၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိကစားကာ ခရစ္စတီယာနိုရော်နယ်ဒို သမိုင်းသစ်ရေးထိုးလိုနေ

ခရစ္စတီယာနိုရော်နယ်ဒိုဟာကမ္ဘာ့ဖလားခြောက်ကြိမ်အထိကစားပြီးသမိုင်းသစ်ရေးထိုးလိုနေကြောင်းသိရပါတယ်။မန်ယူစူပါစတားဟာပေါ်တူဂီနှင့်အတူယူရို၂၀၁၆ဖလားဆွတ်ခူးကာအောင်မြင်တဲ့လက်ရွေးစင်ကစားသမားဘဝကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

သူဟာပေါ်တူဂီအတွက်၁၈၂ပွဲကစားထားရာမှာ၁၁၅ဂိုးသွင်းယူပြီးဥရောပတွင်နိုင်ငံပွဲအများဆုံးကစားထားသူအဖြစ်လည်းကောင်း၊သမိုင်းတစ်လျှောက်နိုင်ငံတကာဂိုးအများဆုံးသွင်းယူထားသူအဖြစ်လည်းကောင်း သမိုင်းမှတ်တိုင်စိုက်ထူထားပြီးဖြစ်ပါတယ်။

ဒါပေမယ့်အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာအမေရိကန်၊ကနေဒါနှင့်မက္ကဆီကိုတို့ကပူးတွဲအိမ်ရှင်အဖြစ်ကျင်းပမယ့်၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲအထိကစားလိုနေကြောင်းသိရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာအသက်၃၆နှစ်ရှိပြီဖြစ်ပေမယ့်လည်းကြံ့ခိုင်မှုကောင်းမွန်နေတုန်းဖြစ်တဲ့အပြင်ဒဏ်ရာကင်းကင်းဖြင့်ကစားနိုင်သူလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုနှင့်မက်ဆီတို့ဟာလာမယ့်နှစ်ဆောင်းရာသီမှာသူတို့ရဲ့ပဥ္စမမြောက်ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ်ကစားလာကြမည်ဆိုပါကလိုသာမားသီးယပ်စ်၊ရာဖေးလ်မားကွက်ဇ်၊အန်တိုနီယိုကာဘိုင်ဂျယ်တို့နှင့်အတူကမ္ဘာ့ဖလားငါးကြိမ်ကစားထားသူဖြစ်လာကြပါတယ်။

ဒါပေမယ့် Ballon d’Or ဆုကိုငါးကြိမ်ဆွတ်ခူးထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာပေါ်တူဂီလက်ရွေးစင်ကစားသမားဘဝမှအနားမယူဘဲ၂၀၂၆ကမ္ဘာ့ဖလားအထိကစားကာ ကမ္ဘာ့ဖလားခြောက်ကြိမ်ကစားသူအဖြစ်မှတ်တမ်းရေးထိုးရန်ဆန္ဒပြင်းပြနေကြောင်းသိရပါတယ်။၂၀၂၆ခုနှစ်တွင်ရော်နယ်ဒိုဟာအသက်၄၁နှစ်အရွယ်ရှိလာမှာဖြစ်ပြီးဒဏ်ရာကင်းကင်းဖြင့်သာရှိပါကပါဝင်လာဖို့ရှိပါတယ်။

ZawGyi

၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲအထိကစားကာ ခရစၥတီယာႏိုေရာ္နယ္ဒို သမိုင္းသစ္ေရးထိုးလိုေန

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကမာၻ႔ဖလားေျခာက္ႀကိမ္အထိကစားၿပီးသမိုင္းသစ္ေရးထိုးလိုေနေၾကာင္းသိရပါတယ္။မန္ယူစူပါစတားဟာေပၚတူဂီႏွင့္အတူယူ႐ို၂၀၁၆ဖလားဆြတ္ခူးကာေအာင္ျမင္တဲ့လက္ေ႐ြးစင္ကစားသမားဘဝကိုပိုင္ဆိုင္ထားသူျဖစ္ပါတယ္။

သူဟာေပၚတူဂီအတြက္၁၈၂ပြဲကစားထားရာမွာ၁၁၅ဂိုးသြင္းယူၿပီးဥေရာပတြင္ႏိုင္ငံပြဲအမ်ားဆုံးကစားထားသူအျဖစ္လည္းေကာင္း၊သမိုင္းတစ္ေလွ်ာက္ႏိုင္ငံတကာဂိုးအမ်ားဆုံးသြင္းယူထားသူအျဖစ္လည္းေကာင္း သမိုင္းမွတ္တိုင္စိုက္ထူထားၿပီးျဖစ္ပါတယ္။

ဒါေပမယ့္အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာအေမရိကန္၊ကေနဒါႏွင့္မကၠဆီကိုတို႔ကပူးတြဲအိမ္ရွင္အျဖစ္က်င္းပမယ့္၂၀၂၆ကမာၻ႔ဖလားၿပိဳင္ပြဲအထိကစားလိုေနေၾကာင္းသိရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအသက္၃၆ႏွစ္ရွိၿပီျဖစ္ေပမယ့္လည္းႀကံ့ခိုင္မႈေကာင္းမြန္ေနတုန္းျဖစ္တဲ့အျပင္ဒဏ္ရာကင္းကင္းျဖင့္ကစားႏိုင္သူလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒိုႏွင့္မက္ဆီတို႔ဟာလာမယ့္ႏွစ္ေဆာင္းရာသီမွာသူတို႔ရဲ႕ပၪၥမေျမာက္ကမာၻ႔ဖလားၿပိဳင္ပြဲအျဖစ္ကစားလာၾကမည္ဆိုပါကလိုသာမားသီးယပ္စ္၊ရာေဖးလ္မားကြက္ဇ္၊အန္တိုနီယိုကာဘိုင္ဂ်ယ္တို႔ႏွင့္အတူကမာၻ႔ဖလားငါးႀကိမ္ကစားထားသူျဖစ္လာၾကပါတယ္။

ဒါေပမယ့္ Ballon d’Or ဆုကိုငါးႀကိမ္ဆြတ္ခူးထားတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေပၚတူဂီလက္ေ႐ြးစင္ကစားသမားဘဝမွအနားမယူဘဲ၂၀၂၆ကမာၻ႔ဖလားအထိကစားကာ ကမာၻ႔ဖလားေျခာက္ႀကိမ္ကစားသူအျဖစ္မွတ္တမ္းေရးထိုးရန္ဆႏၵျပင္းျပေနေၾကာင္းသိရပါတယ္။၂၀၂၆ခုႏွစ္တြင္ေရာ္နယ္ဒိုဟာအသက္၄၁ႏွစ္အ႐ြယ္ရွိလာမွာျဖစ္ၿပီးဒဏ္ရာကင္းကင္းျဖင့္သာရွိပါကပါဝင္လာဖို႔ရွိပါတယ္။