၂၀၂၄ ပဲရစ်အိုလံပစ်တွင် ပါဝင်ကာ ငယ်စဉ်ဘဝအိပ်မက်ကို ဖြည့်ဆည်းလိုကြောင်း ဘက်ပေးဖွင့်ဟလာ

ကိုင်လီယန်ဘက်ပေးက၂၀၂၄ခုနှစ်တွင်ကျင်းပမယ့်ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် ပြင်သစ်အတွက်ကိုယ်စားပြုယှဉ်ပြိုင်ကာငယ်စဉ်ဘဝအိပ်မက်ကိုဖြည့်ဆည်းလိုကြောင်းပြောကြားလိုက်ပါတယ်။

အသက်၂၂နှစ်ရှိပီအက်စ်ဂျီစတားဟာပြင်သစ်လက်ရွေးစင်အသင်းနှင့်အတူကမ္ဘာ့ဖလားနှင့်နေးရှင်းလိဂ်ဖလားတို့ဆွတ်ခူးထားသူဖြစ်ပြီးလီဂူး၁ဖလားလည်း၄ကြိမ်ဆွတ်ခူးထားပြီးဖြစ်ပါတယ်။

ယခုရာသီအကုန်တွင်ရီးရဲလ်မက်ဒရစ်သို့ပြောင်းရန်စီစဉ်နေတဲ့ဘက်ပေးဟာ အိုလံပစ်ရွှေတံဆိပ်ဆုလည်းရယူရန်အိပ်မက်မက်နေပါတယ်။

လန်ဒန်အိုလံပစ်ပြိုင်ပွဲကိုကလေးတစ်ဦးအနေဖြင့်မြင်တွေ့ခဲ့ရတဲ့ဘက်ပေးဟာယခုနွေရာသီတွင်တိုကျိုအိုလံပစ်တွင်ဝင်ရောက်ယှဉ်ပြိုင်ရန်ငြင်းခဲ့ပေမယ့်နောက်တစ်ကြိမ်တွင်ပါဝင်ရန်ဆုံးဖြတ်ထားပါတယ်။

၎င်းက “၂၀၁၂ခုနှစ်တုန်းကလန်ဒန်အိုလံပစ်ကိုကြည့်ခဲ့ရတယ်။ဒီပြိုင်ပွဲကတစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့အရေးပါတဲ့ပြိုင်ပွဲပါ။အဲဒီတုန်းက၁၃နှစ်ပဲရှိပါသေးတယ်။အရမ်းငယ်သေးတယ်။ဒါပေမယ့်လန်ဒန်ကပွဲတစ်ချို့ကိုအချိန်ပေးပြီးကြည့်ခဲ့ပါတယ်။လီဘရွန်(ဂျိမ်းစ်)၊ကိုဘီ(ဘရိုင်ယန်)တို့ကိုကြည့်ချင်ခဲ့တယ်။ဟူစိန်ဘို့သ်ဘယ်လိုပြေးလဲကြည့်ချင်တယ်။ဘောလုံးအပါအဝင်အခြားကစားနည်းတွေကိုကြည့်ခဲ့တယ်။အဲဒီတုန်းကငါလည်းပါဝင်ချင်လိုက်တာလို့ပြောခဲ့တယ်။ပဲရစ်ဂိမ်းအတွေ့အကြုံရချင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ပြင်သစ်ဟာ၁၉၀၀နှင့်၁၉၂၄ခုနှစ်တို့တွင်အိုလံပစ်ပြိုင်ပွဲကိုအိမ်ရှင်အဖြစ်ကျင်းပခဲ့ဖူးပြီးနှစ်၁၀၀အကြာတွင်တတိယမြောက်အိမ်ရှင်အဖြစ် ၂၀၂၄ခုနှစ်မှာလက်ခံကျင်းပသွားပါမယ်။

ZawGyi

၂၀၂၄ ပဲရစ္အိုလံပစ္တြင္ ပါဝင္ကာ ငယ္စဥ္ဘဝအိပ္မက္ကို ျဖည့္ဆည္းလိုေၾကာင္း ဘက္ေပးဖြင့္ဟလာ

