇယားၾကမ္းခင္းတြင္ ရပ္တည္ရမဲ့ လီဗာပူး။ ထိပ္ဆုံးတြင္ အံ့ဩဖြယ္ အသင္းတစ္သင္းရပ္တည္ေန
၂၀၂၃ခုႏွစ္ပရီးမီးယားလိဂ္ပြဲရလဒ္တစ္ခုတည္းကိုသာၾကည့္မည္ဆိုပါကလီဗာပူးအသင္းမွာပရီးမီးယားလိဂ္အမွတ္ေပးဇယားေအာက္ဆုံးတြင္ရပ္တည္ေနရမည္ျဖစ္ေၾကာင္းေတြ႕ရပါတယ္။
အံ့ဩသင့္စရာေကာင္းတာကေတာ့ယခင္တုန္းကတန္းဆင္းဇုန္တြင္႐ုန္းကန္ေနခဲ့ရတဲ့ေနာ္တင္ဟမ္ေဖာရက္စ္ကေတာ့နည္းျပစတိဗ္ကိုးပါးရဲ႕ဦးေဆာင္မႈနဲ႔အတူ၂၀၂၃ခုႏွစ္တြင္ရလဒ္ေကာင္းမ်ားရယူကာ၂၀၂၃ခုႏွစ္တြင္ပရီးမီးယားလိဂ္တြင္ရမွတ္အမ်ားဆုံးရယူထားႏိုင္တဲ့အသင္းအျဖစ္အံ့ဩသင့္ဖြယ္ရပ္တည္ေနပါတယ္။
လီဗာပူးဟာယခုႏွစ္တြင္ပရီးမီးယားလိဂ္ပြဲ၄ပြဲကစားခဲ့ရာမွာရမွတ္တစ္မွတ္တည္းသာရယူထားႏိုင္ပါတယ္။
လီဗာပူးဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္တိုက္စစ္အတြက္နယ္သာလန္စတားကိုဒီဂတ္ပိုအားေခၚယူထားေပမဲ့၂၀၂၃ခုႏွစ္တြင္ဂိုးကြာျခားခ်က္၈ဂိုးအထိရွိေနပါတယ္။
ဇန္နဝါရီလအတြင္းတြင္ရလဒ္ေကာင္းမ်ားရယူႏိုင္တဲ့ေနာ္တင္ဟမ္ေဖာရက္စ္က၁၁မွတ္ျဖင့္ထိပ္ဆုံးမွာရပ္တည္ေနပါတယ္။
ပရီးမီးယားလိဂ္တန္းတက္ေနာ္တင္ဟမ္ေဖာရက္စ္ဟာယမန္ႏွစ္ကေတာ့ရလဒ္ဆိုး႐ြားမႈနဲ႔အတူအမွတ္ေပးဇယားၾကမ္းခင္းတြင္ရပ္တည္ကာတန္းမဆင္းရေရးတိုက္ပြဲဝင္ေနခဲ့ရပါတယ္။
ဒါေပမဲ့ေနာ္တင္ဟမ္ေဖာရက္စ္ဟာ၂၀၂၃ခုႏွစ္တြင္ရလဒ္ေကာင္းမ်ားရယူႏိုင္မႈနဲ႔အတူတန္းဆင္းဇုန္မွ႐ုန္းထြက္ကာအမွတ္ေပးဇယားအဆင့္၁၃ေနရာသို႔အထိတက္လွမ္းလာႏိုင္ခဲ့ပါတယ္။
သူ႔ေအာက္တြင္ဘ႐ိုက္တန္ႏွင့္ဘရန႔္ဖို႔ဒ္တို႔ရပ္တည္ေနၿပီးအဲရစ္တန္ဟက္ရဲ႕ယူႏိုက္တက္ကတတိယေနရာမွာရ႕္တည္ေနပါတယ္။ထိပ္ဆုံး၇သင္းတြင္အက္စတြန္ဗီလာ၊မန္စီးတီး၊စပါးစ္တို႔ပါဝင္ၿပီးလက္ရွိအမွတ္ေပးဇယားကိုဦးေဆာင္ေနတဲ့အာဆင္နယ္ကေတာ့အဆင့္၈ေနရာမွာပဲရပ္တည္ေနပါတယ္။