၂ နှစ် ၁ ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီး၊အာဂျင်တီးနားအပါအဝင် တောင်အမေရိကအသင်းများ ပါဝင်မည်မဟုတ်

ဘရာဇီးနှင့်အာဂျင်တီးနားအပါအဝင်တောင်အမေရိကနိုင်ငံများက၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပါဝင်မည်မဟုတ်ကြောင်းအတည်ပြုလာပါတယ်။

ဖီဖာကမ္ဘာ့ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးဌာနအကြီးအကဲဖြစ်တဲ့ အာဆင်နယ်ဂန္ထဝင်အာစင်ဝင်းဂါးဟာ၂၄လလျှင်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန်ရှေ့တန်းမှဦးဆောင်လုပ်ဆောင်နေပါတယ်။

အဆိုပါအစီအစဉ်ကိုယူအီးအက်ဖ်အေကအပြင်းအထန်ကန့်ကွက်ထားပြီးလည်းဖြစ်ပါတယ်။ယခုအခါတောင်အမေရိကဘောလုံးအဖွဲ့ချုပ်ကလည်း ၎င်းတို့အဖွဲ့ဝင် နိုင်ငံ ၁၀ နိုင်ငံတို့မှာ ပါဝင်လာမည်မဟုတ်ကြောင်းတရားဝင်ထုတ်ပြန်လာပါတယ်။

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က “ဖီဖာကလုပ်နေတဲ့အပြောင်းအလဲက လုပ်ဖို့အကြောင်းပြချက်မရှိသလိုအကျိုးအမြတ်ရရှိမှုမရှိသလိုကျိုးကြောင်းမျှတမှုလည်းမရှိပါဘူး။ CONMEBOL ရဲ့အဖွဲ့ဝင်၁၀နိုင်ငံကတော့၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါဝင်မှာမဟုတ်ပါဘူး။နှစ်ပေါင်းတစ်ရာနီးပါးရှိနေပြီဖြစ်တဲ့အစဉ်အလာကိုပြောင်းပြန်လှန်ပစ်တာ၊ကမ္ဘာအားကစားလောကရဲ့အရေးအပါဆုံးပြိုင်ပွဲသမိုင်းကိုမျက်ကွယ်ပြုလိုက်တာဖြစ်ပါတယ်။လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲပုံစံကိုဘဲထောက်ခံပါတယ်”လို့ကြေညာသွားပါတယ်။

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဟာလည်းတောင်အမေရိကဖလားပြိုင်ပွဲကိုလေးနှစ်တစ်ကြိမ်ကျင်းပနေတာဖြစ်ပါတယ်။တကယ်လို့များဖီဖာကသာကမ္ဘာ့ဖလားပြိုင်ပွဲကို၂နှစ်၁ကြိမ်ကျင်းပလာလျှင်တောင်အမေရိကဖလားပြိုင်ပွဲကိုလည်းထိခိုက်လာဖို့ရှိနေပါတယ်။

ZawGyi

၂ ႏွစ္ ၁ ႀကိမ္ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ဘရာဇီး၊အာဂ်င္တီးနားအပါအဝင္ ေတာင္အေမရိကအသင္းမ်ား ပါဝင္မည္မဟုတ္

ဘရာဇီးႏွင့္အာဂ်င္တီးနားအပါအဝင္ေတာင္အေမရိကႏိုင္ငံမ်ားက၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ပါဝင္မည္မဟုတ္ေၾကာင္းအတည္ျပဳလာပါတယ္။

ဖီဖာကမာၻ႔ေဘာလုံးဖြံ႕ၿဖိဳးတိုးတက္ေရးဌာနအႀကီးအကဲျဖစ္တဲ့ အာဆင္နယ္ဂႏၴဝင္အာစင္ဝင္းဂါးဟာ၂၄လလွ်င္၁ႀကိမ္ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပရန္ေရွ႕တန္းမွဦးေဆာင္လုပ္ေဆာင္ေနပါတယ္။

အဆိုပါအစီအစဥ္ကိုယူအီးအက္ဖ္ေအကအျပင္းအထန္ကန႔္ကြက္ထားၿပီးလည္းျဖစ္ပါတယ္။ယခုအခါေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္ကလည္း ၎တို႔အဖြဲ႕ဝင္ ႏိုင္ငံ ၁၀ ႏိုင္ငံတို႔မွာ ပါဝင္လာမည္မဟုတ္ေၾကာင္းတရားဝင္ထုတ္ျပန္လာပါတယ္။

ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္က “ဖီဖာကလုပ္ေနတဲ့အေျပာင္းအလဲက လုပ္ဖို႔အေၾကာင္းျပခ်က္မရွိသလိုအက်ိဳးအျမတ္ရရွိမႈမရွိသလိုက်ိဳးေၾကာင္းမွ်တမႈလည္းမရွိပါဘူး။ CONMEBOL ရဲ႕အဖြဲ႕ဝင္၁၀ႏိုင္ငံကေတာ့၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားၿပိဳင္ပြဲမွာပါဝင္မွာမဟုတ္ပါဘူး။ႏွစ္ေပါင္းတစ္ရာနီးပါးရွိေနၿပီျဖစ္တဲ့အစဥ္အလာကိုေျပာင္းျပန္လွန္ပစ္တာ၊ကမာၻအားကစားေလာကရဲ႕အေရးအပါဆုံးၿပိဳင္ပြဲသမိုင္းကိုမ်က္ကြယ္ျပဳလိုက္တာျဖစ္ပါတယ္။လက္ရွိကမာၻ႔ဖလားၿပိဳင္ပြဲပုံစံကိုဘဲေထာက္ခံပါတယ္”လို႔ေၾကညာသြားပါတယ္။

ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္ဟာလည္းေတာင္အေမရိကဖလားၿပိဳင္ပြဲကိုေလးႏွစ္တစ္ႀကိမ္က်င္းပေနတာျဖစ္ပါတယ္။တကယ္လို႔မ်ားဖီဖာကသာကမာၻ႔ဖလားၿပိဳင္ပြဲကို၂ႏွစ္၁ႀကိမ္က်င္းပလာလွ်င္ေတာင္အေမရိကဖလားၿပိဳင္ပြဲကိုလည္းထိခိုက္လာဖို႔ရွိေနပါတယ္။