၂၁ရာစုရဲ့အကောင်းဆုံးနည်းပြကိုရွေးချယ်လာပြီ

နိုင်ငံတကာဘောလုံးသမိုင်းနှင့်စာရင်းအင်းအဖွဲ့ချုပ်(IFFHS)ဟာ၂၁ရာစုရဲ့ကမ္ဘာ့အကောင်းဆုံးနည်းပြများကိုရွေးချယ်မှုပြုလုပ်လာပါတယ်။

IFFHS ဟာပြီးခဲ့တဲ့နှစ်၂၀အတွင်းအကောင်းဆုံးနည်းပြကိုရွေးချယ်လာခဲ့တာဖြစ်ပြီးစုစုပေါင်း၁၅ဦးကိုရွေးချယ်မှု ပြုလုပ်ခဲ့ပါတယ်။မော်ရင်ဟိုကအကောင်းဆုံးနည်းပြအဖြစ်ရွေးချယ်ခြင်းခံရပါတယ်။

လက်ရှိအချိန်မှာမော်ရင်ဟိုကိုင်တွယ်နေတဲ့စပါးစ်ကရုန်းကန်နေရတယ်ဆိုပေမယ့်သူဟာပေါ်တူဂီ၊အီတလီ၊စပိန်နှင့်အင်္ဂလန်တို့မှာအမှတ်ပေးဖလားများဆွတ်ခူးထားနိုင်တာကြောင့်မော်ဒန်ဘောလုံးခေတ်မှာအအောင်မြင်ဆုံးနည်းပြ များထဲမှတစ်ဦးဆိုတာငြင်းစရာမရှိပါဘူး။ဒါ့အပြင်သူဟာချန်ပီယံလိဂ်ဖလားနှစ်ကြိမ်ကိုလည်းအင်တာမီလန်၊ပေါ်တိုတို့နဲ့အတူဆွတ်ခူးထားနိုင်ပါတယ်။

IFFHS ရဲ့တတိယ အကောင်းဆုံးနည်းပြအဖြစ်မန်ယူဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်နှင့် မန်စီးတီးနည်းပြဂွါဒီယိုလာတို့ကပူးတွဲရပ်တည်နေပါတယ်။

အံ့ဩစရာကောင်းတာကတော့IFFHSရဲ့၂၁ရာစုဒုတိယအကောင်းဆုံးနည်းပြအဖြစ်ဂျာမနီနည်းပြဂျိုးအာချင်လောကရပ်တည်နေတာပါ။ဂျိုးအာချင်လောဟာဂျာမနီကိုကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်ထားနိုင်တယ်ဆိုပေ မယ့်ဒုတိယနေရာနဲ့ထိုက်တန်တယ်လို့ပြောဖို့ခက်ပါတယ်။

ထိပ်ဆုံး၅ဦးစာရင်းမှာအာဆင်နယ်နည်းပြဟောင်းအာစင်ဝင်းဂါးလည်းရွေးချယ်ခံရပြီးအဆင့်၆နေရာမှာအန်ဆယ် လော့တီကရပ်တည်နေပါတယ်။အန်ဆယ်လော့တီဟာချန်ပီယံလိဂ်ဖလားသုံးကြိမ်ဆွတ်ခူးထားနိုင်ပေမယ့်အဆင့်၆နေရာမှာရပ်တည်နေရတာပါ။ဒါ့အပြင်အဆင့်၇နေရာမှာရီးရဲလ်မက်ဒရစ်၊စပိန်တို့နှင့်အတူအောင်မြင်မှုများစွာရယူနိုင်ခဲ့တဲ့ဒယ်ဘော့စကေးကရပ်တည်နေပါတယ်။

