၂ နှစ် ၁ ကြိမ်ကမ္ဘာ့ဖလားကျင်းပရေးအတွက် ယခုအပတ်တွင် နိုင်ငံအသင်းနည်းပြများကို မဲဆွယ်စည်းရုံးမယ့် ဝင်းဂါး

ဘောလုံးလောကသားများကကန့်ကွက်နေကြပေမယ့်လည်း အာစင်ဝင်းဂါးဟာ၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပနိုင်ရေးဖြစ်မြောက်လာရေးဆက်လက်လှုပ်ရှားမှုများပြုလုပ်နေပါတယ်။အာဆင်နယ်ဂန္ထဝင်နည်းပြဟာယခုအပတ်မှာလက်ရွေးစင်အသင်းနည်းပြများနှင့်တွေ့ဆုံဆွေးနွေးကာ ၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားကျင်းပရေးမဲဆွဲစည်းရုံးမှုပြုလုပ်ရန်စီစဉ်ထားပါတယ်။

ဖီဖာဘောလုံးဖွဲ့ဖြိုးတိုးတက်ရေးဌာနအကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်နေတဲ့အာစင်ဝင်းဂါးဟာအင်္ဂလန်အသင်းနည်းပြဂါရတ်ဆောက်ဂိတ်နှင့်တွေ့ဆုံစကားပြောမှုပြုလုပ်ထားပြီးဖြစ်ပါတယ်။ယခုအခါသူဟာ၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးနှင့်ပတ်သက်ပြီးအသေးစိတ်အချက်အလက်များနှင့်တကွာနားလည်လာအောင်ရှင်းပြမှုပြုလုပ်လာမှာလည်းဖြစ်ပါတယ်။

ဖီဖာ၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲကိုအမေရိကန်၊မက္ကဆီကိုနှင့်ကနေဒါတို့ကပူးတွဲအိမ်ရှင်အဖြစ်ကျင်းပပြီးနောက်၂၀၂၈ခုနှစ်မှစတင်ကာ၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန်စီစဉ်နေတာလည်းဖြစ်ပါတယ်။

ဝင်းဂါးက “လူတိုင်းဆီကနေအကြံဉာဏ်ရယူခဲ့ပါတယ်။လူတိုင်းကိုမေးခွန်းနှစ်ခုမေးခဲ့တယ်။တစ်ခုက ဒီအတိုင်းဘဲ ဆက်သွားချင်သလားလို့မေးခဲ့တယ်။ ၁၀၀ရာခိုင်နှုန်း ငြင်းကြပါတယ်။နံပါတ်၂မေးခွန်းကနိုင်ငံတကာဘောလုံးပြက္ခဒိန်နဲ့ပတ်သက်ပြီးသိရှိဖို့စိတ်ကူးတွေရှိလားမေးတယ်။စိတ်ကူးအားလုံးကိုဖွင့်ထားပါတယ်။ ၈၀ရာခိုင်နှုန်းကနေ၉၀ရာခိုင်နှုန်းအထိခြေစစ်ပွဲအဆင့်ကိုသိလိုကြတယ်။ကာလတိုဖြစ်ဖို့ပြီးနိုင်ငံတကာဘောလုံးပြိုင်ပွဲအကွာအခြားဖြစ်စေဖို့ပါ။၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားကျင်းပလာရင်နှုတ်ဆိတ်နေကြတယ်။ဘာကြောင့်လဲဆိုတော့ခံစားချက်ကပါလာပါပြီ။ကျွန်တော်တို့ဟာလေးနှစ်တစ်ကြိမ်ကမ္ဘာ့ဖလားစက်ဝန်းနဲ့သွားနေတယ်။ဒါကိုသဘာဝလို့ထင်တယ်။သမိုင်းကြောင်းကိုကြည့်လိုက်ရင်သဘာဝမဟုတ်ပါဘူး။ဝေဖန်မှုတွေ၊ခန့်မှန်းချက်တွေကိုဖွင့်ထားပါတယ်။သူတို့ကလည်းကြိုဆိုကြပါတယ်။ဒါကကိုယ်ရေးကိုယ်တာအတွက်တိုက်ပွဲဝင်တာမဟုတ်ပါဘူး။ဒီစီမံကိန်းကိုဝေဖန်မှုတွေကကျွန်တော့်ကိုပိုကောင်းလာစေပါတယ်။လူတွေဒီစီမံကိန်းကိုဝေဖန်ပြီးဘာကြောင့်လဲဆိုတာပြောကြပါ”လို့ပြောကြားထားပါတယ်။

ဝင်းဂါးဟာ၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးအတွက် ကမ္ဘာ့ထိပ်တန်းကစားသမားဟောင်းများကိုလည်းစည်းရုံးထားကာ ၎င်းတို့မှတဆင့်ဝါဒဖြန့်နေပါတယ်။

နာမည်ကျော်ဘောလုံးသမားအမြောက်အမြားကတော့၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကစားမှုကြောင့်နွေရာသီအားလပ်ရက်မရှိတော့ဘဲ အမြဲဘောလုံးပွဲများနှင့်နပန်းလုံးရတော့မှာဖြစ်ကြောင်းထောက်ပြနေပါတယ်။

ZawGyi

၂ ႏွစ္ ၁ ႀကိမ္ကမာၻ႔ဖလားက်င္းပေရးအတြက္ ယခုအပတ္တြင္ ႏိုင္ငံအသင္းနည္းျပမ်ားကို မဲဆြယ္စည္း႐ုံးမယ့္ ဝင္းဂါး

