၂၀၂၅ ခုနှစ်တွင် ဥရောပစူပါလိဂ်ကို အင်္ဂလိပ်ကလပ်များ မပါဝင်ဘဲ စတင်မည်ဟု ဘာစီလိုနာဥက္ကဌဖွင့်ဟလာ

ဘာစီလိုနာဥက္ကဌဂျိုဟန်လာပေါ်တာကဥရောပစူပါလိဂ်ပြိုင်ပွဲကိုလာမယ့်နှစ်နှစ်တွင်မည်သည့်ပရီးမီးယားလိဂ်ကလပ်မျှမပါဝင်ဘဲစတင်လာတော့မှာဖြစ်ကြောင်းပြောကြားလာပါတယ်။

၂၀၂၁ခုနှစ်၊ဧပြီလတုန်းကဥရောပစူပါလိဂ်ကိုကြေညာခဲ့ပြီးအင်္ဂလိပ်ထိပ်သီးကလပ်များဟာပရိသတ်များအကြီးအကျယ်ဆန္ဒပြသပိတ်မှောက်မှုနှင့်အတူ နုတ်ထွက်ခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊ဂျူဗင်တပ်တို့ဟာဥရောပစူပါလိဂ်နောက်ကွယ်မှအဓိကဉာဏ်ကြီးရှင်များဖြစ်ကြပြီး၎င်းတို့ဟာယူအီးအက်ဖ်အေကတဖက်သတ်လွှမ်းမိုးကာချန်ပီယံလိဂ်ပြိုင်ပွဲအားအုပ်စိုးထားမှုကိုမကျေနပ်ကာတစ်စင်ထောင်လာခဲ့ကြတာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊ဂျူဗင်တပ်တို့မှလွဲပြီးကျန်အသင်းအားလုံးမှဥရောပစူပါလိဂ်မှနုတ်ထွက်ထားကြပြီးဖြစ်ပါတယ်။

၎င်းတို့အသင်းသုံးသင်းဟာယူအီးအက်ဖ်အေနှင့်တရားရင်ဆိုင်နေရပါတယ်။တရားရုံးကလည်းယူအီးအက်ဖ်အေအနေဖြင့်ဥရောပစူပါလိဂ်တွင်ဝင်ကစားတဲ့မည်သည့်ကစားသမားကိုမဆို ၎င်းတို့ကြီးမှူးကျင်းပတဲ့ပြိုင်ပွဲမှပိတ်ပင်နိုင်တဲ့အခွင့်အရေးပေးခဲ့ပါတယ်။

ဒါပေမဲ့ဘာစီလိုနာဥက္ကဌလာပေါ်တာကတော့ဥရောပစူပါလိဂ်ကို၂၀၂၅ခုနှစ်မှာစတင်လာဖို့ရှိနေပြီးအင်္ဂလိပ်ကလပ်များလည်းပါဝင်လာနိုင်ကြောင်းဆိုသွားပါတယ်။

လာပေါ်တာက “စူပါလိဂ်ရှိနေဦးမယ်လို့ထင်တယ်။တကယ်လို့ဒါကပွင့်လင်းတဲ့ပြိုင်ပွဲမဟုတ်ရင်ဒီစီမံကိန်းကိုစဉ်းစားမှာမဟုတ်ပါဘူး။ရီးရဲလ်မက်ဒရစ်နဲ့ဂျူဗင်တပ်တို့ကဒါကိုလက်ခံတယ်။ကျန်ကလပ်တွေကတော့သူတို့ရဲ့သဘောထားအစစ်အမှန်ကိုမပြကြပါဘူး။ဒါပေမဲ့သူတို့တကယ်ပဲစိတ်ဝင်စားကြပါတယ်။စူပါလိဂ်က၂၀၂၅ခုနှစ်မှာတကယ်ပဲဖြစ်လာနိုင်ပါတယ်။တကယ်လို့အဖြေကောင်းလာခဲ့ရင်ပေါ့။အီးယူရဲ့လုပ်ငန်းစဉ်မှာလွတ်လပ်စွာယှဉ်ပြိုင်ခွင့်ပါဝင်တော့တားဆီးလို့ရမယ်မထင်ဘူး။ဒါကပထမအဆင့်ဥရောပပြိုင်ပွဲမှာတော့အင်္ဂလိပ်ကလပ်တွေပါဝင်လာဦးမယ်မထင်ပါဘူး”လို့ဆိုသွားပါတယ်။

