၂ နှစ်ကြာကင်ဆာရောဂါတိုက်ပွဲကို သတ္တိရှိရှိဆင်နွဲပြီးနောက် ဆုံးပါးသွားခဲ့တဲ့ ဂျူဗင်တပ်လူငယ်ဘရိုင်ယန်ဒိုဒီယန်

ဂျူဗင်တပ်လူငယ်ကစားသမားဘရိုင်ယန်ဒိုဒီယန်ဟာကင်ဆာရောဂါတိုက်ပွဲအား၂နှစ်ကြာသတ္တိရှိရှိဆင်နွဲပြီးနောက်ကွယ်လွန်သွားခဲ့ပါတယ်။သူဟာဂျူဗင်တပ်ယူ-၁၅အသင်းတွင်ကစားစဉ်ကင်ဆာရောဂါခံစားခဲ့ရတာဖြစ်ပြီးယင်းသို့သတ္တိရှိရှိတိုက်ပွဲဝင်မှုအတွက်ပေါလ်ပေါ့ဘာရဲ့ချီးကျူးခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

ဘရိုင်ယန်ဟာအသက်၁၂နှစ်အရွယ်၂၀၁၅ခုနှစ်တုန်းကင်ဆာရောဂါခံစားနေရကြောင်းတွေ့ရှိခဲ့တာဖြစ်ပြီးစနေနေ့တုန်းကကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

မန်ယူစူပါစတားပေါလ်ပေါ့ဘာဟာဂျူဗင်တပ်မှာကစားနေစဉ်တုန်းက၂၀၁၅ခုနှစ်တုန်းကတူရင်ဒါဘီပွဲတွင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်ဘရိုင်ယန်ကိုရည်ရွယ်အောင်ပွဲခံခဲ့ပါတယ်။ပြင်သစ်ကွင်းလယ်ကစားသမားဟာ ‘Bryan I am with you’ဆိုတဲ့စာသားဖြင့်အင်္ကျီကိုပြသပြီးအောင်ပွဲခံခဲ့ပါတယ်။

ယင်းနောက်နောက်တစ်နှစ်တွင်ပေါ့ဘာဟာစီးရီးအေဖလားဆွတ်ခူးစဉ်ဂျူဗင်တပ်အဝတ်အစားလဲခန်းအတွင်းသို့ဘရိုင်ယန်ကိုခေါ်ယူခဲ့ပါတယ်။

ဘရိုင်ယန်ဟာ၂၀၁၈ခုနှစ်ခရစ္စမတ်မတိုင်မီတွင်ရောဂါကင်းစင်သွားခဲ့ပြီးနောက်ဂျူဗင်တပ်တွင်ပြန်လည်မှတ်ပုံတင်ခဲ့ပြီး၂၀၁၉ခုနှစ်တွင်ဂျူဗင်တပ်ယူ-၁၅မှာကစားခဲ့ပါတယ်။

ZawGyi

၂ ႏွစ္ၾကာကင္ဆာေရာဂါတိုက္ပြဲကို သတၱိရွိရွိဆင္ႏြဲၿပီးေနာက္ ဆုံးပါးသြားခဲ့တဲ့ ဂ်ဴဗင္တပ္လူငယ္ဘ႐ိုင္ယန္ဒိုဒီယန္

ဂ်ဴဗင္တပ္လူငယ္ကစားသမားဘ႐ိုင္ယန္ဒိုဒီယန္ဟာကင္ဆာေရာဂါတိုက္ပြဲအား၂ႏွစ္ၾကာသတၱိရွိရွိဆင္ႏြဲၿပီးေနာက္ကြယ္လြန္သြားခဲ့ပါတယ္။သူဟာဂ်ဴဗင္တပ္ယူ-၁၅အသင္းတြင္ကစားစဥ္ကင္ဆာေရာဂါခံစားခဲ့ရတာျဖစ္ၿပီးယင္းသို႔သတၱိရွိရွိတိုက္ပြဲဝင္မႈအတြက္ေပါလ္ေပါ့ဘာရဲ႕ခ်ီးက်ဴးျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။

ဘ႐ိုင္ယန္ဟာအသက္၁၂ႏွစ္အ႐ြယ္၂၀၁၅ခုႏွစ္တုန္းကင္ဆာေရာဂါခံစားေနရေၾကာင္းေတြ႕ရွိခဲ့တာျဖစ္ၿပီးစေနေန႔တုန္းကကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။

မန္ယူစူပါစတားေပါလ္ေပါ့ဘာဟာဂ်ဴဗင္တပ္မွာကစားေနစဥ္တုန္းက၂၀၁၅ခုႏွစ္တုန္းကတူရင္ဒါဘီပြဲတြင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ဘ႐ိုင္ယန္ကိုရည္႐ြယ္ေအာင္ပြဲခံခဲ့ပါတယ္။ျပင္သစ္ကြင္းလယ္ကစားသမားဟာ ‘Bryan I am with you’ဆိုတဲ့စာသားျဖင့္အက်ႌကိုျပသၿပီးေအာင္ပြဲခံခဲ့ပါတယ္။

ယင္းေနာက္ေနာက္တစ္ႏွစ္တြင္ေပါ့ဘာဟာစီးရီးေအဖလားဆြတ္ခူးစဥ္ဂ်ဴဗင္တပ္အဝတ္အစားလဲခန္းအတြင္းသို႔ဘ႐ိုင္ယန္ကိုေခၚယူခဲ့ပါတယ္။

ဘ႐ိုင္ယန္ဟာ၂၀၁၈ခုႏွစ္ခရစၥမတ္မတိုင္မီတြင္ေရာဂါကင္းစင္သြားခဲ့ၿပီးေနာက္ဂ်ဴဗင္တပ္တြင္ျပန္လည္မွတ္ပုံတင္ခဲ့ၿပီး၂၀၁၉ခုႏွစ္တြင္ဂ်ဴဗင္တပ္ယူ-၁၅မွာကစားခဲ့ပါတယ္။