၂၀၂၅ ခုနှစ်တွင် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း ၃၂ သင်းသို့ တိုးမြှင့်ကျင်းပသွားမည်

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုအကြီးမားဆုံးပြောင်းလဲမှုပြုလုပ်တဲ့အနေဖြင့်အသင်း၃၂သင်းဖြင့်ယှဉ်ပြိုင်သွားရန်စီစဉ်နေပါတယ်။

ဖီဖာဟာလက်ရှိအချိန်တွင်ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုအသင်း၇သင်းဖြင့်ကျင်းပနေတာဖြစ်ပြီး လက်ရှိကျင်းပနေတဲ့ကမ္ဘာ့ဖလားပြိုင်ပွဲကဲ့သို့ပင် အသင်း၃၂သင်းဖြင့်ကျင်းပရန်စီစဉ်နေတာဖြစ်ပါတယ်။

ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနိုကကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအားအကြီးမားဆုံးပြောင်းလဲမှုကို၂၀၂၅ခုနှစ်မှာပြုလုပ်လာမှာဖြစ်ကြောင်းဆိုထားပါတယ်။

ဖီဖာဟာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို၂၀၂၁ခုနှစ်တရုတ်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှစတင်ကာအသင်း၂၄သင်းသို့တိုးမြှင့်ကျင်းပရန်စီစဉ်ထားခဲ့ပေမဲ့လည်း ကိုဗစ်ကြောင့်ဖျက်သိမ်းခဲ့ရပါတယ်။

အသင်း၃၂သင်းပါဝင်တဲ့စနစ်ကို လေးနှစ်တစ်ကြိမ်ကျင်းပရန်စီစဉ်ထားတာဖြစ်ပြီးနိုင်ငံတကာပွဲများကြောင့်ရပ်နားထားရတဲ့ စက်တင်ဘာလမှအောက်တိုဘာလအထိကာလအတွင်းကျင်းပရန်စီစဉ်ထားတာဖြစ်ပါတယ်။

ပြိုင်ပွဲအသင်း၃၂သင်းကိုမည်သည့်စနစ်ဖြင့်ရွေးချယ်လာမလဲဆိုတာမသိရသေးပါဘူး။လက်ရှိအချိန်တွင်တိုက်ကြီးတစ်ခုစီမှ ချန်ပီယံများဖြင့်အသင်း၇သင်းဖြင့်ကျင်းပနေတာဖြစ်ပါတယ်။

လက်ရှိကလပ်ကမ္ဘာ့ဖလားချန်ပီယံအဖြစ်ချဲလ်ဆီးကဖေဖော်ဝါရီလတုန်းကကိုပါလီဘာတာဒို့စ်ချန်ပီယံပါမီးရပ်စ်ကိုအနိုင်ယူပြီးရပ်တည်နေပါတယ်။

ဥရောပနှင့်တောင်အမေရိကချန်ပီယံအသင်းတို့ကကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဆီမီးအဆင့်မှစတင်ယှဉ်ပြိုင်ရပြီး အာဖရိက၊အာရှ၊သမုဒ္ဒရာနှင့်မြောက်ပိုင်းဇုန်၊ဗဟိုအမေရိကနှင့်ကာရစ်ဘီယံတို့မှတစ်သင်းစီအစောပိုင်းအဆင့်တွင်ယှဉ်ပြိုင်ရပါတယ်။

လက်ရှိချန်ပီယံလိဂ်ချန်ပီယံရီးရဲလ်မက်ဒရစ်မှာ၂၀၂၂-၂၃ပြိုင်ပွဲတွင်ယှဉ်ပြိုင်သွားရပါမယ်။

ယခုနှစ်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို၂၀၁၃နှင့်၂၀၁၄တို့တွင်ကျင်းပခဲ့ဖူးတဲ့မော်ရိုကိုတွင်ကျင်းပသွားပါမယ်။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို၂၀၀၀ခုနှစ်တွင်စတင်ကျင်းပပြီးရီးရဲလ်မက်ဒရစ်က၄ကြိမ်ဖြင့်အအောင်မြင်ဆုံးအသင်းအဖြစ်ရပ်တည်နေပါတယ်။

ယခုကဲ့သို့ဖီဖာကကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုအသင်း၃၂သင်းသို့တိုးမြှင့်ယှဉ်ပြိုင်ရန်စီစဉ်လာမှုကကလပ်များရဲ့လိဂ်ပြိုင်ပွဲအတွက်ပြင်ဆင်မှုကိုလည်းများစွာထိခိုက်လာနိုင်မှုရှိနေမှုနှင့်အတူကန့်ကွက်မှုများရှိလာနိုင်ပါတယ်။

ဒါပေမဲ့တစ်ကမ္ဘာလုံးမှအကောင်းဆုံးကလပ်များယှဉ်ပြိုင်လာမဲ့ပြိုင်ပွဲဖြစ်လာတာကြောင့်စိတ်လှုပ်ရှားစရာလည်းကောင်းမွန်လာပါမယ်။

zawgyi













