၂၁ ရာစုတွင် လာလီဂါရဲ့စွမ်းဆောင်ရည်အမြင့်ဆုံးကစားသမားဖြစ်လာတဲ့ ဘန်ဇီးမား

ကာရမ်ဘန်ဇီးမားဟာဗုဒ္ဓဟူးနေ့တုန်းကမာယော့ကာအား၆-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင် ရီးရဲလ်မက်ဒရစ်ရဲ့သွင်းဂိုး၄ဂိုးရရှိမှုတွင်ပါဝင်နိုင်ခဲ့မှုနဲ့အတူလာလီဂါပွဲ၆ပွဲကစားပြီးချိန်တွင်ဂိုးပါဝင်ပတ်သက်မှု၁၅ကြိမ်အထိရှိလာပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာမာယော့ကာနှင့်ပွဲတွင်၂ဂိုးသွင်းနိုင်ခဲ့မှုနဲ့အတူရီးရဲလ်မက်ဒရစ်အတွက်လာလီဂါသွင်းဂိုး၂၀၀လည်းပြည့်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာမာယော့ကာနိုင်ပွဲနဲ့အတူဒုတိယနေရာမှအက်သလက်တီကိုအား၂မှတ်ဖြတ်ကာလာလီဂါအမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်နိုင်ခဲ့ပါတယ်။

ဘန်ဇီးမားဟာယခုရာသီတွင်လာလီဂါပွဲစဉ်၆အပြီးတွင်ဂိုးရရှိရာတွင်ပါဝင်ပတ်သက်မှု၁၅ကြိမ်(၈ဂိုး/၇ကြိမ်ဖန်တီး)ရှိလာမှုနဲ့အတူ၂၁ရာစုတွင်လာလီဂါပွဲစဉ်၆အပြီးတွင် ဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

အသင်းလိုက်အနေဖြင့်ရီးရဲလ်မက်ဒရစ်ဟာ၁၉၈၇-၈၈ရာသီနောက်ပိုင်းတွင်ဂိုးအများဆုံးရရှိမှုအဖြစ်၂၁ဂိုးအထိရရှိထားပါတယ်။

မနေ့ညတုန်းကမာယော့ကာအားအနိုင်ရရှိတဲ့ပွဲစဉ်တွင်ရီးရဲလ်မက်ဒရစ်အလယ်တန်းကစားသမားအဆန်စီယိုမှာဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာလာမယ့်တနင်္ဂနွေနေ့တွင်ဘာနေဗျူးကွင်းတွင်ဗီလာရီးရဲလ်အားဧည့်ခံကစားရပါမယ်။

ZawGyi

၂၁ ရာစုတြင္ လာလီဂါရဲ႕စြမ္းေဆာင္ရည္အျမင့္ဆုံးကစားသမားျဖစ္လာတဲ့ ဘန္ဇီးမား

ကာရမ္ဘန္ဇီးမားဟာဗုဒၶဟူးေန႔တုန္းကမာေယာ့ကာအား၆-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ ရီးရဲလ္မက္ဒရစ္ရဲ႕သြင္းဂိုး၄ဂိုးရရွိမႈတြင္ပါဝင္ႏိုင္ခဲ့မႈနဲ႔အတူလာလီဂါပြဲ၆ပြဲကစားၿပီးခ်ိန္တြင္ဂိုးပါဝင္ပတ္သက္မႈ၁၅ႀကိမ္အထိရွိလာပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာမာေယာ့ကာႏွင့္ပြဲတြင္၂ဂိုးသြင္းႏိုင္ခဲ့မႈနဲ႔အတူရီးရဲလ္မက္ဒရစ္အတြက္လာလီဂါသြင္းဂိုး၂၀၀လည္းျပည့္ခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာမာေယာ့ကာႏိုင္ပြဲနဲ႔အတူဒုတိယေနရာမွအက္သလက္တီကိုအား၂မွတ္ျဖတ္ကာလာလီဂါအမွတ္ေပးဇယားထိပ္ဆုံးတြင္ရပ္တည္ႏိုင္ခဲ့ပါတယ္။

ဘန္ဇီးမားဟာယခုရာသီတြင္လာလီဂါပြဲစဥ္၆အၿပီးတြင္ဂိုးရရွိရာတြင္ပါဝင္ပတ္သက္မႈ၁၅ႀကိမ္(၈ဂိုး/၇ႀကိမ္ဖန္တီး)ရွိလာမႈနဲ႔အတူ၂၁ရာစုတြင္လာလီဂါပြဲစဥ္၆အၿပီးတြင္ ဂိုးပါဝင္ပတ္သက္မႈအမ်ားဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။

အသင္းလိုက္အေနျဖင့္ရီးရဲလ္မက္ဒရစ္ဟာ၁၉၈၇-၈၈ရာသီေနာက္ပိုင္းတြင္ဂိုးအမ်ားဆုံးရရွိမႈအျဖစ္၂၁ဂိုးအထိရရွိထားပါတယ္။

မေန႔ညတုန္းကမာေယာ့ကာအားအႏိုင္ရရွိတဲ့ပြဲစဥ္တြင္ရီးရဲလ္မက္ဒရစ္အလယ္တန္းကစားသမားအဆန္စီယိုမွာဟက္ထရစ္သြင္းယူႏိုင္ခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာလာမယ့္တနဂၤေႏြေန႔တြင္ဘာေနဗ်ဴးကြင္းတြင္ဗီလာရီးရဲလ္အားဧည့္ခံကစားရပါမယ္။