ZawGyi

၂၀၂၅ ခုႏွစ္တြင္ ဥေရာပစူပါလိဂ္ကို အဂၤလိပ္ကလပ္မ်ား မပါဝင္ဘဲ စတင္မည္ဟု ဘာစီလိုနာဥကၠဌဖြင့္ဟလာ

ဘာစီလိုနာဥကၠဌဂ်ိဳဟန္လာေပၚတာကဥေရာပစူပါလိဂ္ၿပိဳင္ပြဲကိုလာမယ့္ႏွစ္ႏွစ္တြင္မည္သည့္ပရီးမီးယားလိဂ္ကလပ္မွ်မပါဝင္ဘဲစတင္လာေတာ့မွာျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

၂၀၂၁ခုႏွစ္၊ဧၿပီလတုန္းကဥေရာပစူပါလိဂ္ကိုေၾကညာခဲ့ၿပီးအဂၤလိပ္ထိပ္သီးကလပ္မ်ားဟာပရိသတ္မ်ားအႀကီးအက်ယ္ဆႏၵျပသပိတ္ေမွာက္မႈႏွင့္အတူ ႏုတ္ထြက္ခဲ့ရပါတယ္။

ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာ၊ဂ်ဴဗင္တပ္တို႔ဟာဥေရာပစူပါလိဂ္ေနာက္ကြယ္မွအဓိကဉာဏ္ႀကီးရွင္မ်ားျဖစ္ၾကၿပီး၎တို႔ဟာယူအီးအက္ဖ္ေအကတဖက္သတ္လႊမ္းမိုးကာခ်န္ပီယံလိဂ္ၿပိဳင္ပြဲအားအုပ္စိုးထားမႈကိုမေက်နပ္ကာတစ္စင္ေထာင္လာခဲ့ၾကတာလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာ၊ဂ်ဴဗင္တပ္တို႔မွလြဲၿပီးက်န္အသင္းအားလုံးမွဥေရာပစူပါလိဂ္မွႏုတ္ထြက္ထားၾကၿပီးျဖစ္ပါတယ္။

၎တို႔အသင္းသုံးသင္းဟာယူအီးအက္ဖ္ေအႏွင့္တရားရင္ဆိုင္ေနရပါတယ္။တရား႐ုံးကလည္းယူအီးအက္ဖ္ေအအေနျဖင့္ဥေရာပစူပါလိဂ္တြင္ဝင္ကစားတဲ့မည္သည့္ကစားသမားကိုမဆို ၎တို႔ႀကီးမႉးက်င္းပတဲ့ၿပိဳင္ပြဲမွပိတ္ပင္ႏိုင္တဲ့အခြင့္အေရးေပးခဲ့ပါတယ္။

ဒါေပမဲ့ဘာစီလိုနာဥကၠဌလာေပၚတာကေတာ့ဥေရာပစူပါလိဂ္ကို၂၀၂၅ခုႏွစ္မွာစတင္လာဖို႔ရွိေနၿပီးအဂၤလိပ္ကလပ္မ်ားလည္းပါဝင္လာႏိုင္ေၾကာင္းဆိုသြားပါတယ္။

လာေပၚတာက “စူပါလိဂ္ရွိေနဦးမယ္လို႔ထင္တယ္။တကယ္လို႔ဒါကပြင့္လင္းတဲ့ၿပိဳင္ပြဲမဟုတ္ရင္ဒီစီမံကိန္းကိုစဥ္းစားမွာမဟုတ္ပါဘူး။ရီးရဲလ္မက္ဒရစ္နဲ႔ဂ်ဴဗင္တပ္တို႔ကဒါကိုလက္ခံတယ္။က်န္ကလပ္ေတြကေတာ့သူတို႔ရဲ႕သေဘာထားအစစ္အမွန္ကိုမျပၾကပါဘူး။ဒါေပမဲ့သူတို႔တကယ္ပဲစိတ္ဝင္စားၾကပါတယ္။စူပါလိဂ္က၂၀၂၅ခုႏွစ္မွာတကယ္ပဲျဖစ္လာႏိုင္ပါတယ္။တကယ္လို႔အေျဖေကာင္းလာခဲ့ရင္ေပါ့။အီးယူရဲ႕လုပ္ငန္းစဥ္မွာလြတ္လပ္စြာယွဥ္ၿပိဳင္ခြင့္ပါဝင္ေတာ့တားဆီးလို႔ရမယ္မထင္ဘူး။ဒါကပထမအဆင့္ဥေရာပၿပိဳင္ပြဲမွာေတာ့အဂၤလိပ္ကလပ္ေတြပါဝင္လာဦးမယ္မထင္ပါဘူး”လို႔ဆိုသြားပါတယ္။