
ဖီဖာဟာလာမယ့်၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲတွင်စည်းမျဉ်းစည်းကမ်းများအပြောင်းအလဲပြုလုပ်လာရန်စီစဉ်နေပြီးအုပ်စုအဆင့်ပွဲစဉ်များတွင်ပါပင်နယ်တီအဆုံးအဖြတ်အသုံးပြုရန်စီစဉ်နေပါတယ်။
ဖီဖာဟာအမေရိကန်၊မက္ကဆီကိုနှင့်ကနေဒါတို့ကပူးတွဲအိမ်ရှင်များအဖြစ်ကျင်းပမဲ့၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း၃၂သင်းမှ ၄၈သင်းသို့အထိတိုးမြှင့်ရန်လည်းစီစဉ်နေပါတယ်။
ဒါ့အပြင်ဖီဖာဟာ၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲတွင်အုပ်စုအဆင့်တွင်ပါပင်နယ်တီအဆုံးအဖြတ်ကန်စေတဲ့စနစ်ကိုပါသုံးရေးစီစဉ်နေပါတယ်။
The Athletic ရဲ့ဖော်ပြချက်အရဖီဖာရဲ့နည်းစနစ်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲမာကိုဗန်ဘတ်စတန်ဟာသရေကျလျှင် အပိုအမှတ်တစ်မှတ်ကို ဘယ်အသင်းရရှိသင့်သလဲဆိုတာပင်နယ်တီကန်စေပြီးဆုံးဖြတ်စေတဲ့စနစ်ကိုသုံးလာဖို့ရှိနေပါတယ်။
ဖီဖာဟာ၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲတွင်သုံးသင်းလျှင်တစ်အုပ်စုစနစ်သုံးလာပါကယင်းစနစ်ကိုသုံးလာမှာဖြစ်လည်းဖြစ်ပါတယ်။ယင်းစနစ်ကြောင့်ပင်နယ်တီအဆုံးအဖြတ်မှာနောက်တဆင့်သို့တက်ရောက်ရေးအတွက်အလွန်အရေးပါလာမှာလည်းဖြစ်ပါတယ်။
ZawGyi
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်တွင်ပင် ပင်နယ်တီအဆုံးအဖြတ်ကန်တဲ့စနစ်ကို ဖီဖာသုံးလာနိုင်