၂၂ နှစ်သာ ရှိသေးသော်လည်း ပြင်သစ်လက်ရွေးစင်မှ အနားယူရန် ဘက်ပေး စဉ်းစားနေ

ပီအက်စ်ဂျီစတားကိုင်လီယန်ဘက်ပေးကပြင်သစ်လက်ရွေးစင်ကစားသမားဘဝမှအနားယူရန်စဉ်းစားနေကြောင်းဖွင့်ဟပြောကြားလိုက်ပါတယ်။

နွေရာသီတုန်းကယူရို၂၀၂၀ပြိုင်ပွဲတွင်ကိုင်လီယန်ဘက်ပေးဟာဆွစ်ဇာလန်နှင့်၁၆သင်းရှုံးထွက်အဆင့်ပွဲရဲ့ပင်နယ်တီအဆုံးအဖြတ်တွင်အရေးပါတဲ့ပင်နယ်တီလွဲချော်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာဂျာမနီနှင့်ယူရို၂၀၂၀အုပ်စုအဖွင့်ပွဲမတိုင်မီ ခြေစမ်းပွဲတွင်ကစားဖော်အိုလီဗီယာဂျရူးနှင့်လည်းပြဿနာတက်ခဲ့သူဖြစ်ပါတယ်။ဂျရူးကယင်းပွဲတွင်သူ့ကိုဘက်ပေးကဘောလုံးပေးပို့ခြင်းမရှိကြောင်းဝေဖန်ခဲ့တာဖြစ်ပါတယ်။

ဘက်ပေးဟာဂျရူးရဲ့စွပ်စွဲမှုကြောင့်သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးရှင်းလင်းရန်အထိ လုပ်ဆောင်ခဲ့ပါတယ်။

ဒါကြောင့်မီဒီယာများရဲ့အသက်၂၂နှစ်ရှိဘက်ပေးရဲ့မာနကြီးတကိုယ်ကောင်းဆန်မှုကြောင့်ပြင်သစ်အသင်းအတွင်းအထစ်အငေါ့များဖြစ်နေကြောင်းရေးသားခဲ့ကြပါတယ်။

ယခုအခါဘက်ပေးက “ပြင်သစ်လက်ရွေးစင်အသင်းကို အားလုံးထက်အရေးပါတဲ့နေရာမှာထားထားပါတယ်။အားလုံးထက်လည်းပိုအလေးထက်ထားပါတယ်။ပြင်သစ်အတွက်ကစားခွင့်အတွက်ယူရိုတပြားမှလည်းမယူပါဘူး။ပြင်သစ်အတွက်အမြဲတမ်း ငွေတပြားမှမယူဘဲကစားလာခဲ့တာပါ။ဒီတော့ပြဿနာလည်းမဖြစ်ချင်ပါဘူး။ဒါပေမယ့် ကျွန်တော်ကပြင်သစ်အတွက်ပြဿနာတစ်ရပ်ဖြစ်နေပြီလို့ခံစားရတဲ့ကာလရှိလာပါတယ်။ ပြင်သစ်အသင်းကအရေးအပါဆုံးပဲ။ကျွန်တော်မပါလည်းပြင်သစ်အသင်းကပျော်နေတယ်ဆိုတာပေါ့”လို့ပြောကြားသွားပါတယ်။

ဘက်ပေးဟာပြင်သစ်အသင်းအတွက်ပွဲ၅၀ကစားရန်နီးစပ်နေပြီဖြစ်သူဖြစ်ပြီး၂၀၁၈ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။

ဒါ့အပြင်ဘက်ပေးကဘူခါရက်စ်တွင်အရေးပါတဲ့ပင်နယ်တီလွဲချော်မှုမှာသူ့ကစားသမားဘဝရဲ့အနိမ့်ကျဆုံးကာလဖြစ်ကြောင်းလည်းဆိုသွားပါတယ်။

