၂၀၃၀ ကမ္ဘာ့ဖလားအား အီတလီနှင့် ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပရေး လျှောက်ထားရန် ဆော်ဒီစီစဉ်နေ

ဆော်ဒီနှင့်အီတလီတို့ဟာ၂၀၃၀ကမ္ဘာ့ဖလားပြိုင်ပွဲအားပူးတွဲအိမ်ရှင်အဖြစ်ကျင်းပပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအားအရှေ့အလယ်ပိုင်းနှင့်ဥရောပတို့တွင်ခွဲ၍ ကျင်းပနိုင်ရေးလျှောက်ထားရန်စီစဉ်နေပါတယ်။

ယူရို၂၀၂၀ပြိုင်ပွဲကိုဥရောပတလွှားမြို့များတွင်ကျင်းပခဲ့ရာမှာပရိသတ်များမှာကိုဗစ်ကန့်သတ်ချက်ကြောင့်ခရီးသွားလာရေးအတွက်အဆင်မပြေဖြစ်ကာအခက်တွေ့ခဲ့ကြပါတယ်။

ဒါ့အပြင်ပရိသတ်များဟာလာမယ့်နှစ်မှာကာတာတွင်ကျင်းပမယ့်၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကိုဆောင်းရာသီတွင်ကျင်းပရန်စီစဉ်ထားမှုအပေါ်တွင်လည်းမနှစ်မသက်ဖြစ်နေကြပါတယ်။

The Athletic ကဆော်ဒီဟာအီတလီနှင့်ပူးပေါင်းကာ၂၀၃၀ကမ္ဘာ့ဖလားပြိုင်ပွဲအားအိမ်ရှင်အဖြစ်ကျင်းပရန်လျှောက်ထားရန်စီစဉ်နေကြောင်းသိရပါတယ်။

ဆော်ဒီက၂၀၃၀ကမ္ဘာ့ဖလားကိုအိမ်ရှင်အဖြစ်ကျင်းပရေးအတွက် ယူရို၂၀၂၀ ချန်ပီယံ နှင့်ပူးပေါင်းမှုကအိမ်ရှင်ဖြစ်ခွင့်အတွက်အခွင့်အရေးပိုသာလာမယ်လို့ယုံကြည်နေပါတယ်။တစ်ဖက်တွင်ဖီဖာကလည်းကမ္ဘာ့ဖလားပြိုင်ပွဲကိုတစ်နိုင်ငံတည်းတွင်ကျင်းပတာအလိုမရှိပါဘူး။

အမေရိကန်ကုမ္ပဏီ Boston Consultancy Group ဟာအရှေ့အလယ်ပိုင်းနိုင်ငံ ဆော်ဒီကို ကမ္ဘာ့ဖလားကျင်းပခွင့်ရရှိရေးအတွက်နောက်ကွယ်မှဗျူဟာများချမှတ်ပေးနေပါတယ်။၎င်းတို့ကဆော်ဒီအတွက်အာဖရိကနိုင်ငံတစ်ခု(သို့မဟုတ်)ဥရောပနိုင်ငံတစ်နိုင်ငံနှင့်ပူးပေါင်းပါကအခွင့်အရေးပိုသာလာမယ်လို့ယုံကြည်နေတာလည်းဖြစ်ပါတယ်။

ဥရောပနှင့်အရှေ့အလယ်ပိုင်းအကြားတွင်မိုင်ပေါင်း၂၂၀၀ကျော်ဝေးကွာသော်လည်း ယူရို၂၀၂၀တုန်းကလန်ဒန်နှင့်ဘာကုအကြားတွင်ယင်းမိုင်ပမာဏကွာခြားခဲ့ရာ ကွာဝေးနေမှုကပြဿနာတစ်ရပ်ဖြစ်မနေပါဘူး။

အီတလီကလည်းယူရို၂၀၂၈ (သို့မဟုတ်)၂၀၃၀ကမ္ဘာ့ဖလားပြိုင်ပွဲကိုအိမ်ရှင်အဖြစ်ကျင်းပရေးလျှောက်ထားဖို့စီစဉ်ထားပါတယ်။

လက်ရှိအချိန်တွင်၂၀၃၀ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကျင်းပရန် လျှောက်ထားမယ့်နိုင်ငံများအဖြစ် အင်္ဂလန်/စကော့တလန်/ဝေးလ်/မြောက်အိုင်ယာလန်/အိုင်ယာလန်၊စပိန်/ပေါ်တူဂီတို့ကကြေညာထားကြပါတယ်။

ZawGyi

၂၀၃၀ ကမာၻ႔ဖလားအား အီတလီႏွင့္ ပူးတြဲအိမ္ရွင္အျဖစ္က်င္းပေရး ေလွ်ာက္ထားရန္ ေဆာ္ဒီစီစဥ္ေန

