
မာရီယိုဂေါ့ဇီဟာဂျာမနီလက်ရွေးစင်အသင်းနှင့်ငါးနှစ်ကြာဝေးကွာနေခဲ့ပြီးနောက် ဂျာမနီရဲ့ကမ္ဘာ့ဖလားလူစာရင်းတွင်ပါဝင်လာပါတယ်။
မာရီယိုဂေါ့ဇီဟာ၂၀၁၄ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အာဂျင်တီးနားနှင့်ဗိုလ်လုပွဲတွင်အချိန်ပိုတွင်အနိုင်ဂိုးသွင်းယူပြီးနောက်သူရဲကောင်းဖြစ်ခဲ့သူလည်းဖြစ်ပါတယ်။
ဒါပေမဲ့သူဟာဘိုင်ယန်မြူးနစ်နှင့်ဒေါ့မွန်တို့တွင်ဒဏ်ရာပြဿနာများနှင့်ရုန်းကန်ရကာအကောင်းဆုံးပုံစံရရှိရေးရုန်းကန်ခဲ့ရပါတယ်။
သူဟာကြွက်သားဒဏ်ရာကိုခွဲစိတ်ကုသပြီးဒေါ့မွန်တွင်အကောင်းဆုံးပုံစံပြန်ရလာပြီးနောက်၂၀၁၇ခုနှစ်နိုဝင်ဘာလတုန်းကပြင်သစ်နှင့်ခြေစမ်းပွဲတွင်ဂျာမနီအတွက်ကစားခွင့်ရရှိခဲ့ပါတယ်။
သူဟာယင်းနောက်ပိုင်းတွင်ဂျိုးအာချင်လောရဲ့ဂျာမနီအသင်းတွင်ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။သူဟာပီအက်စ်ဗွီနှင့်အတူအကောင်းဆုံးပုံစံရရှိနေပေမဲ့လည်းယူရို၂၀၂၀ပြိုင်ပွဲမှာလည်းချန်လှပ်ခံလာရပါတယ်။
ဒါပေမဲ့သူဟာဖရန့်ဖတ်အသင်းတွင်အကောင်းဆုံးခြေစွမ်းဖြင့်ကစားနေနိုင်မှုနဲ့အတူဟန်စီဖလစ်ကကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဂျာမနီအသင်းတွင်ထည့်သွင်းလာပါတယ်။
ဂေါ့ဇီဟာဂျာမနီအသင်းအတွက်၆၃ပွဲကစားကာ၁၇ဂိုးသွင်းထားပါတယ်။
ZawGyi
၅ ႏွစ္ၾကာ ေဝးကြာေနခဲ့ၿပီးေနာက္ ဂ်ာမနီကမာၻ႔ဖလားလူစာရင္းတြင္ ျပန္လည္ပါဝင္လာတဲ့ ေဂါ့ဇီ
မာရီယိုေဂါ့ဇီဟာဂ်ာမနီလက္ေ႐ြးစင္အသင္းႏွင့္ငါးႏွစ္ၾကာေဝးကြာေနခဲ့ၿပီးေနာက္ ဂ်ာမနီရဲ႕ကမာၻ႔ဖလားလူစာရင္းတြင္ပါဝင္လာပါတယ္။
မာရီယိုေဂါ့ဇီဟာ၂၀၁၄ဘရာဇီးကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက အာဂ်င္တီးနားႏွင့္ဗိုလ္လုပြဲတြင္အခ်ိန္ပိုတြင္အႏိုင္ဂိုးသြင္းယူၿပီးေနာက္သူရဲေကာင္းျဖစ္ခဲ့သူလည္းျဖစ္ပါတယ္။
ဒါေပမဲ့သူဟာဘိုင္ယန္ျမဴးနစ္ႏွင့္ေဒါ့မြန္တို႔တြင္ဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္ရကာအေကာင္းဆုံးပုံစံရရွိေရး႐ုန္းကန္ခဲ့ရပါတယ္။
သူဟာႂကြက္သားဒဏ္ရာကိုခြဲစိတ္ကုသၿပီးေဒါ့မြန္တြင္အေကာင္းဆုံးပုံစံျပန္ရလာၿပီးေနာက္၂၀၁၇ခုႏွစ္ႏိုဝင္ဘာလတုန္းကျပင္သစ္ႏွင့္ေျခစမ္းပြဲတြင္ဂ်ာမနီအတြက္ကစားခြင့္ရရွိခဲ့ပါတယ္။
သူဟာယင္းေနာက္ပိုင္းတြင္ဂ်ိဳးအာခ်င္ေလာရဲ႕ဂ်ာမနီအသင္းတြင္ေ႐ြးခ်ယ္ျခင္းမခံခဲ့ရပါဘူး။သူဟာပီအက္စ္ဗြီႏွင့္အတူအေကာင္းဆုံးပုံစံရရွိေနေပမဲ့လည္းယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာလည္းခ်န္လွပ္ခံလာရပါတယ္။
ဒါေပမဲ့သူဟာဖရန႔္ဖတ္အသင္းတြင္အေကာင္းဆုံးေျခစြမ္းျဖင့္ကစားေနႏိုင္မႈနဲ႔အတူဟန္စီဖလစ္ကကမာၻ႔ဖလားၿပိဳင္ပြဲဝင္ဂ်ာမနီအသင္းတြင္ထည့္သြင္းလာပါတယ္။
ေဂါ့ဇီဟာဂ်ာမနီအသင္းအတြက္၆၃ပြဲကစားကာ၁၇ဂိုးသြင္းထားပါတယ္။