ZawGyi

၂၂ ႏွစ္သာ ရွိေသးေသာ္လည္း ျပင္သစ္လက္ေ႐ြးစင္မွ အနားယူရန္ ဘက္ေပး စဥ္းစားေန

ပီအက္စ္ဂ်ီစတားကိုင္လီယန္ဘက္ေပးကျပင္သစ္လက္ေ႐ြးစင္ကစားသမားဘဝမွအနားယူရန္စဥ္းစားေနေၾကာင္းဖြင့္ဟေျပာၾကားလိုက္ပါတယ္။

ေႏြရာသီတုန္းကယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ကိုင္လီယန္ဘက္ေပးဟာဆြစ္ဇာလန္ႏွင့္၁၆သင္းရႈံးထြက္အဆင့္ပြဲရဲ႕ပင္နယ္တီအဆုံးအျဖတ္တြင္အေရးပါတဲ့ပင္နယ္တီလြဲေခ်ာ္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာဂ်ာမနီႏွင့္ယူ႐ို၂၀၂၀အုပ္စုအဖြင့္ပြဲမတိုင္မီ ေျခစမ္းပြဲတြင္ကစားေဖာ္အိုလီဗီယာဂ်႐ူးႏွင့္လည္းျပႆနာတက္ခဲ့သူျဖစ္ပါတယ္။ဂ်႐ူးကယင္းပြဲတြင္သူ႔ကိုဘက္ေပးကေဘာလုံးေပးပို႔ျခင္းမရွိေၾကာင္းေဝဖန္ခဲ့တာျဖစ္ပါတယ္။

ဘက္ေပးဟာဂ်႐ူးရဲ႕စြပ္စြဲမႈေၾကာင့္သတင္းစာရွင္းလင္းပြဲျပဳလုပ္ၿပီးရွင္းလင္းရန္အထိ လုပ္ေဆာင္ခဲ့ပါတယ္။

ဒါေၾကာင့္မီဒီယာမ်ားရဲ႕အသက္၂၂ႏွစ္ရွိဘက္ေပးရဲ႕မာနႀကီးတကိုယ္ေကာင္းဆန္မႈေၾကာင့္ျပင္သစ္အသင္းအတြင္းအထစ္အေငါ့မ်ားျဖစ္ေနေၾကာင္းေရးသားခဲ့ၾကပါတယ္။

ယခုအခါဘက္ေပးက “ျပင္သစ္လက္ေ႐ြးစင္အသင္းကို အားလုံးထက္အေရးပါတဲ့ေနရာမွာထားထားပါတယ္။အားလုံးထက္လည္းပိုအေလးထက္ထားပါတယ္။ျပင္သစ္အတြက္ကစားခြင့္အတြက္ယူ႐ိုတျပားမွလည္းမယူပါဘူး။ျပင္သစ္အတြက္အၿမဲတမ္း ေငြတျပားမွမယူဘဲကစားလာခဲ့တာပါ။ဒီေတာ့ျပႆနာလည္းမျဖစ္ခ်င္ပါဘူး။ဒါေပမယ့္ ကြၽန္ေတာ္ကျပင္သစ္အတြက္ျပႆနာတစ္ရပ္ျဖစ္ေနၿပီလို႔ခံစားရတဲ့ကာလရွိလာပါတယ္။ ျပင္သစ္အသင္းကအေရးအပါဆုံးပဲ။ကြၽန္ေတာ္မပါလည္းျပင္သစ္အသင္းကေပ်ာ္ေနတယ္ဆိုတာေပါ့”လို႔ေျပာၾကားသြားပါတယ္။

ဘက္ေပးဟာျပင္သစ္အသင္းအတြက္ပြဲ၅၀ကစားရန္နီးစပ္ေနၿပီျဖစ္သူျဖစ္ၿပီး၂၀၁၈ကမာၻ႔ဖလားဆြတ္ခူးႏိုင္ေအာင္အဓိကေနရာမွကူညီခဲ့သူလည္းျဖစ္ပါတယ္။

ဒါ့အျပင္ဘက္ေပးကဘူခါရက္စ္တြင္အေရးပါတဲ့ပင္နယ္တီလြဲေခ်ာ္မႈမွာသူ႔ကစားသမားဘဝရဲ႕အနိမ့္က်ဆုံးကာလျဖစ္ေၾကာင္းလည္းဆိုသြားပါတယ္။