၂၆ နှစ်ကြာ လက်တွဲခဲ့တဲ့ Pirelli နေရာတွင် အစားထိုးမယ့် အင်္ကျီရင်ဘတ်စပွန်ဆာကို အင်တာမီလန်ကြေညာ

အင်တာမီလန်ဟာရာသီသစ်တွင်အသုံးပြုသွားမယ့် အဓိကအင်္ကျီရင်ဘတ်စပွန်ဆာကိုကြေညာလာပါတယ်။အင်တာမီလန်ဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်မှာဆယ်စုနှစ်သုံးခုနီးပါးကြာလက်တွဲလာခဲ့တဲ့ Pirelli နှင့်လက်တွဲဖြုတ်ခဲ့ပါတယ်။

အင်တာမီလန်ဟာပြီးခဲ့တဲ့အပတ်တုန်းကရာသီသစ်တွင်ဝတ်ဆင်မယ့်အိမ်ကွင်းဝတ်စုံသစ်ကိုကြေညာခဲ့ပါတယ်။အင်တာမီလန်ဝတ်စုံသစ်ကိုအပြာရောင်၊အနက်ရောင်တို့ဖြင့်ဖန်တီးထားပြီး ပရိသတ်များနှစ်သက်ကြတာတွေ့ရပါတယ်။ဒါပေမယ့်ယင်းအင်တာမီလန်အိမ်ကွင်းဝတ်စုံသစ်မှာအင်္ကျီရင်ဘတ်စပွန်ဆာမပါဝင်ပါဘူး။

ယခုအခါမှာတော့အင်တာမီလန်ဟာအင်္ကျီရင်ဘတ်စပွန်ဆာကိုကြေညာလာပါတယ်။အင်တာမီလန်ဟာ ကမ္ဘာ့ထိပ်တန်း Blockchain ထောက်ပံ့သူ Chilz $CHZ နှင့်ပူးပေါင်းလိုက်တာဖြစ်ပါတယ်။

အင်တာမီလန်ရဲ့အင်္ကျီရင်ဘတ်မှာ $INTER Fan Token by Socios.com ကို သုံးသွားမှာဖြစ်ပါတယ်။

အင်တာမီလန်ဟာယခင်အင်္ကျီရင်ဘတ်စပွန်ဆာ ကားထုတ်လုပ်ရေးကုမ္ပဏီ Pirelli နှင့်၁၉၉၅-၉၆ ရာသီမှစတင်ကာ၂၆နှစ်တိုင်တိုင်လက်တွဲခဲ့ပါတယ်။

Pirelli စပွန်ဆာပါအင်တာမီလန်အင်္ကျီကို ထိပ်တန်းကစားသမားများဖြစ်ကြတဲ့ရော်နယ်ဒို၊အက်ဒရီယာနို၊ဝက်စ်လေဆနိုက်ဒါ၊အီဘရာဟီမိုဗစ်တို့ဝတ်ဆင်ခဲ့ကြပြီးစီးရီးအေဖလား၆ကြိမ်၊ကိုပါအီတာလီယာဖလား၄ကြိမ်၊ယူအီးအက်ဖ်အေဖလား၁ကြိမ်၊ချန်ပီယံလိဂ်၁ကြိမ်နှင့်ဖီဖာကမ္ဘာ့ကလပ်ဖလား၁ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အင်တာမီလန်ဟာမကြာမီကာလအတွင်းမှာ $INTER Fan Token ကို ကြေညာသွားဖို့ရှိနေပြီး အင်တာမီလန်ဟာစပွန်ဆာကြေးအဖြစ်တစ်နှစ်လျှင်ယူရိုသန်း၂၀ရရှိမယ်လို့သိရပါတယ်။

ZawGyi

၂၆ ႏွစ္ၾကာ လက္တြဲခဲ့တဲ့ Pirelli ေနရာတြင္ အစားထိုးမယ့္ အက်ႌရင္ဘတ္စပြန္ဆာကို အင္တာမီလန္ေၾကညာ

အင္တာမီလန္ဟာရာသီသစ္တြင္အသုံးျပဳသြားမယ့္ အဓိကအက်ႌရင္ဘတ္စပြန္ဆာကိုေၾကညာလာပါတယ္။အင္တာမီလန္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္မွာဆယ္စုႏွစ္သုံးခုနီးပါးၾကာလက္တြဲလာခဲ့တဲ့ Pirelli ႏွင့္လက္တြဲျဖဳတ္ခဲ့ပါတယ္။

အင္တာမီလန္ဟာၿပီးခဲ့တဲ့အပတ္တုန္းကရာသီသစ္တြင္ဝတ္ဆင္မယ့္အိမ္ကြင္းဝတ္စုံသစ္ကိုေၾကညာခဲ့ပါတယ္။အင္တာမီလန္ဝတ္စုံသစ္ကိုအျပာေရာင္၊အနက္ေရာင္တို႔ျဖင့္ဖန္တီးထားၿပီး ပရိသတ္မ်ားႏွစ္သက္ၾကတာေတြ႕ရပါတယ္။ဒါေပမယ့္ယင္းအင္တာမီလန္အိမ္ကြင္းဝတ္စုံသစ္မွာအက်ႌရင္ဘတ္စပြန္ဆာမပါဝင္ပါဘူး။

ယခုအခါမွာေတာ့အင္တာမီလန္ဟာအက်ႌရင္ဘတ္စပြန္ဆာကိုေၾကညာလာပါတယ္။အင္တာမီလန္ဟာ ကမာၻ႔ထိပ္တန္း Blockchain ေထာက္ပံ့သူ Chilz $CHZ ႏွင့္ပူးေပါင္းလိုက္တာျဖစ္ပါတယ္။

အင္တာမီလန္ရဲ႕အက်ႌရင္ဘတ္မွာ $INTER Fan Token by Socios.com ကို သုံးသြားမွာျဖစ္ပါတယ္။

အင္တာမီလန္ဟာယခင္အက်ႌရင္ဘတ္စပြန္ဆာ ကားထုတ္လုပ္ေရးကုမၸဏီ Pirelli ႏွင့္၁၉၉၅-၉၆ ရာသီမွစတင္ကာ၂၆ႏွစ္တိုင္တိုင္လက္တြဲခဲ့ပါတယ္။

Pirelli စပြန္ဆာပါအင္တာမီလန္အက်ႌကို ထိပ္တန္းကစားသမားမ်ားျဖစ္ၾကတဲ့ေရာ္နယ္ဒို၊အက္ဒရီယာႏို၊ဝက္စ္ေလဆႏိုက္ဒါ၊အီဘရာဟီမိုဗစ္တို႔ဝတ္ဆင္ခဲ့ၾကၿပီးစီးရီးေအဖလား၆ႀကိမ္၊ကိုပါအီတာလီယာဖလား၄ႀကိမ္၊ယူအီးအက္ဖ္ေအဖလား၁ႀကိမ္၊ခ်န္ပီယံလိဂ္၁ႀကိမ္ႏွင့္ဖီဖာကမာၻ႔ကလပ္ဖလား၁ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

အင္တာမီလန္ဟာမၾကာမီကာလအတြင္းမွာ $INTER Fan Token ကို ေၾကညာသြားဖို႔ရွိေနၿပီး အင္တာမီလန္ဟာစပြန္ဆာေၾကးအျဖစ္တစ္ႏွစ္လွ်င္ယူ႐ိုသန္း၂၀ရရွိမယ္လို႔သိရပါတယ္။