၅ လအတွင်း သူပိုင်ကလပ်နှစ်ခုတို့ တန်းတက်ခဲ့ရမှုကြုံနေတဲ့ ဘရာဇီးဂန္ထဝင်ရော်နယ်ဒို

ဘရာဇီးနှင့်ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ရော်နယ်ဒိုဟာငါးလအတွင်းတွင်သူပိုင်ဆိုင်တဲ့ကလပ်နှစ်ခုတို့တန်းတက်ခဲ့ရပြီးနောက်ဘောလုံးလောကရဲ့အံ့ဩသင့်ဖွယ်ကောင်းမွန်မှုအပေါ် တုန်လှုပ်လျက်ရှိနေပါတယ်။

ဘရာဇီးနှင့်အတူ၁၉၉၄နှင့်၂၀၀၂ခုနှစ်တို့တွင်ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့အသက်၄၆နှစ်ရှိတိုက်စစ်မှူးဟာစပိန်ကလပ်ဗယ်လာဒိုးလစ်နှင့်မွေးရပ်မြေဘရာဇီးကလပ်ခရူဇီယိုတို့ကိုပိုင်ဆိုင်ထားပါတယ်။

ရော်နယ်ဒိုဟာ၂၀၁၈ခုနှစ်တုန်းကဗယ်လာဒိုးလစ်ရဲ့ရှယ်ယာ၅၁ရာခိုင်နှုန်းကို ဝယ်ယူခဲ့တာဖြစ်ပြီး၂၀၂၀-၂၁ရာသီတုန်းကလာလီဂါ၂သို့တန်းဆင်းခဲ့ရပါတယ်။

ဒါပေမဲ့၎င်းတို့ဟာပြီးခဲ့တဲ့ရာသီတွင်လာလီဂါ၂ တွင်အဆင့်၂နေရာတွင်ရပ်တည်ပြီးနောက်လာလီဂါသို့ပြန်တန်းတက်နိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာဗယ်လာဒိုးလစ်အသင်းတန်းတက်ခဲ့ရပြီးနောက်သူကတိအတိုင်းမိုင်၂၈၀ခရီးကိုစက်ဘီးစီးခဲ့ရသူလည်းဖြစ်ပါတယ်။

ဘာစီလိုနာ၊အင်တာမီလန်နှင့်အေစီမီလန်တိုက်စစ်မှူးဟောင်းဟာ၁၉၉၃ခုနှစ်တုန်းကကစားသမားဘဝစတင်ခဲ့တဲ့ခရူဇီယိုအသင်းကိုလည်းပိုင်ဆိုင်သူဖြစ်ပါတယ်။

သူဟာဒီဇင်ဘာလတုန်းကဘရာဇီးစီးရီးဘီကလပ်ရဲ့ရှယ်ယာ၅၁ရာခိုင်နှုန်းကိုပေါင်၅၂.၂သန်းဖြင့်ဝယ်ယူခဲ့ပါတယ်။

သူဟာခရူဇီယိုရှယ်ယာများကိုဝယ်ယူပြီးနောက်ချက်ချင်းပင်နည်းပြလူဇင်ဘာဂိုနှင့်နည်းပြအဖွဲ့ဝင်များကိုထုတ်ပယ်ခဲ့ပါတယ်။

သူ့ဆုံးဖြတ်ချက်ကမှန်ကန်ခဲ့ပါတယ်။ခရူဇီယိုဟာယနေ့အစောပိုင်းတုန်းကဗာစကိုဒဂါးမားကို၃-၀ဂိုးဖြင့်အနိုင်ရရှိပြီးနောက်စီးရီးအေသို့တက်လှမ်းရန်သေချာသွားခဲ့ပြီဖြစ်ပါတယ်။

၂၀၂၂ရာသီကုန်ဆုံးရန်၇ပွဲသာကစားရန်လိုတော့တဲ့အချိန်တွင်ခရူဇီယိုဟာဒုတိယနေရာမှဂရီမီယိုကို၁၅မှတ်ဖြတ်ထားသလိုပဥ္စမနေရာမှလွန်ဒရီနာကိုလည်းရမှတ်၂၃မှတ်ဖြတ်ထားပါတယ်။

သူဟာဗာစကိုဒဂါးမားကိုအနိုင်ရတဲ့ပွဲမှာ Mineiro Stadium သို့သွားရောက်ကြည့်ရှုခဲ့ရပြီးတန်းတက်ရန်သေချာသွားခဲ့မှုအတွက်အလွန်ပျော်ရွှင်နေခဲ့တာတွေ့ရပါတယ်။

ရော်နယ်ဒိုက “တကယ့်ကိုအချိုပေါ်သကာလောင်းပါ။ဒီအောင်ပွဲရဖို့အကြီးအကျယ်အလုပ်လုပ်ခဲ့ကြတယ်။ဒီညကတော့စပါယ်ရှယ်ညပါ။ကစားသမားတွေ၊နည်းပြအဖွဲ့ဝင်တွေ၊အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကိုဂုဏ်ပြုပါတယ်။ပြီးတော့သုံးနှစ်နီးပါးနာကျင်မှုခံစားခဲ့ရတဲ့ပရိသတ်တွေအတွက်ပါ။ဒီနေ့ကအောင်မြင်တဲ့နေ့ပါ။ပရိသတ်တွေရဲ့အားပေးမှုအတွက်ကျေးဇူးတင်တယ်။နောက်ရက်အနည်းငယ်လောက်အောင်ပွဲခံပြီးရင်နောက်နှစ်အတွက်တွေးကြစို့”လို့ပြောကြားသွားပါတယ်။