ကိုင္လီယန္ဘက္ေပးက၂၀၂၄ခုႏွစ္တြင္က်င္းပမယ့္ပဲရစ္အိုလံပစ္ၿပိဳင္ပြဲတြင္ ျပင္သစ္အတြက္ကိုယ္စားျပဳယွဥ္ၿပိဳင္ကာငယ္စဥ္ဘဝအိပ္မက္ကိုျဖည့္ဆည္းလိုေၾကာင္းေျပာၾကားလိုက္ပါတယ္။

အသက္၂၂ႏွစ္ရွိပီအက္စ္ဂ်ီစတားဟာျပင္သစ္လက္ေ႐ြးစင္အသင္းႏွင့္အတူကမာၻ႔ဖလားႏွင့္ေနးရွင္းလိဂ္ဖလားတို႔ဆြတ္ခူးထားသူျဖစ္ၿပီးလီဂူး၁ဖလားလည္း၄ႀကိမ္ဆြတ္ခူးထားၿပီးျဖစ္ပါတယ္။

ယခုရာသီအကုန္တြင္ရီးရဲလ္မက္ဒရစ္သို႔ေျပာင္းရန္စီစဥ္ေနတဲ့ဘက္ေပးဟာ အိုလံပစ္ေ႐ႊတံဆိပ္ဆုလည္းရယူရန္အိပ္မက္မက္ေနပါတယ္။

လန္ဒန္အိုလံပစ္ၿပိဳင္ပြဲကိုကေလးတစ္ဦးအေနျဖင့္ျမင္ေတြ႕ခဲ့ရတဲ့ဘက္ေပးဟာယခုေႏြရာသီတြင္တိုက်ိဳအိုလံပစ္တြင္ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ျငင္းခဲ့ေပမယ့္ေနာက္တစ္ႀကိမ္တြင္ပါဝင္ရန္ဆုံးျဖတ္ထားပါတယ္။

၎က “၂၀၁၂ခုႏွစ္တုန္းကလန္ဒန္အိုလံပစ္ကိုၾကည့္ခဲ့ရတယ္။ဒီၿပိဳင္ပြဲကတစ္ကမာၻလုံးနဲ႔သက္ဆိုင္တဲ့အေရးပါတဲ့ၿပိဳင္ပြဲပါ။အဲဒီတုန္းက၁၃ႏွစ္ပဲရွိပါေသးတယ္။အရမ္းငယ္ေသးတယ္။ဒါေပမယ့္လန္ဒန္ကပြဲတစ္ခ်ိဳ႕ကိုအခ်ိန္ေပးၿပီးၾကည့္ခဲ့ပါတယ္။လီဘ႐ြန္(ဂ်ိမ္းစ္)၊ကိုဘီ(ဘ႐ိုင္ယန္)တို႔ကိုၾကည့္ခ်င္ခဲ့တယ္။ဟူစိန္ဘို႔သ္ဘယ္လိုေျပးလဲၾကည့္ခ်င္တယ္။ေဘာလုံးအပါအဝင္အျခားကစားနည္းေတြကိုၾကည့္ခဲ့တယ္။အဲဒီတုန္းကငါလည္းပါဝင္ခ်င္လိုက္တာလို႔ေျပာခဲ့တယ္။ပဲရစ္ဂိမ္းအေတြ႕အႀကဳံရခ်င္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ျပင္သစ္ဟာ၁၉၀၀ႏွင့္၁၉၂၄ခုႏွစ္တို႔တြင္အိုလံပစ္ၿပိဳင္ပြဲကိုအိမ္ရွင္အျဖစ္က်င္းပခဲ့ဖူးၿပီးႏွစ္၁၀၀အၾကာတြင္တတိယေျမာက္အိမ္ရွင္အျဖစ္ ၂၀၂၄ခုႏွစ္မွာလက္ခံက်င္းပသြားပါမယ္။