၂၀၃၀ ကမ္ဘာ့ဖလားအား ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပရန် စပိန်နှင့်ပေါ်တူဂီလျှောက်ထားမည်

စပိန်နှင့်ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်တို့ကလာမယ့်၂၀၃၀ကမ္ဘာ့ဖလားပြိုင်ပွဲအားပူးတွဲအိမ်ရှင်အဖြစ်ကျင်းပရန်လျှောက်ထားမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာသွားပါတယ်။

စပိန်နှင့်ပေါ်တူဂီတို့ဟာမနေ့ညတုန်းကကစားတဲ့ယူရိုပြိုင်ပွဲအတွက်ပြင်ဆင်တဲ့ခြေစမ်းပွဲမတိုင်မီကြေညာခဲ့တာလည်းဖြစ်ပါတယ်။

စပိန်ဘုရင်ဖီးလစ်ပီနှင့်ပေါ်တူဂီသမ္မတမာစယ်လိုရီဘီလိုဒီဆူဆာတို့က၂၀၃၀ကမ္ဘာ့ဖလားပြိုင်ပွဲကိုအိမ်ရှင်အဖြစ်ကျင်းပရန်လျှောက်ထားမည်ဟုကြေညာလာခဲ့တာလည်းဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်ရဲ့Metropolitano Stadium မှာကစားခဲ့တဲ့ဂိုးမရှိတဲ့သရေကျတဲ့ပွဲမတိုင်မီနှစ်ဖက်ကစားသမားတို့ဟာ Vamos 2030 ဆိုတဲ့စာသားရေးသားထားတဲ့တီရှပ်များကိုဝတ်ဆင်ခဲ့ကြပါတယ်။

ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဥက္ကဌနှင့်စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌတို့ဟာပြီးခဲ့တဲ့အောက်တိုဘာလကတည်းက၂၀၃၀ကမ္ဘာ့ဖလားအားပူးတွဲအိမ်ရှင်အဖြစ်ကျင်းပရန်သဘောတူညီမှုရယူထားခဲ့ကြတာလည်းဖြစ်ပါတယ်။

၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကိုကာတာကကျင်းပခွင့်ရရှိထားပြီး၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲကိုကနေဒါ၊အမေရိကန်နှင့်မက္ကဆီကိုတို့ကပူးတွဲအိမ်ရှင်အဖြစ်ကျင်းပသွားပါမယ်။

ဖီဖာဟာ၂၀၃၀ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံအား၂၀၂၄ခုနှစ်တွင်ရွေးချယ်သွားပါမယ်။စပိန်နှင့်ပေါ်တူဂီတို့ဟာ၂၀၃၀ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်ကျင်းပခွင့်အတွက်ဗြိတိန်နှင့်အိုင်ယာလန်၊အာဂျင်တီးနား၊ပါရာဂွေး၊ဥရုဂွေး၊ချီလီတို့ရဲ့ယှဉ်ပြိုင်မှုနဲ့ရင်ဆိုင်ရပါမယ်။

ZawGyi

၂၀၃၀ ကမာၻ႔ဖလားအား ပူးတြဲအိမ္ရွင္အျဖစ္က်င္းပရန္ စပိန္ႏွင့္ေပၚတူဂီေလွ်ာက္ထားမည္

စပိန္ႏွင့္ေပၚတူဂီေဘာလုံးအဖြဲ႕ခ်ဳပ္တို႔ကလာမယ့္၂၀၃၀ကမာၻ႔ဖလားၿပိဳင္ပြဲအားပူးတြဲအိမ္ရွင္အျဖစ္က်င္းပရန္ေလွ်ာက္ထားမည္ျဖစ္ေၾကာင္းထုတ္ျပန္ေၾကညာသြားပါတယ္။

စပိန္ႏွင့္ေပၚတူဂီတို႔ဟာမေန႔ညတုန္းကကစားတဲ့ယူ႐ိုၿပိဳင္ပြဲအတြက္ျပင္ဆင္တဲ့ေျခစမ္းပြဲမတိုင္မီေၾကညာခဲ့တာလည္းျဖစ္ပါတယ္။

စပိန္ဘုရင္ဖီးလစ္ပီႏွင့္ေပၚတူဂီသမၼတမာစယ္လိုရီဘီလိုဒီဆူဆာတို႔က၂၀၃၀ကမာၻ႔ဖလားၿပိဳင္ပြဲကိုအိမ္ရွင္အျဖစ္က်င္းပရန္ေလွ်ာက္ထားမည္ဟုေၾကညာလာခဲ့တာလည္းျဖစ္ပါတယ္။

အက္သလက္တီကိုမက္ဒရစ္ရဲ႕Metropolitano Stadium မွာကစားခဲ့တဲ့ဂိုးမရွိတဲ့သေရက်တဲ့ပြဲမတိုင္မီႏွစ္ဖက္ကစားသမားတို႔ဟာ Vamos 2030 ဆိုတဲ့စာသားေရးသားထားတဲ့တီရွပ္မ်ားကိုဝတ္ဆင္ခဲ့ၾကပါတယ္။

ေပၚတူဂီေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌႏွင့္စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌတို႔ဟာၿပီးခဲ့တဲ့ေအာက္တိုဘာလကတည္းက၂၀၃၀ကမာၻ႔ဖလားအားပူးတြဲအိမ္ရွင္အျဖစ္က်င္းပရန္သေဘာတူညီမႈရယူထားခဲ့ၾကတာလည္းျဖစ္ပါတယ္။

၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲကိုကာတာကက်င္းပခြင့္ရရွိထားၿပီး၂၀၂၆ကမာၻ႔ဖလားၿပိဳင္ပြဲကိုကေနဒါ၊အေမရိကန္ႏွင့္မကၠဆီကိုတို႔ကပူးတြဲအိမ္ရွင္အျဖစ္က်င္းပသြားပါမယ္။

ဖီဖာဟာ၂၀၃၀ကမာၻ႔ဖလားအိမ္ရွင္ႏိုင္ငံအား၂၀၂၄ခုႏွစ္တြင္ေ႐ြးခ်ယ္သြားပါမယ္။စပိန္ႏွင့္ေပၚတူဂီတို႔ဟာ၂၀၃၀ကမာၻ႔ဖလားအိမ္ရွင္အျဖစ္က်င္းပခြင့္အတြက္ၿဗိတိန္ႏွင့္အိုင္ယာလန္၊အာဂ်င္တီးနား၊ပါရာေဂြး၊ဥ႐ုေဂြး၊ခ်ီလီတို႔ရဲ႕ယွဥ္ၿပိဳင္မႈနဲ႔ရင္ဆိုင္ရပါမယ္။