၅၉ နှစ်အတွင်း ရာသီအစတာထွက်ကောင်းမှု ရလဒ်ရယူထားနိုင်တဲ့ စပါးစ်

ယခုဘောလုံးရာသီသတင်းခေါင်းစည်းများကိုလွှမ်းမိုးထားတာကတော့မီခေးလ်အာတီတာရဲ့လက်အောက်မှာပြန်လည်နှိုးထလာတဲ့အာဆင်နယ်နဲ့မန်စီးတီးရဲ့ဂိုးသွင်းစက်အာလင်းဟာလန်းတို့ဖြစ်ပါတယ်။

ဘယ်သူမှကွန်တီရဲ့လက်အောက်မှတဖြည်းဖြည်းအမှောက်ထောင်လာတဲ့ စပါးစ်ကိုဘယ်သူမှမသိမပြုမိကြပါဘူး။

စပါးစ်ဟာမနေ့ညတုန်းကအဲဗာတန်ကို၂-၀ဂိုးဖြင့်အနိုင်ယူလိုက်ပြီးမှာတော့ ပရီးမီးယားလိဂ်အဖွင့်ပွဲ၁၀ပွဲမှာရမှတ်၂၃မှတ်အထိရယူထားနိုင်ပြီး၁၉၆၃-၆၄ ရာသီနောက်ပိုင်းအကောင်းဆုံးတာထွက်ကောင်းမှုပိုင်ဆိုင်ထားနိုင်ပြီဖြစ်ပါတယ်။

ယခုအခါစပါးစ်ဟာဂွါဒီယိုလာရဲ့မန်စီးတီးနဲ့ရမှတ်တူ တတိယနေရာမှာရပ်တည်နေပြီးထိပ်ဆုံးမှမြောက်လန်ဒန်ပြိုင်ဘက်အာဆင်နယ်နှင့်ရမှတ်တစ်မှတ်အကွာသို့ရောက်နေပြီဖြစ်ပါတယ်။

စပါးစ်အတွက်အထိနာတာကတော့ အဲဗာတန်နှင့်ပွဲတွင်တိုက်စစ်မှူးရီချာလီဆင်ဒဏ်ရာရရှိသွားကာရက်သတ္တပတ်အတန်ကြာအနားယူရမယ့်အခြေအနေမျိုးနှင့်ရင်ဆိုင်နေရတာဖြစ်ပါတယ်။

စပါးစ်ဟာမနေ့ညတုန်းကပွဲစဉ်တွင်ဟယ်ရီကိန်းရဲ့ပင်နယ်တီဂိုး၊ပီယာရီအီမီလီဟိုဘတ်တို့ရဲ့ဂိုးဖြင့်၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

မနေ့ညကပွဲတွင်ပင်နယ်တီမှဂိုးသွင်းယူခဲ့တဲ့ဟယ်ရီကိန်းမှာ အဲဗာတန်နှင့်ရင်ဆိုင်ရတဲ့ပရီးမီးယားလိဂ်ပွဲ၁၅ပွဲတွင်၁၄ဂိုးအထိသွင်းယူထားနိုင်ပြီဖြစ်ပါတယ်။

ဒါ့အပြင်ဟယ်ရီကိန်းဟာကစားသမားဘဝတစ်လျှောက်ပထမဆုံးအကြိမ်အဖြစ်ပရီးမီးယားလိဂ်တွင်ငါးပွဲဆက်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဟယ်ရီကိန်းဟာယခုအခါစပါးစ်အတွက်သွင်းဂိုး၂၅၈ဂိုးသွင်းထားနိုင်ပြီဖြစ်ပြီး စပါးစ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားတဲ့ဂျမ်မီဂရေးရဲ့စံချိန်(၂၆၆ဂိုး)ကို လိုက်မီရန်၈ဂိုးသာလိုပါတော့တယ်။

