၂၁ ကြိမ်ဂိုးပေါက်ကန်ပြီးနောက် ပထမဆုံးလီဂူး၁ သွင်းယူနိုင်ခဲ့ပြီဖြစ်တဲ့ လီယွန်နယ်မက်ဆီ

နောက်ဆုံးမှာတော့လီယွန်နယ်မက်ဆီဟာပီအက်စ်ဂျီအတွက်ပထမဆုံးလီဂူး၁ဂိုးကိုသွင်းယူလိုက်နိုင်ပြီဖြစ်ပါတယ်။မက်ဆီဟာမနေ့ညတုန်းကနန့်တက်စ်အား၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာဧရိယာအစပ်ကနေလှလှပပ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားစူပါစတားဟာ၅ပွဲဆက်ဂိုးပေါက်ပျောက်လာခဲ့ပေမယ့်လည်းမနေ့ညတုန်းကပွဲတွင်ခြေစွမ်းပြကစားနိုင်ခဲ့ကာပီအက်စ်ဂျီကိုဇယားထိပ်ဆုံးမှာ၁၃မှတ်ဖြတ်ပြီးရပ်တည်နိုင်အောင်ကူညီခဲ့ပါတယ်။

လီယွန်နယ်မက်ဆီဟာပီအက်စ်ဂျီအတွက်ပထမဆုံးလီဂူး၁သွင်းယူနိုင်ဖို့အတွက်ဂိုးပေါက်သို့၂၁ကြိမ်အထိကန်သွင်းခဲ့ရတာဖြစ်ပါတယ်။

နန့်တက်စ်နှင့်ပွဲစဉ်မှာ၁ဂိုးစီသရေကျနေချိန်မှာနာဗက်စ်အနီကတ်ပြထုတ်ပယ်ခံရလို့ပီအက်စ်ဂျီတို့တစ်ယောက်အလျှော့နဲ့ကစားခဲ့ရပါတယ်။ဒါပေမယ့်မက်ဆီဟာအဓိကနေရာမှခြေစွမ်းပြပြီးပီအက်စ်ဂျီအတွက်နိုင်ပွဲရယူပေးခဲ့ပါတယ်။

ပွဲချိန်၈၁မိနစ်မှာမက်ဆီရဲ့ဖြတ်တင်ဘောကိုဖျက်ထုတ်ရာကနေဒန်နစ်အပီယာကကိုယ့်ဂိုးကိုယ်သွင်းမိပြီးပီအက်စ်ဂျီတို့ဒုတိယဂိုးရခဲ့ပါတယ်။ယင်းနောက်ပွဲပြီးရန်၃မိနစ်အလိုမှာညာခြမ်းကနေဆွဲပြီးပြီးဧရိယာထိပ်ကနေဂိုးသွင်းယူခဲ့ပါတယ်။

အသက်၃၄နှစ်ရှိမက်ဆီဟာလီဂူး၁ပထမဆုံးဂိုးသွင်းယူနိုင်ဖို့အတွက်ဂိုးပေါက်ကန်သွင်းမှု၂၁ကြိမ်အထိပြုလုပ်ခဲ့ပြီးဂိုးပေါက်တည့်မှု၈ကြိမ်မှာပထမဆုံးဂိုးရရှိခဲ့တာဖြစ်ပါတယ်။

ZawGyi

၂၁ ႀကိမ္ဂိုးေပါက္ကန္ၿပီးေနာက္ ပထမဆုံးလီဂူး၁ သြင္းယူႏိုင္ခဲ့ၿပီျဖစ္တဲ့ လီယြန္နယ္မက္ဆီ

ေနာက္ဆုံးမွာေတာ့လီယြန္နယ္မက္ဆီဟာပီအက္စ္ဂ်ီအတြက္ပထမဆုံးလီဂူး၁ဂိုးကိုသြင္းယူလိုက္ႏိုင္ၿပီျဖစ္ပါတယ္။မက္ဆီဟာမေန႔ညတုန္းကနန႔္တက္စ္အား၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာဧရိယာအစပ္ကေနလွလွပပ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားစူပါစတားဟာ၅ပြဲဆက္ဂိုးေပါက္ေပ်ာက္လာခဲ့ေပမယ့္လည္းမေန႔ညတုန္းကပြဲတြင္ေျခစြမ္းျပကစားႏိုင္ခဲ့ကာပီအက္စ္ဂ်ီကိုဇယားထိပ္ဆုံးမွာ၁၃မွတ္ျဖတ္ၿပီးရပ္တည္ႏိုင္ေအာင္ကူညီခဲ့ပါတယ္။

လီယြန္နယ္မက္ဆီဟာပီအက္စ္ဂ်ီအတြက္ပထမဆုံးလီဂူး၁သြင္းယူႏိုင္ဖို႔အတြက္ဂိုးေပါက္သို႔၂၁ႀကိမ္အထိကန္သြင္းခဲ့ရတာျဖစ္ပါတယ္။

နန႔္တက္စ္ႏွင့္ပြဲစဥ္မွာ၁ဂိုးစီသေရက်ေနခ်ိန္မွာနာဗက္စ္အနီကတ္ျပထုတ္ပယ္ခံရလို႔ပီအက္စ္ဂ်ီတို႔တစ္ေယာက္အေလွ်ာ့နဲ႔ကစားခဲ့ရပါတယ္။ဒါေပမယ့္မက္ဆီဟာအဓိကေနရာမွေျခစြမ္းျပၿပီးပီအက္စ္ဂ်ီအတြက္ႏိုင္ပြဲရယူေပးခဲ့ပါတယ္။

ပြဲခ်ိန္၈၁မိနစ္မွာမက္ဆီရဲ႕ျဖတ္တင္ေဘာကိုဖ်က္ထုတ္ရာကေနဒန္နစ္အပီယာကကိုယ့္ဂိုးကိုယ္သြင္းမိၿပီးပီအက္စ္ဂ်ီတို႔ဒုတိယဂိုးရခဲ့ပါတယ္။ယင္းေနာက္ပြဲၿပီးရန္၃မိနစ္အလိုမွာညာျခမ္းကေနဆြဲၿပီးၿပီးဧရိယာထိပ္ကေနဂိုးသြင္းယူခဲ့ပါတယ္။

အသက္၃၄ႏွစ္ရွိမက္ဆီဟာလီဂူး၁ပထမဆုံးဂိုးသြင္းယူႏိုင္ဖို႔အတြက္ဂိုးေပါက္ကန္သြင္းမႈ၂၁ႀကိမ္အထိျပဳလုပ္ခဲ့ၿပီးဂိုးေပါက္တည့္မႈ၈ႀကိမ္မွာပထမဆုံးဂိုးရရွိခဲ့တာျဖစ္ပါတယ္။