အဆင့်၈နေရာမှာအက်သလက်တီကိုနည်းပြဆီမြွန်နီ၊အဆင့်၉နေရာမှာပြင်သစ်နည်းပြဒီဒီယာဒက်ချမ့်၊အဆင့်၁၀နေရာမှာမာဆယ်လိုဘီရဲလ်ဆာ၊အဆင့်၁၁နေရာမှာဖေဘီယိုကာပယ်လို၊အဆင့်၁၂နေရာမှာဂပ်စ်ဟူဒင့်၊အဆင့်၁၃နေရာမှာစကိုလာရီ၊အဆင့်၁၄နေရာမှာရာဖေးလ်ဘင်နီတက်ဇ်နှင့်အဆင့်၁၅နေရာမှာမာဆယ်လိုလစ်ပီတို့ပါဝင်ပါတယ်။

IFFHS ရဲ့၂၁ရာစုအကောင်းဆုံးနည်းပြ၁၅ဦးစာရင်းကိုကြည့်လိုက်ရင်အောင်မြင်မှုများစွာရယူနေတဲ့လီဗာပူးနည်းပြ ကလော့ပ်၊ရီးရဲလ်မက်ဒရစ်နည်ပြဇီဒန်းတို့မပါဝင်တာကိုတွေ့ရပါလိမ့်မယ်။ဒါကြောင့်IFFHSရဲ့ရွေးချယ်မှုကအငြင်းပွားစရာကောင်းနေတာကတော့အမှန်ပါပဲ။

ပြီးတော့ဆုဖလားကြီးကြီးမားမားရယူထားခြင်းမရှိပေမယ့်လည်းလိဒ်နည်းပြဘီရဲလ်ဆာကိုထိပ်ဆုံးဆယ်ဦးစာရင်း ထဲမှာထည့်သွင်းထားမှုကလည်းအငြင်းပွားစရာပါ။

ZawGyi

၂၁ရာစုရဲ႕အေကာင္းဆုံးနည္းျပကို ေ႐ြးခ်ယ္လာၿပီ

ႏိုင္ငံတကာေဘာလုံးသမိုင္းႏွင့္စာရင္းအင္းအဖြဲ႕ခ်ဳပ္(IFFHS)ဟာ၂၁ရာစုရဲ႕ကမာၻ႔အေကာင္းဆုံးနည္းျပမ်ားကိုေ႐ြးခ်ယ္မႈျပဳလုပ္လာပါတယ္။

IFFHS ဟာၿပီးခဲ့တဲ့ႏွစ္၂၀အတြင္းအေကာင္းဆုံးနည္းျပကိုေ႐ြးခ်ယ္လာခဲ့တာျဖစ္ၿပီးစုစုေပါင္း၁၅ဦးကိုေ႐ြးခ်ယ္မႈ ျပဳလုပ္ခဲ့ပါတယ္။ေမာ္ရင္ဟိုကအေကာင္းဆုံးနည္းျပအျဖစ္ေ႐ြးခ်ယ္ျခင္းခံရပါတယ္။

လက္ရွိအခ်ိန္မွာေမာ္ရင္ဟိုကိုင္တြယ္ေနတဲ့စပါးစ္က႐ုန္းကန္ေနရတယ္ဆိုေပမယ့္သူဟာေပၚတူဂီ၊အီတလီ၊စပိန္ႏွင့္အဂၤလန္တို႔မွာအမွတ္ေပးဖလားမ်ားဆြတ္ခူးထားႏိုင္တာေၾကာင့္ေမာ္ဒန္ေဘာလုံးေခတ္မွာအေအာင္ျမင္ဆုံးနည္းျပ မ်ားထဲမွတစ္ဦးဆိုတာျငင္းစရာမရွိပါဘူး။ဒါ့အျပင္သူဟာခ်န္ပီယံလိဂ္ဖလားႏွစ္ႀကိမ္ကိုလည္းအင္တာမီလန္၊ေပၚတိုတို႔နဲ႔အတူဆြတ္ခူးထားႏိုင္ပါတယ္။

