
အာဆင်နယ်ရဲ့၂၀၂၃-၂၄ဘောလုံးရာသီတွင်ဝတ်ဆင်မဲ့ဝတ်စုံများအွန်လိုင်းတွင်ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ပရိသတ်တွေကတော့၂၀၂၃-၂၄ရာသီမှာအာဆင်နယ်အသင်းဝတ်ဆင်မဲ့အင်္ကျီကြောင့်စိတ်ပျက်နေကြပါတယ်။
ယနေ့တွင်တွစ်တာပေါ်မှာအာဆင်နယ်အသင်းရဲ့အိမ်ကွင်းနှင့်အဝေးကွင်းဝတ်စုံသစ်လို့ယူဆရတဲ့ဓာတ်ပုံသစ်များထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
အိမ်ကွင်းဝတ်စုံသစ်ကလည်းအနီရောင်ဖြစ်ပြီးပုခုံးတွင်ရွှေရောင်အစင်းလိုက်ပါဝင်တာတွေ့ရပါတယ်။ဒါပေမဲ့ယခုရာသီဝတ်စုံမှာလိုကော်လံပါဝင်လာခြင်းမရှိတာတွေ့ရပါတယ်။
အဝေးကွင်းဝတ်စုံမှာအစိမ်းရောင်ဖြစ်ပြီးအနက်ရောင်းအနားသပ်ပါဝင်ပါတယ်။လာမယ့်ရာသီအဝေးကွင်းဝတ်စုံသစ်က၂၀၂၁-၂၂ဘောလုံးရာသီတုန်းကဂိုးသမားဝတ်စုံနှင့်သိပ်မကွာပါဘူး။
ယင်းဝတ်စုံများနှင့်ပတ်သက်ပြီးအာဆင်နယ်ဘက်ကအတည်ပြုလာခြင်းမရှိသေးပေမဲ့လည်းပရိသတ်တွေကတော့ဝတ်စုံဒီဇိုင်းနှင့်ပတ်သက်ပြီးစိတ်ပျက်နေကြပါတယ်။
ပရိသတ်တစ်ဦးက “ဒါတွေအစစ်အမှန်မဖြစ်လာပါစေနဲ့”လို့ဆိုသွားပါတယ်။အခြားတစ်ဦးကလည်း “အခြားလူတွေရှေ့မှာတောင်ဝတ်ပြရဲမှာမဟုတ်ဘူး။စိတ်ပျက်စရာကြီး”လို့ဆိုသွားပါတယ်။
ZawGyi
၂၀၂၃-၂၄ ရာသီတွင် အာဆင်နယ်အသင်းဝတ်ဆင်မဲ့ ဝတ်စုံ ပေါက်ကြားလာ