၂၃၉မိနစ်ကြာအသုံးပြုပြီးနောက် ဆောလ်နီဂွက်ဇ်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီဖြစ်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာပွဲငါးပွဲတွင်၂၃၉မိနစ်ကြာအသုံပြုပြီးနောက်ဆောလ်နီဂွက်ဇ်ကို အက်သလက်တီကိုမက်ဒရစ်သို့ပြန်ပို့ရန်ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။

စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာနွေရာသီတုန်းကချန်ပီယံလိဂ်ချန်ပီယံသို့တစ်ရာသီအငှားဖြင့်ရောက်လာခဲ့တာဖြစ်ပါတယ်။အက်သလက်တီကိုနည်းပြဆီမြွန်နီဟာအန်တိုနီယိုဂရက်ဇ်မန်းကိုပြန်လည်ခေါ်ယူနိုင်ရန်အတွက်ဆောလ်နီဂွက်ဇ်ကိုအငှားချခဲ့တာလည်းဖြစ်ပါတယ်။

ဆောလ်နီဂွက်ဇ်ဟာကလပ်အဆင့်နိုင်ငံတကာအဆင့်တို့တွင်လည်းထိပ်ဆုံးခြေစွမ်းပြလာခဲ့ရာချဲလ်ဆီးအလယ်တန်းအတွက်ကောင်းမွန်တဲ့အားဖြည့်မှုတစ်ခုဖြစ်လာမယ်လို့အားလုံးကယုံကြည်ခဲ့ပါတယ်။ချဲလ်ဆီးကလည်းသူ့ကိုတစ်ရာသီအငှားဖြင့်ခေါ်ယူရာမှာအပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ကိုပါ တပါတည်းထည့်သွင်းထားခဲ့ပါတယ်။

ဒါပေမယ့်ဆောလ်နီဂွက်ဇ်ရဲ့စတမ်းဖို့ဒ်ဘရစ်ချ်ခရီးကတာထွက်ကတည်းက ဆိုးရွားနေခဲ့ပါတယ်။သူဟာပထမဆုံးပွဲထွက်ကစားတဲ့ဗီလာနှင့်ပွဲစဉ်မှာပထမပိုင်းမှာတင်လူစားလဲခြင်းခဲ့ပါတယ်။နည်းပြတူချယ်ကကစားသမားမှာကြီးမားတဲ့အမှားအချို့ပြုလုပ်ခဲ့သလိုဘောလုံးပေးပို့မှုအမှားများပြုလုပ်ခဲ့ကြောင်းဝေဖန်ခဲ့ပါတယ်။

ယင်းနောက်ပိုင်းတွင်သူဟာတစ်ပွဲတည်းသာပွဲထွက်ခွင့်ရရှိခဲ့ပြီးခါရာဘောင်ဖလားမှာရရှိပါတယ်။ဆောလ်နီဂွက်ဇ်ဟာယခုရာသီမှာချဲလ်ဆီးတတိယဦးစားပေးဂိုးသမားမားကပ်စ်ဘက်တီနယ်လီထက်ပွဲကစားချိန်အနည်းငယ်မျှသာပိုရထားပါတယ်။

Marca သတင်းစာကချဲလ်ဆီးဟာဆောလ်နီဂွက်ဇ်အပေါ်တွင်စိတ်ရှည်မှုကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီးလာမယ့်ဇန်နဝါရီတွင်အက်သလက်တီကိုသို့ပြန်ပို့မယ်လို့ဖော်ပြထားပါတယ်။

ဆောလ်နီဂွက်ဇ်ရဲ့စာချုပ်အတွင်းမှာအငှားစာချုပ်ကိုဖျက်သိမ်းနိုင်မယ့်အချက်ပါဝင်သလားဆိုတာကိုတော့အတိအကျမသိရသေးပါဘူး။

ဆောလ်နီဂွက်ဇ်ဟာချဲလ်ဆီးအသင်းတွင်နေရာရရှိရန်ရုန်းကန်ရမှုနှင့်အတူ စပိန်လက်ရွေးစင်အသင်းမှာလည်းချန်လှပ်ခံလာရပါတယ်။

