၂၀၂၃ ခုနှစ် Ballon d’Or အတွက် ရေပန်းစားသူများစာရင်းတွင် ပါဝင်လာတဲ့ မားကပ်စ်ရက်ဖို့ဒ်

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးမားကပ်စ်ရက်ဖို့ဒ်ဟာယခုရာသီတွင်ခြေစွမ်းပြကစားနိုင်ပြီးနောက်၂၀၂၃ခုနှစ်အတွက် Ballon d’Or ဆုအတွက်ရေပန်းအစားဆုံးကစားသမားများစာရင်းတွင်ထိပ်ပိုင်းသို့အလျှင်အမြန်တက်လှမ်းလာနိုင်တာတွေ့ရပါတယ်။

အသက်၂၅နှစ်ရှိအင်္ဂလန်တိုက်စစ်မှူးဟာနည်းပြအဲရစ်တန်ဟက်ရဲ့ပြုစုပျိုးထောင်မှုကြောင့်ယခုရာသီတွင်အကောင်းဆုံးပုံစံရရှိနေပါတယ်။

သူဟာ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ယူနိုက်တက်အတွက်၁၈ပွဲကစားထားရာမှာ၁၇ဂိုးအထိသွင်းယူထားပြီးဥရောပကြောက်စရာအကောင်းဆုံးတိုက်စစ်မှူးအဖြစ်ရပ်တည်နေပါတယ်။

မားကပ်စ်ရက်ဖို့ဒ်ဟာခြေစွမ်းပြကစားနိုင်မှုနှင့်အတူ Ballon d’Or ဆုအတွက်ပေါက်ကြေးတွင်ရေပန်းစားမှုအလျှင်အမြန်ပဲမြင့်တက်လာပါတယ်။

ရက်ဖို့ဒ်ဟာယခုအခါ Sky Bet တွင်စပါးစ်တိုက်စစ်မှူးဟယ်ရီကိန်း၊ပီအက်စ်ဂျီစတားနေမာတို့နှင့်အတူ၃၃/၁ ဖွင့်လှစ်ခြင်းခံထားရပါတယ်။

လက်ရှိအချိန်တွင်လီယွန်နယ်မက်ဆီကရေပန်းအစားဆုံးအဖြစ်၂/၇ဖြင့်ရပ်တည်နေပါတယ်။မက်ဆီဟာအာဂျင်တီးနားကိုကမ္ဘာ့ဖလားရရှိအောင်ဦးဆောင်နိုင်ခဲ့ပြီးနောက်ရေပန်းအစားဆုံးဖြစ်နေတာလည်းဖြစ်ပါတယ်။

ဒုတိယနေရာတွင်ကိုင်လီယန်ဘက်ပေးက၇/၂ဖြင့်ဒုတိယရေပန်းအစားဆုံးအဖြစ်ရပ်တည်နေပါတယ်။

ZawGyi

၂၀၂၃ ခုႏွစ္ Ballon d’Or အတြက္ ေရပန္းစားသူမ်ားစာရင္းတြင္ ပါဝင္လာတဲ့ မားကပ္စ္ရက္ဖို႔ဒ္

မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးမားကပ္စ္ရက္ဖို႔ဒ္ဟာယခုရာသီတြင္ေျခစြမ္းျပကစားႏိုင္ၿပီးေနာက္၂၀၂၃ခုႏွစ္အတြက္ Ballon d’Or ဆုအတြက္ေရပန္းအစားဆုံးကစားသမားမ်ားစာရင္းတြင္ထိပ္ပိုင္းသို႔အလွ်င္အျမန္တက္လွမ္းလာႏိုင္တာေတြ႕ရပါတယ္။

အသက္၂၅ႏွစ္ရွိအဂၤလန္တိုက္စစ္မႉးဟာနည္းျပအဲရစ္တန္ဟက္ရဲ႕ျပဳစုပ်ိဳးေထာင္မႈေၾကာင့္ယခုရာသီတြင္အေကာင္းဆုံးပုံစံရရွိေနပါတယ္။

သူဟာ၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲေနာက္ပိုင္း ယူႏိုက္တက္အတြက္၁၈ပြဲကစားထားရာမွာ၁၇ဂိုးအထိသြင္းယူထားၿပီးဥေရာပေၾကာက္စရာအေကာင္းဆုံးတိုက္စစ္မႉးအျဖစ္ရပ္တည္ေနပါတယ္။

မားကပ္စ္ရက္ဖို႔ဒ္ဟာေျခစြမ္းျပကစားႏိုင္မႈႏွင့္အတူ Ballon d’Or ဆုအတြက္ေပါက္ေၾကးတြင္ေရပန္းစားမႈအလွ်င္အျမန္ပဲျမင့္တက္လာပါတယ္။

ရက္ဖို႔ဒ္ဟာယခုအခါ Sky Bet တြင္စပါးစ္တိုက္စစ္မႉးဟယ္ရီကိန္း၊ပီအက္စ္ဂ်ီစတားေနမာတို႔ႏွင့္အတူ၃၃/၁ ဖြင့္လွစ္ျခင္းခံထားရပါတယ္။

လက္ရွိအခ်ိန္တြင္လီယြန္နယ္မက္ဆီကေရပန္းအစားဆုံးအျဖစ္၂/၇ျဖင့္ရပ္တည္ေနပါတယ္။မက္ဆီဟာအာဂ်င္တီးနားကိုကမာၻ႔ဖလားရရွိေအာင္ဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္ေရပန္းအစားဆုံးျဖစ္ေနတာလည္းျဖစ္ပါတယ္။

ဒုတိယေနရာတြင္ကိုင္လီယန္ဘက္ေပးက၇/၂ျဖင့္ဒုတိယေရပန္းအစားဆုံးအျဖစ္ရပ္တည္ေနပါတယ္။