
အဲရစ်တန်ဟက်ဟာစက်တင်ဘာလအတွက်ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုကိုဆွတ်ခူးလာနိုင်ခဲ့ပါတယ်။ဒါ့အပြင်ယူနိုက်တက်တိုက်စစ်မှူးမားကပ်စ်ရက်ဖို့ဒ်မှာလည်းပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။
ဒတ်ချ်လူမျိုးနည်းပြဟာယူနိုက်တက်အတွက်ပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲရှုံးပွဲကြုံတွေ့ခဲ့ပေမဲ့လည်းလေးပွဲဆက်နိုင်ပွဲရယူပေးထားနိုင်ပါတယ်။
ယူနိုက်တက်ဟာဩဂုတ်လတွင်ဆောက်သမ်တန်နှင့်လီဗာပူးကိုအနိုင်ရယူနိုင်ခဲ့ပြီးစက်တင်ဘာလတွင်လက်စတာနှင့်အာဆင်နယ်တို့ကိုအနိုင်ယူနိုင်ခဲ့ပါတယ်။
ဒါကြောင့်လည်းအဲရစ်တန်ဟက်နှင့်မားကပ်စ်ရက်ဖို့ဒ်တို့ဟာစက်တင်ဘာလအတွင်းတွင်နှစ်ပွဲတည်းသာကစားနိုင်ပေမဲ့လည်း တစ်လတာအကောင်းဆုံးဆုများကိုဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
အဲရစ်တန်ဟက်ဟာစက်တင်ဘာလအတွင်းတွင်ပွဲနှစ်ပွဲတည်းသာကြီးကြပ်ခဲ့ရပေမဲ့လည်း ယင်းလအတွင်းတွင်ယူနိုက်တက်ရဲ့ခြေစွမ်းအထူးတိုးတက်ကောင်းမွန်လာမှုနှင့်အတူယခုကဲ့သို့ယင်းဆုဖြင့်အသိအမှတ်ပြုခံလာရတာဖြစ်ပါတယ်။
အဲရစ်တန်ဟက်ဟာဆာအဲလက်စ်ဖာဂူဆန်အနားယူသွားပြီးနောက်ပိုင်းတွင် အိုလီဂန်းနားဆိုးလ်ရှားနောက်ပိုင်း တစ်လတာအကောင်းဆုံးနည်းပြဆုဆွတ်ခူးနိုင်ခဲ့ဒုတိယမြောက်နည်းပြဖြစ်လာပါတယ်။ဆိုးလ်ရှားဟာ၂၀၁၉ခုနှစ်၊ဇန်နဝါရီလတုန်းကဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ထိုစဉ်တုန်းကလည်းမားကပ်စ်ရက်ဖို့ဒ်မှာတစ်လတာအကောင်းဆုံးကစားသမားဆုဆွတ်ခူးနိုင်ခဲ့ပါတယ်။
ZawGyi
၂ ပြဲကစားၿပီး တစ္လတာအေကာင္းဆုံးနည္းျပဆုဆြတ္ခူးႏိုင္ခဲ့တဲ့ အဲရစ္တန္ဟက္
အဲရစ္တန္ဟက္ဟာစက္တင္ဘာလအတြက္ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးနည္းျပဆုကိုဆြတ္ခူးလာႏိုင္ခဲ့ပါတယ္။ဒါ့အျပင္ယူႏိုက္တက္တိုက္စစ္မႉးမားကပ္စ္ရက္ဖို႔ဒ္မွာလည္းပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။
ဒတ္ခ်္လူမ်ိဳးနည္းျပဟာယူႏိုက္တက္အတြက္ပရီးမီးယားလိဂ္အဖြင့္ပြဲႏွစ္ပြဲရႈံးပြဲႀကဳံေတြ႕ခဲ့ေပမဲ့လည္းေလးပြဲဆက္ႏိုင္ပြဲရယူေပးထားႏိုင္ပါတယ္။
ယူႏိုက္တက္ဟာဩဂုတ္လတြင္ေဆာက္သမ္တန္ႏွင့္လီဗာပူးကိုအႏိုင္ရယူႏိုင္ခဲ့ၿပီးစက္တင္ဘာလတြင္လက္စတာႏွင့္အာဆင္နယ္တို႔ကိုအႏိုင္ယူႏိုင္ခဲ့ပါတယ္။
ဒါေၾကာင့္လည္းအဲရစ္တန္ဟက္ႏွင့္မားကပ္စ္ရက္ဖို႔ဒ္တို႔ဟာစက္တင္ဘာလအတြင္းတြင္ႏွစ္ပြဲတည္းသာကစားႏိုင္ေပမဲ့လည္း တစ္လတာအေကာင္းဆုံးဆုမ်ားကိုဆြတ္ခူးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။
အဲရစ္တန္ဟက္ဟာစက္တင္ဘာလအတြင္းတြင္ပြဲႏွစ္ပြဲတည္းသာႀကီးၾကပ္ခဲ့ရေပမဲ့လည္း ယင္းလအတြင္းတြင္ယူႏိုက္တက္ရဲ႕ေျခစြမ္းအထူးတိုးတက္ေကာင္းမြန္လာမႈႏွင့္အတူယခုကဲ့သို႔ယင္းဆုျဖင့္အသိအမွတ္ျပဳခံလာရတာျဖစ္ပါတယ္။
အဲရစ္တန္ဟက္ဟာဆာအဲလက္စ္ဖာဂူဆန္အနားယူသြားၿပီးေနာက္ပိုင္းတြင္ အိုလီဂန္းနားဆိုးလ္ရွားေနာက္ပိုင္း တစ္လတာအေကာင္းဆုံးနည္းျပဆုဆြတ္ခူးႏိုင္ခဲ့ဒုတိယေျမာက္နည္းျပျဖစ္လာပါတယ္။ဆိုးလ္ရွားဟာ၂၀၁၉ခုႏွစ္၊ဇန္နဝါရီလတုန္းကဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။ထိုစဥ္တုန္းကလည္းမားကပ္စ္ရက္ဖို႔ဒ္မွာတစ္လတာအေကာင္းဆုံးကစားသမားဆုဆြတ္ခူးႏိုင္ခဲ့ပါတယ္။