IFFHS ရဲ႕တတိယ အေကာင္းဆုံးနည္းျပအျဖစ္မန္ယူဂႏၴဝင္နည္းျပဆာအဲလက္စ္ဖာဂူဆန္ႏွင့္ မန္စီးတီးနည္းျပဂြါဒီယိုလာတို႔ကပူးတြဲရပ္တည္ေနပါတယ္။

အံ့ဩစရာေကာင္းတာကေတာ့IFFHSရဲ႕၂၁ရာစုဒုတိယအေကာင္းဆုံးနည္းျပအျဖစ္ဂ်ာမနီနည္းျပဂ်ိဳးအာခ်င္ေလာကရပ္တည္ေနတာပါ။ဂ်ိဳးအာခ်င္ေလာဟာဂ်ာမနီကိုကမာၻ႔ဖလားဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ထားႏိုင္တယ္ဆိုေပ မယ့္ဒုတိယေနရာနဲ႔ထိုက္တန္တယ္လို႔ေျပာဖို႔ခက္ပါတယ္။

ထိပ္ဆုံး၅ဦးစာရင္းမွာအာဆင္နယ္နည္းျပေဟာင္းအာစင္ဝင္းဂါးလည္းေ႐ြးခ်ယ္ခံရၿပီးအဆင့္၆ေနရာမွာအန္ဆယ္ ေလာ့တီကရပ္တည္ေနပါတယ္။အန္ဆယ္ေလာ့တီဟာခ်န္ပီယံလိဂ္ဖလားသုံးႀကိမ္ဆြတ္ခူးထားႏိုင္ေပမယ့္အဆင့္၆ေနရာမွာရပ္တည္ေနရတာပါ။ဒါ့အျပင္အဆင့္၇ေနရာမွာရီးရဲလ္မက္ဒရစ္၊စပိန္တို႔ႏွင့္အတူေအာင္ျမင္မႈမ်ားစြာရယူႏိုင္ခဲ့တဲ့ဒယ္ေဘာ့စေကးကရပ္တည္ေနပါတယ္။

အဆင့္၈ေနရာမွာအက္သလက္တီကိုနည္းျပဆီႁမြန္နီ၊အဆင့္၉ေနရာမွာျပင္သစ္နည္းျပဒီဒီယာဒက္ခ်မ့္၊အဆင့္၁၀ေနရာမွာမာဆယ္လိုဘီရဲလ္ဆာ၊အဆင့္၁၁ေနရာမွာေဖဘီယိုကာပယ္လို၊အဆင့္၁၂ေနရာမွာဂပ္စ္ဟူဒင့္၊အဆင့္၁၃ေနရာမွာစကိုလာရီ၊အဆင့္၁၄ေနရာမွာရာေဖးလ္ဘင္နီတက္ဇ္ႏွင့္အဆင့္၁၅ေနရာမွာမာဆယ္လိုလစ္ပီတို႔ပါဝင္ပါတယ္။

IFFHS ရဲ႕၂၁ရာစုအေကာင္းဆုံးနည္းျပ၁၅ဦးစာရင္းကိုၾကည့္လိုက္ရင္ေအာင္ျမင္မႈမ်ားစြာရယူေနတဲ့လီဗာပူးနည္းျပ ကေလာ့ပ္၊ရီးရဲလ္မက္ဒရစ္နည္ျပဇီဒန္းတို႔မပါဝင္တာကိုေတြ႕ရပါလိမ့္မယ္။ဒါေၾကာင့္IFFHSရဲ႕ေ႐ြးခ်ယ္မႈကအျငင္းပြားစရာေကာင္းေနတာကေတာ့အမွန္ပါပဲ။

ၿပီးေတာ့ဆုဖလားႀကီးႀကီးမားမားရယူထားျခင္းမရွိေပမယ့္လည္းလိဒ္နည္းျပဘီရဲလ္ဆာကိုထိပ္ဆုံးဆယ္ဦးစာရင္း ထဲမွာထည့္သြင္းထားမႈကလည္းအျငင္းပြားစရာပါ။