၂ နှစ် ၁ ကြိမ် ကမ္ဘာ့ဖလားကျင်းပရေးကို အာစင်ဝင်းဂါးလက်လျှော့မည်မဟုတ်

အာစင်ဝင်းဂါးဟာ၂နှစ် ၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးအစီအစဉ်ကိုနောက်ဆုတ်ဖျက်သိမ်းရန်ငြင်းဆိုသွားခဲ့ပါတယ်။

အာဆင်နယ်ဂန္ထဝင်နည်းပြဟာဖီဖာဥက္ကဌဂီယန်နီအင်ဖာတီနိုရဲ့၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးအစီအစဉ်ကိုအကောင်အထည်ဖော်နိုင်ရေးရှေ့တန်းမှကြိုးပမ်းနေသူလည်းဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို၂နှစ်၁ကြိမ်ကျင်းပရေးအစီအစဉ်ကိုဥရောပဘောလုံးအဖွဲ့ချုပ်နှင့်တောင်အမေရိကဘောလုံးအဖွဲ့ချုပ်တို့ကအကြီးအကျယ်ကန့်ကွ်ကနေတဲ့အပြင်ဥရောပထိပ်သီးကလပ်များ၊ထိပ်တန်းကစားသမားများကလည်းကန့်ကွက်နေကြပါတယ်။

ဒါပေမယ့်အာဖရိကနှင့်အာရှမှနိုင်ငံအများစုကတော့၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမှုကြောင့်၎င်းတို့အတွက်ကမ္ဘာ့ဖလားကစားခွင့်ရရှိရေးအိပ်မက်အကောင်အထည်ဖော်ရန်အလွန်းနီးစပ်လာမှုနဲ့အတူထောက်ခံနေကြပါတယ်။

အာစင်ဝင်းဂါးက”နိုင်ငံတိုင်းကိုသိအောင်လုပ်သွားပါမယ်။လူငယ်တိုင်းအတွက်ပြိုင်ပွဲအရည်အသွေးကကမ္ဘာ့နေရာတိုင်းမှာအံမဝင်ပါဘူး။ဒါကြောင့်လည်းကျွန်တော်တို့အပြောင်းအလဲလုပ်ချင်တာပါ။ပြီးတော့ဒီအပြောင်းအလဲကြောင့်နိုင်ငံတွေမှာကမ္ဘာ့ဖလားကစားဖို့အခွင့်အရေးပိုရလာတယ်လို့ယုံကကြည်ပါတယ်။ဒါကြောင့်ပဲ၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားကျင်းပဖို့စိတ်ကူးရလာခဲ့တာပါ။ဒါနဲ့ပတ်သက်ပြီးကျွန်တော်မဆုံးဖြတ်ပါဘူး။ဖီဖာအဖွဲ့ဝင်နိုင်ငံပေါင်း၂၁၁ကပဲဆုံးဖြတ်ပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

၂ ႏွစ္ ၁ ႀကိမ္ ကမာၻ႔ဖလားက်င္းပေရးကို အာစင္ဝင္းဂါးလက္ေလွ်ာ့မည္မဟုတ္

အာစင္ဝင္းဂါးဟာ၂ႏွစ္ ၁ႀကိမ္ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပေရးအစီအစဥ္ကိုေနာက္ဆုတ္ဖ်က္သိမ္းရန္ျငင္းဆိုသြားခဲ့ပါတယ္။

အာဆင္နယ္ဂႏၴဝင္နည္းျပဟာဖီဖာဥကၠဌဂီယန္နီအင္ဖာတီႏိုရဲ႕၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပေရးအစီအစဥ္ကိုအေကာင္အထည္ေဖာ္ႏိုင္ေရးေရွ႕တန္းမွႀကိဳးပမ္းေနသူလည္းျဖစ္ပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲကို၂ႏွစ္၁ႀကိမ္က်င္းပေရးအစီအစဥ္ကိုဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ႏွင့္ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္တို႔ကအႀကီးအက်ယ္ကန႔္ကြ္ကေနတဲ့အျပင္ဥေရာပထိပ္သီးကလပ္မ်ား၊ထိပ္တန္းကစားသမားမ်ားကလည္းကန႔္ကြက္ေနၾကပါတယ္။

ဒါေပမယ့္အာဖရိကႏွင့္အာရွမွႏိုင္ငံအမ်ားစုကေတာ့၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပမႈေၾကာင့္၎တို႔အတြက္ကမာၻ႔ဖလားကစားခြင့္ရရွိေရးအိပ္မက္အေကာင္အထည္ေဖာ္ရန္အလြန္းနီးစပ္လာမႈနဲ႔အတူေထာက္ခံေနၾကပါတယ္။

အာစင္ဝင္းဂါးက”ႏိုင္ငံတိုင္းကိုသိေအာင္လုပ္သြားပါမယ္။လူငယ္တိုင္းအတြက္ၿပိဳင္ပြဲအရည္အေသြးကကမာၻ႔ေနရာတိုင္းမွာအံမဝင္ပါဘူး။ဒါေၾကာင့္လည္းကြၽန္ေတာ္တို႔အေျပာင္းအလဲလုပ္ခ်င္တာပါ။ၿပီးေတာ့ဒီအေျပာင္းအလဲေၾကာင့္ႏိုင္ငံေတြမွာကမာၻ႔ဖလားကစားဖို႔အခြင့္အေရးပိုရလာတယ္လို႔ယုံကၾကည္ပါတယ္။ဒါေၾကာင့္ပဲ၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားက်င္းပဖို႔စိတ္ကူးရလာခဲ့တာပါ။ဒါနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္မဆုံးျဖတ္ပါဘူး။ဖီဖာအဖြဲ႕ဝင္ႏိုင္ငံေပါင္း၂၁၁ကပဲဆုံးျဖတ္ပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။