၃၉ နှစ်ကြာ ကိုမာဖြစ်နေပြီးနောက် ပြင်သစ်လက်ရွေးစင်ဟောင်းအဒမ်ကွယ်လွန်

ပြင်သစ်ဘောလုံးသမားဟောင်းဂျိန်းစ်ပီယာရဲအဒမ်ဟာ၃၉နှစ်ကြာကိုမာဖြစ်နေပြီးနောက် အသက်၇၃နှစ်အရွယ်တွင်ကွယ်လွန်သွားခဲ့ပါတယ်။

အဒမ်ဟာအသက်၃၄နှစ်အရွယ်တုန်းကဒူးခွဲစိတ်ကုသမှုခံယူစဉ်မေ့ဆေးပေးမှုမှားယွင်းရာမှာဦးနှောက်သွေးကြောထဲအောက်ဆီဂျင်ပြတ်မှုဖြစ်ကာကိုမာဖြစ်သွားခဲ့တာလည်းဖြစ်ပါတယ်။

အဒမ်ဟာ၁၉၇၂ခုနှစ်မှ၁၉၇၆ခုနှစ်အတွင်းတွင်ပြင်သစ်လက်ရွေးစင်အသင်းအတွက်၂၂ပွဲကစားပေးခဲ့သူဖြစ်ပါတယ်။

ဗဟိုနောက်ခံလူဟာသူကစားသမားဘဝအများစုကိုနိုက်စ်တွင်ကုန်ဆုံးခဲ့သူဖြစ်ပြီးနိုက်စ်အတွက်၁၂၆ပွဲကစားကာ၁၅ဂိုးသွင်းခဲ့ပါတယ်။

သူဟာနီမက်စ်၊ပီအက်စ်ဂျီ၊မူလ်ဟောက်စ်နှင့်ချာလွန်တို့မှာလည်းကစားခဲ့ပါတယ်။

သူ့ကိုဆီနီဂေါနိုင်ငံ၊ဒါကာတွင်မွေးဖွားပြီးအသက်၁၀နှစ်အရွယ်တွင်ပြင်သစ်သို့ရောက်လာခဲ့ပါတယ်။သူဟာအစောပိုင်းကတိုက်စစ်မှူးအဖြစ်ကစားခဲ့သော်လည်းနီမက်စ်သို့ရောက်လာပြီးနောက်နည်းပြကခံစစ်တွင်အသင့်တော်ဆုံးဟုဆိုကာခံစစ်မှူးအဖြစ်ပြောင်းကစားခဲ့သူလည်းဖြစ်ပါတယ်။

သူဟာကစားသမားဘဝမှအနားယူပြီးဒီဂျွန်သို့နည်းပြအဖွဲ့ဝင်အဖြစ်ပြောင်းလဲတာဝန်ယူပြီးမကြာမီမှာပင်ဒူးဒဏ်ရာကိုခွဲစိတ်ကုသရန်ဆုံးဖြတ်ခဲ့ပါတယ်။

သူကိုမာဖြစ်ပြီး၃၉နှစ်တိုင်တိုင်သတိမေ့ကာအိပ်ယာထဲလှဲနေစဉ်အတွင်းဇနီးဖြစ်သူဘာနာဒက်တီကဂရုစိုက်ပြုစုစောင့်ရှောက်ခဲ့တာလည်းဖြစ်ပါတယ်။ခင်ပွန်းသည်မေ့ဆေးမှားပေးကာကိုမာဖြစ်ခဲ့ပြီးနောက်သူမဟာဆေးရုံကိုတရားစွဲဆိုမှုပြုလုပ်ခဲ့ရာမှာအောင်မြင်ခဲ့ပါတယ်။

ZawGyi

၃၉ ႏွစ္ၾကာ ကိုမာျဖစ္ေနၿပီးေနာက္ ျပင္သစ္လက္ေ႐ြးစင္ေဟာင္းအဒမ္ကြယ္လြန္

ျပင္သစ္ေဘာလုံးသမားေဟာင္းဂ်ိန္းစ္ပီယာရဲအဒမ္ဟာ၃၉ႏွစ္ၾကာကိုမာျဖစ္ေနၿပီးေနာက္ အသက္၇၃ႏွစ္အ႐ြယ္တြင္ကြယ္လြန္သြားခဲ့ပါတယ္။

အဒမ္ဟာအသက္၃၄ႏွစ္အ႐ြယ္တုန္းကဒူးခြဲစိတ္ကုသမႈခံယူစဥ္ေမ့ေဆးေပးမႈမွားယြင္းရာမွာဦးေႏွာက္ေသြးေၾကာထဲေအာက္ဆီဂ်င္ျပတ္မႈျဖစ္ကာကိုမာျဖစ္သြားခဲ့တာလည္းျဖစ္ပါတယ္။

အဒမ္ဟာ၁၉၇၂ခုႏွစ္မွ၁၉၇၆ခုႏွစ္အတြင္းတြင္ျပင္သစ္လက္ေ႐ြးစင္အသင္းအတြက္၂၂ပြဲကစားေပးခဲ့သူျဖစ္ပါတယ္။

ဗဟိုေနာက္ခံလူဟာသူကစားသမားဘဝအမ်ားစုကိုႏိုက္စ္တြင္ကုန္ဆုံးခဲ့သူျဖစ္ၿပီးႏိုက္စ္အတြက္၁၂၆ပြဲကစားကာ၁၅ဂိုးသြင္းခဲ့ပါတယ္။

သူဟာနီမက္စ္၊ပီအက္စ္ဂ်ီ၊မူလ္ေဟာက္စ္ႏွင့္ခ်ာလြန္တို႔မွာလည္းကစားခဲ့ပါတယ္။

သူ႔ကိုဆီနီေဂါႏိုင္ငံ၊ဒါကာတြင္ေမြးဖြားၿပီးအသက္၁၀ႏွစ္အ႐ြယ္တြင္ျပင္သစ္သို႔ေရာက္လာခဲ့ပါတယ္။သူဟာအေစာပိုင္းကတိုက္စစ္မႉးအျဖစ္ကစားခဲ့ေသာ္လည္းနီမက္စ္သို႔ေရာက္လာၿပီးေနာက္နည္းျပကခံစစ္တြင္အသင့္ေတာ္ဆုံးဟုဆိုကာခံစစ္မႉးအျဖစ္ေျပာင္းကစားခဲ့သူလည္းျဖစ္ပါတယ္။

သူဟာကစားသမားဘဝမွအနားယူၿပီးဒီဂြၽန္သို႔နည္းျပအဖြဲ႕ဝင္အျဖစ္ေျပာင္းလဲတာဝန္ယူၿပီးမၾကာမီမွာပင္ဒူးဒဏ္ရာကိုခြဲစိတ္ကုသရန္ဆုံးျဖတ္ခဲ့ပါတယ္။

သူကိုမာျဖစ္ၿပီး၃၉ႏွစ္တိုင္တိုင္သတိေမ့ကာအိပ္ယာထဲလွဲေနစဥ္အတြင္းဇနီးျဖစ္သူဘာနာဒက္တီကဂ႐ုစိုက္ျပဳစုေစာင့္ေရွာက္ခဲ့တာလည္းျဖစ္ပါတယ္။ခင္ပြန္းသည္ေမ့ေဆးမွားေပးကာကိုမာျဖစ္ခဲ့ၿပီးေနာက္သူမဟာေဆး႐ုံကိုတရားစြဲဆိုမႈျပဳလုပ္ခဲ့ရာမွာေအာင္ျမင္ခဲ့ပါတယ္။