ZawGyi

ဘရာဇီးႏွင့္ရီးရဲလ္မက္ဒရစ္ဂႏၴဝင္ေရာ္နယ္ဒိုဟာငါးလအတြင္းတြင္သူပိုင္ဆိုင္တဲ့ကလပ္ႏွစ္ခုတို႔တန္းတက္ခဲ့ရၿပီးေနာက္ေဘာလုံးေလာကရဲ႕အံ့ဩသင့္ဖြယ္ေကာင္းမြန္မႈအေပၚ တုန္လႈပ္လ်က္ရွိေနပါတယ္။

ဘရာဇီးႏွင့္အတူ၁၉၉၄ႏွင့္၂၀၀၂ခုႏွစ္တို႔တြင္ကမာၻ႔ဖလားဆြတ္ခူးခဲ့တဲ့အသက္၄၆ႏွစ္ရွိတိုက္စစ္မႉးဟာစပိန္ကလပ္ဗယ္လာဒိုးလစ္ႏွင့္ေမြးရပ္ေျမဘရာဇီးကလပ္ခ႐ူဇီယိုတို႔ကိုပိုင္ဆိုင္ထားပါတယ္။

ေရာ္နယ္ဒိုဟာ၂၀၁၈ခုႏွစ္တုန္းကဗယ္လာဒိုးလစ္ရဲ႕ရွယ္ယာ၅၁ရာခိုင္ႏႈန္းကို ဝယ္ယူခဲ့တာျဖစ္ၿပီး၂၀၂၀-၂၁ရာသီတုန္းကလာလီဂါ၂သို႔တန္းဆင္းခဲ့ရပါတယ္။

ဒါေပမဲ့၎တို႔ဟာၿပီးခဲ့တဲ့ရာသီတြင္လာလီဂါ၂ တြင္အဆင့္၂ေနရာတြင္ရပ္တည္ၿပီးေနာက္လာလီဂါသို႔ျပန္တန္းတက္ႏိုင္ခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာဗယ္လာဒိုးလစ္အသင္းတန္းတက္ခဲ့ရၿပီးေနာက္သူကတိအတိုင္းမိုင္၂၈၀ခရီးကိုစက္ဘီးစီးခဲ့ရသူလည္းျဖစ္ပါတယ္။

ဘာစီလိုနာ၊အင္တာမီလန္ႏွင့္ေအစီမီလန္တိုက္စစ္မႉးေဟာင္းဟာ၁၉၉၃ခုႏွစ္တုန္းကကစားသမားဘဝစတင္ခဲ့တဲ့ခ႐ူဇီယိုအသင္းကိုလည္းပိုင္ဆိုင္သူျဖစ္ပါတယ္။

သူဟာဒီဇင္ဘာလတုန္းကဘရာဇီးစီးရီးဘီကလပ္ရဲ႕ရွယ္ယာ၅၁ရာခိုင္ႏႈန္းကိုေပါင္၅၂.၂သန္းျဖင့္ဝယ္ယူခဲ့ပါတယ္။

သူဟာခ႐ူဇီယိုရွယ္ယာမ်ားကိုဝယ္ယူၿပီးေနာက္ခ်က္ခ်င္းပင္နည္းျပလူဇင္ဘာဂိုႏွင့္နည္းျပအဖြဲ႕ဝင္မ်ားကိုထုတ္ပယ္ခဲ့ပါတယ္။

သူ႔ဆုံးျဖတ္ခ်က္ကမွန္ကန္ခဲ့ပါတယ္။ခ႐ူဇီယိုဟာယေန႔အေစာပိုင္းတုန္းကဗာစကိုဒဂါးမားကို၃-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးေနာက္စီးရီးေအသို႔တက္လွမ္းရန္ေသခ်ာသြားခဲ့ၿပီျဖစ္ပါတယ္။

၂၀၂၂ရာသီကုန္ဆုံးရန္၇ပြဲသာကစားရန္လိုေတာ့တဲ့အခ်ိန္တြင္ခ႐ူဇီယိုဟာဒုတိယေနရာမွဂရီမီယိုကို၁၅မွတ္ျဖတ္ထားသလိုပၪၥမေနရာမွလြန္ဒရီနာကိုလည္းရမွတ္၂၃မွတ္ျဖတ္ထားပါတယ္။

သူဟာဗာစကိုဒဂါးမားကိုအႏိုင္ရတဲ့ပြဲမွာ Mineiro Stadium သို႔သြားေရာက္ၾကည့္ရႈခဲ့ရၿပီးတန္းတက္ရန္ေသခ်ာသြားခဲ့မႈအတြက္အလြန္ေပ်ာ္႐ႊင္ေနခဲ့တာေတြ႕ရပါတယ္။

ေရာ္နယ္ဒိုက “တကယ့္ကိုအခ်ိဳေပၚသကာေလာင္းပါ။ဒီေအာင္ပြဲရဖို႔အႀကီးအက်ယ္အလုပ္လုပ္ခဲ့ၾကတယ္။ဒီညကေတာ့စပါယ္ရွယ္ညပါ။ကစားသမားေတြ၊နည္းျပအဖြဲ႕ဝင္ေတြ၊အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ေတြကိုဂုဏ္ျပဳပါတယ္။ၿပီးေတာ့သုံးႏွစ္နီးပါးနာက်င္မႈခံစားခဲ့ရတဲ့ပရိသတ္ေတြအတြက္ပါ။ဒီေန႔ကေအာင္ျမင္တဲ့ေန႔ပါ။ပရိသတ္ေတြရဲ႕အားေပးမႈအတြက္ေက်းဇူးတင္တယ္။ေနာက္ရက္အနည္းငယ္ေလာက္ေအာင္ပြဲခံၿပီးရင္ေနာက္ႏွစ္အတြက္ေတြးၾကစို႔”လို႔ေျပာၾကားသြားပါတယ္။