ZawGyi

၅၉ ႏွစ္အတြင္း ရာသီအစတာထြက္ေကာင္းမႈ ရလဒ္ရယူထားႏိုင္တဲ့ စပါးစ္

ယခုေဘာလုံးရာသီသတင္းေခါင္းစည္းမ်ားကိုလႊမ္းမိုးထားတာကေတာ့မီေခးလ္အာတီတာရဲ႕လက္ေအာက္မွာျပန္လည္ႏႈိးထလာတဲ့အာဆင္နယ္နဲ႔မန္စီးတီးရဲ႕ဂိုးသြင္းစက္အာလင္းဟာလန္းတို႔ျဖစ္ပါတယ္။

ဘယ္သူမွကြန္တီရဲ႕လက္ေအာက္မွတျဖည္းျဖည္းအေမွာက္ေထာင္လာတဲ့ စပါးစ္ကိုဘယ္သူမွမသိမျပဳမိၾကပါဘူး။

စပါးစ္ဟာမေန႔ညတုန္းကအဲဗာတန္ကို၂-၀ဂိုးျဖင့္အႏိုင္ယူလိုက္ၿပီးမွာေတာ့ ပရီးမီးယားလိဂ္အဖြင့္ပြဲ၁၀ပြဲမွာရမွတ္၂၃မွတ္အထိရယူထားႏိုင္ၿပီး၁၉၆၃-၆၄ ရာသီေနာက္ပိုင္းအေကာင္းဆုံးတာထြက္ေကာင္းမႈပိုင္ဆိုင္ထားႏိုင္ၿပီျဖစ္ပါတယ္။

ယခုအခါစပါးစ္ဟာဂြါဒီယိုလာရဲ႕မန္စီးတီးနဲ႔ရမွတ္တူ တတိယေနရာမွာရပ္တည္ေနၿပီးထိပ္ဆုံးမွေျမာက္လန္ဒန္ၿပိဳင္ဘက္အာဆင္နယ္ႏွင့္ရမွတ္တစ္မွတ္အကြာသို႔ေရာက္ေနၿပီျဖစ္ပါတယ္။

စပါးစ္အတြက္အထိနာတာကေတာ့ အဲဗာတန္ႏွင့္ပြဲတြင္တိုက္စစ္မႉးရီခ်ာလီဆင္ဒဏ္ရာရရွိသြားကာရက္သတၱပတ္အတန္ၾကာအနားယူရမယ့္အေျခအေနမ်ိဳးႏွင့္ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

စပါးစ္ဟာမေန႔ညတုန္းကပြဲစဥ္တြင္ဟယ္ရီကိန္းရဲ႕ပင္နယ္တီဂိုး၊ပီယာရီအီမီလီဟိုဘတ္တို႔ရဲ႕ဂိုးျဖင့္၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

မေန႔ညကပြဲတြင္ပင္နယ္တီမွဂိုးသြင္းယူခဲ့တဲ့ဟယ္ရီကိန္းမွာ အဲဗာတန္ႏွင့္ရင္ဆိုင္ရတဲ့ပရီးမီးယားလိဂ္ပြဲ၁၅ပြဲတြင္၁၄ဂိုးအထိသြင္းယူထားႏိုင္ၿပီျဖစ္ပါတယ္။

ဒါ့အျပင္ဟယ္ရီကိန္းဟာကစားသမားဘဝတစ္ေလွ်ာက္ပထမဆုံးအႀကိမ္အျဖစ္ပရီးမီးယားလိဂ္တြင္ငါးပြဲဆက္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ဟယ္ရီကိန္းဟာယခုအခါစပါးစ္အတြက္သြင္းဂိုး၂၅၈ဂိုးသြင္းထားႏိုင္ၿပီျဖစ္ၿပီး စပါးစ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူထားတဲ့ဂ်မ္မီဂေရးရဲ႕စံခ်ိန္(၂၆၆ဂိုး)ကို လိုက္မီရန္၈ဂိုးသာလိုပါေတာ့တယ္။