၂၀၂၄ခုနှစ်မှစတင်ကာ ချန်ပီယံလိဂ်အား အကြီးအကျယ်ပြောင်းလဲသွားမည်

ယူအီးအက်ဖ်အေဟာချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်ပွဲစဉ်များနှင့်ဗိုလ်လုပွဲကိုတစ်မြို့တည်းတွင်တစ်ပတ်အတွင်းကျင်းပကာပြိုင်ပွဲအားအကြီးအကျယ်အပြောင်းအလဲပြုလုပ်ရန်စီစဉ်နေပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကကိုဗစ်ကမ္ဘာ့ကပ်ရောဂါကြောင့်ချန်ပီယံလိဂ်ရဲ့ကွာတားဖိုင်နယ်ပွဲစဉ်များ၊ဆီမီးဖိုင်နယ်ပွဲစဉ်များနှင့်ဗိုလ်လုပွဲတို့အားပေါ်တူဂီရှိလစ္စဘွန်းတွင်ကျင်းပခဲ့ပါတယ်။

ဒါပေမယ့်ချန်ပီယံလိဂ်ရဲ့ကွာတားဖိုင်နယ်နှင့်ဆီမီးဖိုင်နယ်တို့အားတစ်ပွဲတည်းဖြင့်ကစားစေပြီးတံခါးပိတ်ကစားခဲ့ရပါတယ်။

ယနေ့မှာ The New York Times ကယူအီးအက်ဖ်အေဟာချန်ပီယံလိဂ်ပြိုင်ပွဲအား ချန်ပီယံရက်သတ္တပတ်အမည်ဖြင့်ဆီမီးဖိုင်နယ်နှင့်ဗိုလ်လုပွဲများကိုတစ်မြို့တည်းတွင်တစ်ပတ်အတွင်းကျင်းပရန်စီစဉ်နေကြောင်းဖော်ပြသွားပါတယ်။

ယင်းအပြောင်းအလဲကြောင့်ပရိသတ်များအနေဖြင့်မြို့တစ်မြို့သို့သွားကာချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲများနှင့်ဗိုလ်လုပွဲကိုကြည့်ရပါမယ်။

ယူအီးအက်ဖ်အေဟာချန်ပီယံလိဂ်ဗိုလ်လုပွဲကိုအစဉ်အလာအတိုင်းစနေနေ့တွင်ပင်ကစားရပါတယ်။ယူအီးအက်ဖ်အေရဲ့ချန်ပီယံရက်သတ္တပတ်ကြောင့်ပရိသတ်များအတွက်ပိုမိုဖျော်ဖြေမှုပေးလာနိုင်ဖို့လည်းရှိပါတယ်။

ယူအီးအက်ဖ်အေဟာအဆိုပါစနစ်ကို The Super Bowl ရဲ့စနစ်အားအတုခိုးထားခြင်းဖြစ်ပါတယ်။

ဒါပေမယ့်ယူအီးအက်ဖ်အေဟာအဆိုပါစနစ်ကိုလာမယ့်၂၀၂၄ခုနှစ်မှစတင်ကျင့်သုံးရန်သာစီစဉ်ထားပြီးကလပ်များနှင့်တွေ့ဆုံဆွေးနွေးမှုများလည်းပြုလုပ်ရပါဦးမယ်။

ယူအီးအက်ဖ်အေရဲ့ပြိုင်ပွဲစနစ်သစ်ကြောင့်ဆီမီးဖိုင်နယ်ပွဲနှစ်ပွဲလျှော့ကျလာမှာဖြစ်ပြီးရုပ်သံဝင်ငွေကျဆင်းလာမှာစိုးရိမ်ရပါတယ်။ဒါပေမယ့်လည်းယင်းကဲ့သို့ဆီမီးဖိုင်နယ်ပွဲများနှင့်ဗိုလ်လုပွဲကိုတစ်မြို့တည်းတွင်တစ်ပတ်အတွင်းကျင်းပမှုကြောင့်ပရိသတ်စိတ်ဝင်စားမှုပိုင်းပိုမိုမြင့်မားလာမှာဖြစ်လို့နှစ်ကျော့မကစားရလို့နစ်နာလာမယ့်ငွေကြေးကိုဖာထေးနိုင်မယ်လို့ယုံကြည်နေပါတယ်။