ေဘာလုံးေလာကသားမ်ားကကန႔္ကြက္ေနၾကေပမယ့္လည္း အာစင္ဝင္းဂါးဟာ၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပႏိုင္ေရးျဖစ္ေျမာက္လာေရးဆက္လက္လႈပ္ရွားမႈမ်ားျပဳလုပ္ေနပါတယ္။အာဆင္နယ္ဂႏၴဝင္နည္းျပဟာယခုအပတ္မွာလက္ေ႐ြးစင္အသင္းနည္းျပမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးကာ ၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားက်င္းပေရးမဲဆြဲစည္း႐ုံးမႈျပဳလုပ္ရန္စီစဥ္ထားပါတယ္။

ဖီဖာေဘာလုံးဖြဲ႕ၿဖိဳးတိုးတက္ေရးဌာနအႀကီးအကဲအျဖစ္တာဝန္ထမ္းေဆာင္ေနတဲ့အာစင္ဝင္းဂါးဟာအဂၤလန္အသင္းနည္းျပဂါရတ္ေဆာက္ဂိတ္ႏွင့္ေတြ႕ဆုံစကားေျပာမႈျပဳလုပ္ထားၿပီးျဖစ္ပါတယ္။ယခုအခါသူဟာ၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပေရးႏွင့္ပတ္သက္ၿပီးအေသးစိတ္အခ်က္အလက္မ်ားႏွင့္တကြာနားလည္လာေအာင္ရွင္းျပမႈျပဳလုပ္လာမွာလည္းျဖစ္ပါတယ္။

ဖီဖာ၂၀၂၆ကမာၻ႔ဖလားၿပိဳင္ပြဲကိုအေမရိကန္၊မကၠဆီကိုႏွင့္ကေနဒါတို႔ကပူးတြဲအိမ္ရွင္အျဖစ္က်င္းပၿပီးေနာက္၂၀၂၈ခုႏွစ္မွစတင္ကာ၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပရန္စီစဥ္ေနတာလည္းျဖစ္ပါတယ္။

ဝင္းဂါးက “လူတိုင္းဆီကေနအႀကံဉာဏ္ရယူခဲ့ပါတယ္။လူတိုင္းကိုေမးခြန္းႏွစ္ခုေမးခဲ့တယ္။တစ္ခုက ဒီအတိုင္းဘဲ ဆက္သြားခ်င္သလားလို႔ေမးခဲ့တယ္။ ၁၀၀ရာခိုင္ႏႈန္း ျငင္းၾကပါတယ္။နံပါတ္၂ေမးခြန္းကႏိုင္ငံတကာေဘာလုံးျပကၡဒိန္နဲ႔ပတ္သက္ၿပီးသိရွိဖို႔စိတ္ကူးေတြရွိလားေမးတယ္။စိတ္ကူးအားလုံးကိုဖြင့္ထားပါတယ္။ ၈၀ရာခိုင္ႏႈန္းကေန၉၀ရာခိုင္ႏႈန္းအထိေျခစစ္ပြဲအဆင့္ကိုသိလိုၾကတယ္။ကာလတိုျဖစ္ဖို႔ၿပီးႏိုင္ငံတကာေဘာလုံးၿပိဳင္ပြဲအကြာအျခားျဖစ္ေစဖို႔ပါ။၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားက်င္းပလာရင္ႏႈတ္ဆိတ္ေနၾကတယ္။ဘာေၾကာင့္လဲဆိုေတာ့ခံစားခ်က္ကပါလာပါၿပီ။ကြၽန္ေတာ္တို႔ဟာေလးႏွစ္တစ္ႀကိမ္ကမာၻ႔ဖလားစက္ဝန္းနဲ႔သြားေနတယ္။ဒါကိုသဘာဝလို႔ထင္တယ္။သမိုင္းေၾကာင္းကိုၾကည့္လိုက္ရင္သဘာဝမဟုတ္ပါဘူး။ေဝဖန္မႈေတြ၊ခန႔္မွန္းခ်က္ေတြကိုဖြင့္ထားပါတယ္။သူတို႔ကလည္းႀကိဳဆိုၾကပါတယ္။ဒါကကိုယ္ေရးကိုယ္တာအတြက္တိုက္ပြဲဝင္တာမဟုတ္ပါဘူး။ဒီစီမံကိန္းကိုေဝဖန္မႈေတြကကြၽန္ေတာ့္ကိုပိုေကာင္းလာေစပါတယ္။လူေတြဒီစီမံကိန္းကိုေဝဖန္ၿပီးဘာေၾကာင့္လဲဆိုတာေျပာၾကပါ”လို႔ေျပာၾကားထားပါတယ္။

ဝင္းဂါးဟာ၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပေရးအတြက္ ကမာၻ႔ထိပ္တန္းကစားသမားေဟာင္းမ်ားကိုလည္းစည္း႐ုံးထားကာ ၎တို႔မွတဆင့္ဝါဒျဖန႔္ေနပါတယ္။

နာမည္ေက်ာ္ေဘာလုံးသမားအေျမာက္အျမားကေတာ့၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားၿပိဳင္ပြဲကစားမႈေၾကာင့္ေႏြရာသီအားလပ္ရက္မရွိေတာ့ဘဲ အၿမဲေဘာလုံးပြဲမ်ားႏွင့္နပန္းလုံးရေတာ့မွာျဖစ္ေၾကာင္းေထာက္ျပေနပါတယ္။