ေဆာ္ဒီႏွင့္အီတလီတို႔ဟာ၂၀၃၀ကမာၻ႔ဖလားၿပိဳင္ပြဲအားပူးတြဲအိမ္ရွင္အျဖစ္က်င္းပၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲအားအေရွ႕အလယ္ပိုင္းႏွင့္ဥေရာပတို႔တြင္ခြဲ၍ က်င္းပႏိုင္ေရးေလွ်ာက္ထားရန္စီစဥ္ေနပါတယ္။

ယူ႐ို၂၀၂၀ၿပိဳင္ပြဲကိုဥေရာပတလႊားၿမိဳ႕မ်ားတြင္က်င္းပခဲ့ရာမွာပရိသတ္မ်ားမွာကိုဗစ္ကန႔္သတ္ခ်က္ေၾကာင့္ခရီးသြားလာေရးအတြက္အဆင္မေျပျဖစ္ကာအခက္ေတြ႕ခဲ့ၾကပါတယ္။

ဒါ့အျပင္ပရိသတ္မ်ားဟာလာမယ့္ႏွစ္မွာကာတာတြင္က်င္းပမယ့္၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲကိုေဆာင္းရာသီတြင္က်င္းပရန္စီစဥ္ထားမႈအေပၚတြင္လည္းမႏွစ္မသက္ျဖစ္ေနၾကပါတယ္။

The Athletic ကေဆာ္ဒီဟာအီတလီႏွင့္ပူးေပါင္းကာ၂၀၃၀ကမာၻ႔ဖလားၿပိဳင္ပြဲအားအိမ္ရွင္အျဖစ္က်င္းပရန္ေလွ်ာက္ထားရန္စီစဥ္ေနေၾကာင္းသိရပါတယ္။

ေဆာ္ဒီက၂၀၃၀ကမာၻ႔ဖလားကိုအိမ္ရွင္အျဖစ္က်င္းပေရးအတြက္ ယူ႐ို၂၀၂၀ ခ်န္ပီယံ ႏွင့္ပူးေပါင္းမႈကအိမ္ရွင္ျဖစ္ခြင့္အတြက္အခြင့္အေရးပိုသာလာမယ္လို႔ယုံၾကည္ေနပါတယ္။တစ္ဖက္တြင္ဖီဖာကလည္းကမာၻ႔ဖလားၿပိဳင္ပြဲကိုတစ္ႏိုင္ငံတည္းတြင္က်င္းပတာအလိုမရွိပါဘူး။

အေမရိကန္ကုမၸဏီ Boston Consultancy Group ဟာအေရွ႕အလယ္ပိုင္းႏိုင္ငံ ေဆာ္ဒီကို ကမာၻ႔ဖလားက်င္းပခြင့္ရရွိေရးအတြက္ေနာက္ကြယ္မွဗ်ဴဟာမ်ားခ်မွတ္ေပးေနပါတယ္။၎တို႔ကေဆာ္ဒီအတြက္အာဖရိကႏိုင္ငံတစ္ခု(သို႔မဟုတ္)ဥေရာပႏိုင္ငံတစ္ႏိုင္ငံႏွင့္ပူးေပါင္းပါကအခြင့္အေရးပိုသာလာမယ္လို႔ယုံၾကည္ေနတာလည္းျဖစ္ပါတယ္။

ဥေရာပႏွင့္အေရွ႕အလယ္ပိုင္းအၾကားတြင္မိုင္ေပါင္း၂၂၀၀ေက်ာ္ေဝးကြာေသာ္လည္း ယူ႐ို၂၀၂၀တုန္းကလန္ဒန္ႏွင့္ဘာကုအၾကားတြင္ယင္းမိုင္ပမာဏကြာျခားခဲ့ရာ ကြာေဝးေနမႈကျပႆနာတစ္ရပ္ျဖစ္မေနပါဘူး။

အီတလီကလည္းယူ႐ို၂၀၂၈ (သို႔မဟုတ္)၂၀၃၀ကမာၻ႔ဖလားၿပိဳင္ပြဲကိုအိမ္ရွင္အျဖစ္က်င္းပေရးေလွ်ာက္ထားဖို႔စီစဥ္ထားပါတယ္။

လက္ရွိအခ်ိန္တြင္၂၀၃၀ကမာၻ႔ဖလားအိမ္ရွင္အျဖစ္ က်င္းပရန္ ေလွ်ာက္ထားမယ့္ႏိုင္ငံမ်ားအျဖစ္ အဂၤလန္/စေကာ့တလန္/ေဝးလ္/ေျမာက္အိုင္ယာလန္/အိုင္ယာလန္၊စပိန္/ေပၚတူဂီတို႔ကေၾကညာထားၾကပါတယ္။