၂၃ နှစ်ကြာ ဆိုးလ်ရှားရဲ့စံချိန်ကို ရိုက်ချိုးလာတဲ့ စကော့မက်တိုမီနေး

စကော့မက်တိုမီနေးဟာကြာသပတေးနေ့တုန်းက အိုမိုနီယာနီကိုရှားကိုမန်ချက်စတာယူနိုက်တက်အနိုင်ရရှိတဲ့ပွဲစဉ်မှာအရန်ခုံမှထလာပြီးအနိုင်ဂိုးသွင်းယူခဲ့ပြီးတဲ့နောက် ၂၃နှစ်ကြာစံချိန်ကိုရိုက်ချိုးလာပါတယ်။

ယူနိုက်တက်ဟာကြားရက်တုန်းကအိုးထရက်ဖို့ဒ်ပွဲစဉ်တွင် အိုမိုနီယာဂိုးသမားဖရန်ဆစ်အူဇိုဟိုလက်စွမ်းပြကစားနေမှုနှင့်အတူ ဂိုးသွင်းရေခက်ခဲတဲ့ညတစ်ညကြုံတွေ့ခဲ့ရပါတယ်။

အိုမိုနီယာဂိုးသမားအူဇိုဟိုဟာကန်ချက်၁၁ကြိမ်အထိကာကွယ်သွားနိုင်ခဲ့ပြီး ဆိုက်ပရပ်စ်ကလပ်မှာအိုးထရက်ဖို့ဒ်တွင်ရမှတ်တစ်မှတ်ရယူလာမယ့်အခြေအနေမျိုးမှာရှိနေခဲ့ပါတယ်။

ဒါပေမဲ့ လူစားဝင်လာတဲ့စကော့မက်တိုမီနေးဟာပွဲပြီးခါနီးနာကျင်အချိန်ပိုမှာအနိုင်ဂိုးသွင်းခဲ့တာကြောင့်ယူနိုက်တက်တို့၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

အသက်၂၅နှစ်ရှိစကော့တလန်လက်ရွေးစင်ဟာယင်းဂိုးကြောင့်စံချိန်တစ်ခုလည်းရေးထိုးနိုင်ခဲ့ပါတယ်။

သူဟာ၁၉၉၉ခုနှစ်တုန်းကနူးကမ့်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အိုလီဂန်းဆိုးလ်ရှား လူစားဝင်လာပြီးဂိုးသွင်းယူခဲ့ပြီးနောက် အချိန်ပိုတွင်ယူနိုက်တက်အတွက် လူစားဝင်ကာဂိုးသွင်းနိုင်တဲ့ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းရေးထိုးလာနိုင်ခဲ့ပါတယ်။

ZawGyi

၂၃ ႏွစ္ၾကာ ဆိုးလ္ရွားရဲ႕စံခ်ိန္ကို ႐ိုက္ခ်ိဳးလာတဲ့ စေကာ့မက္တိုမီေနး

စေကာ့မက္တိုမီေနးဟာၾကာသပေတးေန႔တုန္းက အိုမိုနီယာနီကိုရွားကိုမန္ခ်က္စတာယူႏိုက္တက္အႏိုင္ရရွိတဲ့ပြဲစဥ္မွာအရန္ခုံမွထလာၿပီးအႏိုင္ဂိုးသြင္းယူခဲ့ၿပီးတဲ့ေနာက္ ၂၃ႏွစ္ၾကာစံခ်ိန္ကို႐ိုက္ခ်ိဳးလာပါတယ္။

ယူႏိုက္တက္ဟာၾကားရက္တုန္းကအိုးထရက္ဖို႔ဒ္ပြဲစဥ္တြင္ အိုမိုနီယာဂိုးသမားဖရန္ဆစ္အူဇိုဟိုလက္စြမ္းျပကစားေနမႈႏွင့္အတူ ဂိုးသြင္းေရခက္ခဲတဲ့ညတစ္ညႀကဳံေတြ႕ခဲ့ရပါတယ္။

အိုမိုနီယာဂိုးသမားအူဇိုဟိုဟာကန္ခ်က္၁၁ႀကိမ္အထိကာကြယ္သြားႏိုင္ခဲ့ၿပီး ဆိုက္ပရပ္စ္ကလပ္မွာအိုးထရက္ဖို႔ဒ္တြင္ရမွတ္တစ္မွတ္ရယူလာမယ့္အေျခအေနမ်ိဳးမွာရွိေနခဲ့ပါတယ္။

ဒါေပမဲ့ လူစားဝင္လာတဲ့စေကာ့မက္တိုမီေနးဟာပြဲၿပီးခါနီးနာက်င္အခ်ိန္ပိုမွာအႏိုင္ဂိုးသြင္းခဲ့တာေၾကာင့္ယူႏိုက္တက္တို႔၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

အသက္၂၅ႏွစ္ရွိစေကာ့တလန္လက္ေ႐ြးစင္ဟာယင္းဂိုးေၾကာင့္စံခ်ိန္တစ္ခုလည္းေရးထိုးႏိုင္ခဲ့ပါတယ္။

သူဟာ၁၉၉၉ခုႏွစ္တုန္းကႏူးကမ့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ အိုလီဂန္းဆိုးလ္ရွား လူစားဝင္လာၿပီးဂိုးသြင္းယူခဲ့ၿပီးေနာက္ အခ်ိန္ပိုတြင္ယူႏိုက္တက္အတြက္ လူစားဝင္ကာဂိုးသြင္းႏိုင္တဲ့ပထမဆုံးကစားသမားအျဖစ္မွတ္တမ္းေရးထိုးလာႏိုင္ခဲ့ပါတယ္။