၂ နှစ်ကျန်စာချုပ်အား ဖျက်သိမ်းခြင်းခံလိုက်ရတဲ့ အာဆင်နယ်စတားဟောင်း

အာဆင်နယ်နှင့်ဝက်စ်ဟမ်းတိုက်စစ်သမားဟောင်းလူးကပ်စ်ပီရက်ဇ်ဟာစပိန်ကလပ်ဒီပို့တီဗိုအလာဗက်စ်တွင်၂ရာသီကြာကစားပြီးနောက်စာချုပ်ဖျက်သိမ်းလိုက်ပါတယ်။

အသက်၃၂နှစ်ရှိလူးကပ်စ်ပီရက်ဇ်ဟာလွန်ခဲ့တဲ့၂နှစ်တုန်းကဝက်စ်ဟမ်းမှအလာဗက်စ်သို့ပြောင်းလာပြီးနောက်၆၂ပွဲကစားခဲ့ရာတွင်၁၅ဂိုးသွင်းယူခဲ့ပါတယ်။

ယခုအခါအလာဗက်စ်ဟာလူးကပ်စ်ပီရက်ဇ်မှာ၂နှစ်စာချုပ်ကျန်နေသေးပေမယ့်လည်းနှစ်ဦးသဘောတူညီဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။

ပီရက်ဇ်ဟာအက်သလက်တီကို (ဂ)၊ဗယ်လီကာနို(ခ)အသင်းတို့တွင်ကစားပြီးနောက်ယူကရိန်း၊ဂရိတို့တွင်လည်းကျင်လည်ခဲ့ပါတယ်။သူဟာဒီပို့တီဗိုသို့ပြောင်းကာစပိန်သို့ပြန်ရောက်လာပြီးနောက်နှစ်ရာသီတွင်၂၄ဂိုးသွင်းယူနိုင်ခဲ့မှုနဲ့အတူအာဆင်နယ်သို့ပြောင်းခွင့်ရခဲ့ပါတယ်။

ပီရက်ဇ်ကိုခေါ်ယူတုန်းကအာစင်ဝင်းဂါးက “သူကဂိုးပဲသွင်းနိုင်ရုံသက်သက်မဟုတ်ပါဘူး။ကစားဖော်တွေနဲ့ချိတ်ဆက်ကစားနိုင်သူလည်းဖြစ်ပါတယ်။ပြီးတော့အဆုံးသတ်ဖန်တီးမှုနဲ့ပေးအားကောင်းမွန်တဲ့သူလည်းဖြစ်ပါတယ်”လို့သူ့အရည်အချင်းကိုချီးကျူးခဲ့ပါတယ်။

သူဟာအာဆင်နယ်အတွက်၁၁ပွဲသာကစားခွင့်ရခဲ့ပြီး၁ဂိုးတည်းသာသွင်းနိုင်ခဲ့ပါတယ်။သူဟာဒီပို့တီဗိုသို့အငှားဖြင့်သွားကစားရန်ခြေစွမ်းပြနိုင်ခဲ့မှုနဲ့အတူဝက်စ်ဟမ်းရဲ့ခေါ်ယူခြင်းခံခဲ့ရပါတယ်။သူဟာဝက်စ်ဟမ်းအတွက်၁၅ပွဲကစားရာမှာ၁ဂိုးတည်းသာသွင်းနိုင်ခဲ့ပါတယ်။

လူးကပ်စ်ပီရက်ဇ်ဟာကစားသမားဘဝအဆုံးသတ်လုနီးပါးအနေအထားသို့ရောက်ချိန်သို့ရောက်နေမှုနဲ့အတူကလပ်သစ်အားရှာဖွေရန်ခက်ခဲနေပြီလည်းဖြစ်ပါတယ်။