ZawGyi

၂၃၉မိနစ္ၾကာအသုံးျပဳၿပီးေနာက္ ေဆာလ္နီဂြက္ဇ္ႏွင့္ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္တစ္ခုခ်လိုက္ၿပီျဖစ္တဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးဟာပြဲငါးပြဲတြင္၂၃၉မိနစ္ၾကာအသုံျပဳၿပီးေနာက္ေဆာလ္နီဂြက္ဇ္ကို အက္သလက္တီကိုမက္ဒရစ္သို႔ျပန္ပို႔ရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ေၾကာင္းသိရပါတယ္။

စပိန္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာေႏြရာသီတုန္းကခ်န္ပီယံလိဂ္ခ်န္ပီယံသို႔တစ္ရာသီအငွားျဖင့္ေရာက္လာခဲ့တာျဖစ္ပါတယ္။အက္သလက္တီကိုနည္းျပဆီႁမြန္နီဟာအန္တိုနီယိုဂရက္ဇ္မန္းကိုျပန္လည္ေခၚယူႏိုင္ရန္အတြက္ေဆာလ္နီဂြက္ဇ္ကိုအငွားခ်ခဲ့တာလည္းျဖစ္ပါတယ္။

ေဆာလ္နီဂြက္ဇ္ဟာကလပ္အဆင့္ႏိုင္ငံတကာအဆင့္တို႔တြင္လည္းထိပ္ဆုံးေျခစြမ္းျပလာခဲ့ရာခ်ဲလ္ဆီးအလယ္တန္းအတြက္ေကာင္းမြန္တဲ့အားျဖည့္မႈတစ္ခုျဖစ္လာမယ္လို႔အားလုံးကယုံၾကည္ခဲ့ပါတယ္။ခ်ဲလ္ဆီးကလည္းသူ႔ကိုတစ္ရာသီအငွားျဖင့္ေခၚယူရာမွာအၿပီးသတ္ေခၚယူႏိုင္မယ့္အခ်က္ကိုပါ တပါတည္းထည့္သြင္းထားခဲ့ပါတယ္။

ဒါေပမယ့္ေဆာလ္နီဂြက္ဇ္ရဲ႕စတမ္းဖို႔ဒ္ဘရစ္ခ်္ခရီးကတာထြက္ကတည္းက ဆိုး႐ြားေနခဲ့ပါတယ္။သူဟာပထမဆုံးပြဲထြက္ကစားတဲ့ဗီလာႏွင့္ပြဲစဥ္မွာပထမပိုင္းမွာတင္လူစားလဲျခင္းခဲ့ပါတယ္။နည္းျပတူခ်ယ္ကကစားသမားမွာႀကီးမားတဲ့အမွားအခ်ိဳ႕ျပဳလုပ္ခဲ့သလိုေဘာလုံးေပးပို႔မႈအမွားမ်ားျပဳလုပ္ခဲ့ေၾကာင္းေဝဖန္ခဲ့ပါတယ္။

ယင္းေနာက္ပိုင္းတြင္သူဟာတစ္ပြဲတည္းသာပြဲထြက္ခြင့္ရရွိခဲ့ၿပီးခါရာေဘာင္ဖလားမွာရရွိပါတယ္။ေဆာလ္နီဂြက္ဇ္ဟာယခုရာသီမွာခ်ဲလ္ဆီးတတိယဦးစားေပးဂိုးသမားမားကပ္စ္ဘက္တီနယ္လီထက္ပြဲကစားခ်ိန္အနည္းငယ္မွ်သာပိုရထားပါတယ္။

Marca သတင္းစာကခ်ဲလ္ဆီးဟာေဆာလ္နီဂြက္ဇ္အေပၚတြင္စိတ္ရွည္မႈကုန္ဆုံးသြားခဲ့ၿပီျဖစ္ၿပီးလာမယ့္ဇန္နဝါရီတြင္အက္သလက္တီကိုသို႔ျပန္ပို႔မယ္လို႔ေဖာ္ျပထားပါတယ္။

ေဆာလ္နီဂြက္ဇ္ရဲ႕စာခ်ဳပ္အတြင္းမွာအငွားစာခ်ဳပ္ကိုဖ်က္သိမ္းႏိုင္မယ့္အခ်က္ပါဝင္သလားဆိုတာကိုေတာ့အတိအက်မသိရေသးပါဘူး။

ေဆာလ္နီဂြက္ဇ္ဟာခ်ဲလ္ဆီးအသင္းတြင္ေနရာရရွိရန္႐ုန္းကန္ရမႈႏွင့္အတူ စပိန္လက္ေ႐ြးစင္အသင္းမွာလည္းခ်န္လွပ္ခံလာရပါတယ္။