
အေဂျက်စ်ဟာအဲရစ်တန်ဟက်ရဲ့နေရာကိုဆက်ခံတဲ့နည်းပြအယ်ဖရက်ရှရူဒါကိုရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။
ဒတ်ချ်ထိပ်သီးကလပ်ဟာနောက်ဆုံး၇ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးပြီးနောက် နည်းပြအယ်ဖရက်ရှရူဒါနှင့်လမ်းခွဲရန်ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။
ရှရူဒါရဲ့အေဂျက်စ်ကိုနောက်ဆုံးကိုင်တွယ်ခဲ့တဲ့ပွဲကတော့ တန်းမဆင်းရရေးတိုက်ပွဲဝင်နေရတဲ့FC Volendam နှင့်တစ်ဂိုးသရေကျခဲ့တာဖြစ်ပါတယ်။
အေဂျက်စ်ကို FC Volendam နှင့်ပွဲတွင် ကန်ချက်၃၁ကြိမ်အထိပြုလုပ်ခဲ့ပေမဲ့လည်းအနိုင်ဂိုးရှာမတွေ့ခဲ့ပါဘူး။
ရှရူဒါရဲ့အေဂျက်စ်ဟာနိုဝင်ဘာလ၁ရက်နေ့တုန်းကရိန်းဂျားကို၃-၁ဂိုးဖြင့်အနိုင်ရရှိပြီးနောက် နောက်ဆုံး၇ပွဲတွင်၁ပွဲရှုံးနိမ့်ပြီး၆ပွဲဆက်သရေကျခဲ့တာဖြစ်ပါတယ်။
အေဂျက်စ်ဟာရှရူဒါရဲ့လက်ထက်တွင်ရုန်းကန်ရမှုနဲ့အတူထိပ်ဆုံးမှဖီယင်နုနှင့်ရမှတ်၇မှတ်အထိကွာဟနေမှုနဲ့အတူ ဒတ်ချ်အဆင့်မြင့်တန်းဖလား၄ကြိမ်ဆက်ချန်ပီယံဖြစ်ရန်ခက်ခဲသွားခဲ့ပြီဖြစ်ပါတယ်။
ZawGyi
၇ ဆက်ပွဲနိုင်ပွဲပျောက်ပြီးနောက် နည်းပြရှရူဒါကို အေဂျက်စ်ထုတ်ပယ်
ဒတ်ခ်ျထိပ်သီးကလပ်ဟာနောက်ဆုံး၇ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးပြီးနောက် နည်းပြအယ်ဖရက်ရှရူဒါနှင့်လမ်းခွဲရန်ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။
အေဂျက်စ်ဟာရှရူဒါရဲ့လက်ထက်တွင်ရုန်းကန်ရမှုနဲ့အတူထိပ်ဆုံးမှဖီယင်နုနှင့်ရမှတ်၇မှတ်အထိကွာဟနေမှုနဲ့အတူ ဒတ်ခ်ျအဆင့်မြင့်တန်းဖလား၎ကြိမ်ဆက်ချန်ပီယံဖြစ်ရန်ခက်ခဲသွားခဲ့ပြီဖြစ်ပါတယ်။