ZawGyi

၂ ႏွစ္က်န္စာခ်ဳပ္အား ဖ်က္သိမ္းျခင္းခံလိုက္ရတဲ့ အာဆင္နယ္စတားေဟာင္း

အာဆင္နယ္ႏွင့္ဝက္စ္ဟမ္းတိုက္စစ္သမားေဟာင္းလူးကပ္စ္ပီရက္ဇ္ဟာစပိန္ကလပ္ဒီပို႔တီဗိုအလာဗက္စ္တြင္၂ရာသီၾကာကစားၿပီးေနာက္စာခ်ဳပ္ဖ်က္သိမ္းလိုက္ပါတယ္။

အသက္၃၂ႏွစ္ရွိလူးကပ္စ္ပီရက္ဇ္ဟာလြန္ခဲ့တဲ့၂ႏွစ္တုန္းကဝက္စ္ဟမ္းမွအလာဗက္စ္သို႔ေျပာင္းလာၿပီးေနာက္၆၂ပြဲကစားခဲ့ရာတြင္၁၅ဂိုးသြင္းယူခဲ့ပါတယ္။

ယခုအခါအလာဗက္စ္ဟာလူးကပ္စ္ပီရက္ဇ္မွာ၂ႏွစ္စာခ်ဳပ္က်န္ေနေသးေပမယ့္လည္းႏွစ္ဦးသေဘာတူညီဖ်က္သိမ္းလိုက္ၿပီျဖစ္ပါတယ္။

ပီရက္ဇ္ဟာအက္သလက္တီကို (ဂ)၊ဗယ္လီကာႏို(ခ)အသင္းတို႔တြင္ကစားၿပီးေနာက္ယူကရိန္း၊ဂရိတို႔တြင္လည္းက်င္လည္ခဲ့ပါတယ္။သူဟာဒီပို႔တီဗိုသို႔ေျပာင္းကာစပိန္သို႔ျပန္ေရာက္လာၿပီးေနာက္ႏွစ္ရာသီတြင္၂၄ဂိုးသြင္းယူႏိုင္ခဲ့မႈနဲ႔အတူအာဆင္နယ္သို႔ေျပာင္းခြင့္ရခဲ့ပါတယ္။

ပီရက္ဇ္ကိုေခၚယူတုန္းကအာစင္ဝင္းဂါးက “သူကဂိုးပဲသြင္းႏိုင္႐ုံသက္သက္မဟုတ္ပါဘူး။ကစားေဖာ္ေတြနဲ႔ခ်ိတ္ဆက္ကစားႏိုင္သူလည္းျဖစ္ပါတယ္။ၿပီးေတာ့အဆုံးသတ္ဖန္တီးမႈနဲ႔ေပးအားေကာင္းမြန္တဲ့သူလည္းျဖစ္ပါတယ္”လို႔သူ႔အရည္အခ်င္းကိုခ်ီးက်ဴးခဲ့ပါတယ္။

သူဟာအာဆင္နယ္အတြက္၁၁ပြဲသာကစားခြင့္ရခဲ့ၿပီး၁ဂိုးတည္းသာသြင္းႏိုင္ခဲ့ပါတယ္။သူဟာဒီပို႔တီဗိုသို႔အငွားျဖင့္သြားကစားရန္ေျခစြမ္းျပႏိုင္ခဲ့မႈနဲ႔အတူဝက္စ္ဟမ္းရဲ႕ေခၚယူျခင္းခံခဲ့ရပါတယ္။သူဟာဝက္စ္ဟမ္းအတြက္၁၅ပြဲကစားရာမွာ၁ဂိုးတည္းသာသြင္းႏိုင္ခဲ့ပါတယ္။

လူးကပ္စ္ပီရက္ဇ္ဟာကစားသမားဘဝအဆုံးသတ္လုနီးပါးအေနအထားသို႔ေရာက္ခ်ိန္သို႔ေရာက္ေနမႈနဲ႔အတူကလပ္သစ္အားရွာေဖြရန္ခက္ခဲေနၿပီလည္းျဖစ္ပါတယ္။