၂၃ နှစ်ပြည့် မွေးနေ့အား စပိန်မှာ အပန်းဖြေရင်း ပျော်ရွှင်နေတဲ့ ဘောလုံးမယ်ဟောင်းမေဒယ်လိန်းရိုက်

မေဒယ်လိန်းရိုက်ဟာသူမရဲ့အင်စတာဂရမ်ပရိသတ်များအတွက်ရင်သိမ့်ဖွယ်ဓာတ်ပုံများ တင်လာပါတယ်။ချာလ်တန်ကစားသမားဟောင်းဟာအသက်၂၃နှစ်ပြည့်မွေးနေ့အဖြစ်စပိန်နိုင်ငံ၊မာဘယ်လာသို့အပန်းဖြေခရီးရောက်နေတာဖြစ်ပြီးရင်မောဖွယ်ဓာတ်ပုံများရိုက်ကူးကာအွန်လိုင်းမှာတင်ပြီးအောင်ပွဲခံလာပါတယ်။

သူမဟာဆွဲဆောင်မှုပြည့်လွန်းလှတဲ့သူမရဲ့ခြေထောင်အလှကိုပြသထားတဲ့ဓာတ်ပုံရိုက်ကူးကာပရိသတ်များကိုမျက်စိအစာကျွေးလာတာလည်းဖြစ်ပါတယ်။

ချက်ချင်းဆိုသလိုပဲသူမရဲ့ဆွဲဆောင်မှုပြင်းလွန်းလှတဲ့ဓာတ်ပုံများဟာ ပရိသတ်တွေရဲ့အလုအယက် လိုက်ခ်ပေးခြင်းခံခဲ့ရပါတယ်။

မေဒယ်လင်းရိုက်ဟာချာလ်တန်၊မီဝေါလ်တို့မှာကစားခဲ့ဖူးသူဖြစ်ပြီးချာလ်တန်မှထွက်ခွာခဲ့ရပြီးနောက်ကလပ်လက်မဲ့ဖြစ်နေသူလည်းဖြစ်ပါတယ်။

သူဟာကလပ်သစ်ရှာဖွေမရတဲ့နောက်ပိုင်းမှာခရီးများစွာသွားလာပြီးဆိုရှယ်အင်ဖလုရင်ဇာအဖြစ်လည်းကောင်း၊Onlyfanမှာအကောင့်ဖွင့်ပြီးတော့လည်းကောင်းအလုပ်လုပ်နေပါတယ်။

ZawGyi