ZawGyi

၂၀၂၄ခုႏွစ္မွစတင္ကာ ခ်န္ပီယံလိဂ္အား အႀကီးအက်ယ္ေျပာင္းလဲသြားမည္

ယူအီးအက္ဖ္ေအဟာခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ဆီမီးဖိုင္နယ္ပြဲစဥ္မ်ားႏွင့္ဗိုလ္လုပြဲကိုတစ္ၿမိဳ႕တည္းတြင္တစ္ပတ္အတြင္းက်င္းပကာၿပိဳင္ပြဲအားအႀကီးအက်ယ္အေျပာင္းအလဲျပဳလုပ္ရန္စီစဥ္ေနပါတယ္။

ၿပီးခဲ့တဲ့ႏွစ္တုန္းကကိုဗစ္ကမာၻ႔ကပ္ေရာဂါေၾကာင့္ခ်န္ပီယံလိဂ္ရဲ႕ကြာတားဖိုင္နယ္ပြဲစဥ္မ်ား၊ဆီမီးဖိုင္နယ္ပြဲစဥ္မ်ားႏွင့္ဗိုလ္လုပြဲတို႔အားေပၚတူဂီရွိလစၥဘြန္းတြင္က်င္းပခဲ့ပါတယ္။

ဒါေပမယ့္ခ်န္ပီယံလိဂ္ရဲ႕ကြာတားဖိုင္နယ္ႏွင့္ဆီမီးဖိုင္နယ္တို႔အားတစ္ပြဲတည္းျဖင့္ကစားေစၿပီးတံခါးပိတ္ကစားခဲ့ရပါတယ္။

ယေန႔မွာ The New York Times ကယူအီးအက္ဖ္ေအဟာခ်န္ပီယံလိဂ္ၿပိဳင္ပြဲအား ခ်န္ပီယံရက္သတၱပတ္အမည္ျဖင့္ဆီမီးဖိုင္နယ္ႏွင့္ဗိုလ္လုပြဲမ်ားကိုတစ္ၿမိဳ႕တည္းတြင္တစ္ပတ္အတြင္းက်င္းပရန္စီစဥ္ေနေၾကာင္းေဖာ္ျပသြားပါတယ္။

ယင္းအေျပာင္းအလဲေၾကာင့္ပရိသတ္မ်ားအေနျဖင့္ၿမိဳ႕တစ္ၿမိဳ႕သို႔သြားကာခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပြဲမ်ားႏွင့္ဗိုလ္လုပြဲကိုၾကည့္ရပါမယ္။

ယူအီးအက္ဖ္ေအဟာခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုအစဥ္အလာအတိုင္းစေနေန႔တြင္ပင္ကစားရပါတယ္။ယူအီးအက္ဖ္ေအရဲ႕ခ်န္ပီယံရက္သတၱပတ္ေၾကာင့္ပရိသတ္မ်ားအတြက္ပိုမိုေဖ်ာ္ေျဖမႈေပးလာႏိုင္ဖို႔လည္းရွိပါတယ္။

ယူအီးအက္ဖ္ေအဟာအဆိုပါစနစ္ကို The Super Bowl ရဲ႕စနစ္အားအတုခိုးထားျခင္းျဖစ္ပါတယ္။

ဒါေပမယ့္ယူအီးအက္ဖ္ေအဟာအဆိုပါစနစ္ကိုလာမယ့္၂၀၂၄ခုႏွစ္မွစတင္က်င့္သုံးရန္သာစီစဥ္ထားၿပီးကလပ္မ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးမႈမ်ားလည္းျပဳလုပ္ရပါဦးမယ္။

ယူအီးအက္ဖ္ေအရဲ႕ၿပိဳင္ပြဲစနစ္သစ္ေၾကာင့္ဆီမီးဖိုင္နယ္ပြဲႏွစ္ပြဲေလွ်ာ့က်လာမွာျဖစ္ၿပီး႐ုပ္သံဝင္ေငြက်ဆင္းလာမွာစိုးရိမ္ရပါတယ္။ဒါေပမယ့္လည္းယင္းကဲ့သို႔ဆီမီးဖိုင္နယ္ပြဲမ်ားႏွင့္ဗိုလ္လုပြဲကိုတစ္ၿမိဳ႕တည္းတြင္တစ္ပတ္အတြင္းက်င္းပမႈေၾကာင့္ပရိသတ္စိတ္ဝင္စားမႈပိုင္းပိုမိုျမင့္မားလာမွာျဖစ္လို႔ႏွစ္ေက်ာ့မကစားရလို႔နစ္နာလာမယ့္ေငြေၾကးကိုဖာေထးႏိုင္မယ္လို႔ယုံၾကည္ေနပါတယ္။