၇ ပွဲကစားပြီးချိန်မှာပဲ ပရီးမီးယားလိဂ်ဖလားအတွက် လက်လျှော့လိုက်ပြီဖြစ်တဲ့ ကလော့ပ်

ဂျာဂင်ကလော့ပ်ကပရီးမီးယားလိဂ်ပွဲ၇ပွဲတည်းသာကစားထားရသေးပေမဲ့လည်းလီဗာပူးအသင်းတွင်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန်အခွင့်အရေးမရှိတော့ကြောင်းဖွင့်ဟပြောကြားလာပါတယ်။

ကလော့ပ်ဟာစနေနေ့တုန်းကလီဗာပူးအသင်းကိုကိုင်တွယ်တဲ့၇နှစ်ပြည့်ခဲ့သူဖြစ်ပါတယ်။

ကလော့ပ်ဟာယခင်ကလပ်များဖြစ်ကြတဲ့မိန့်ဇ်နှင့်ဒေါ့မွန်အသင်းတို့ကိုကိုင်တွယ်စဉ်တုန်းက၈ရာသီမြောက်တွင်ရုန်းကန်ရမှုနှင့်အတူ လီဗာပူးတွင်လည်း ခက်ခဲမှုနှင့်ကြုံလာရမယ်လို့ပြောဆိုခြင်းခံနေရပါတယ်။

လီဗာပူးဟာပြီးခဲ့တဲ့အပတ်တုန်းကဘရိုက်တန်နှင့်အိမ်ကွင်းမှာသုံးဂိုးစီသရေကျပြီးနောက်ယခုရာသီတွင်ရမှတ်၁၁မှတ်အထိဆုံးရှုံးထားရပြီးဖြစ်ပါတယ်။

၎င်းတို့ဟာယနေ့ညအမ်းမရိတ်ကွင်းတွင်အာဆင်နယ်နှင့်ကစားရမယ့်ပွဲမှာရှုံးနိမ့်ပါက ရမှတ်၁၃မှတ်အထိကွာဟလာပါမယ်။

ဒါကြောင့်လည်းအသက်၅၅နှစ်ရှိဂျာမန်လူမျိုးနည်းပြက “အခုအချိန်မှာကျွန်တော်တို့ကရာသီအကုန်မှာချန်ပီယံဖြစ်မဲ့ပုံပေါက်နေလား။ကံဆိုးစွာပဲ မပေါက်ပါဘူး။ဟုတ်ပါတယ်။ခက်ခဲတဲ့ကာလတစ်ခုသို့ရောက်နေပါတယ်။ပွဲစဉ်၇အပြီးမှာအဆင့်၉နေရာမှာရောက်နေမယ်လို့ဘယ်သူမှထင်ခဲ့ကြမှာလဲ။ဘယ်သူမှမထင်ခဲ့ကြပါဘူး။ဒါပေမဲ့ဒီနေရာကအခုကျွန်တော်တို့ရောက်နေတဲ့နေရာပါ။ဒီကပဲသွားရပါမယ်။တကယ်လို့ဒီကိုကျော်ဖြတ်ဖို့ကလပ်တစ်ခုမှာအခွင့်အရေးရှိတယ်ဆိုရင်လည်းကျွန်တော်တို့ပဲဖြစ်ပါလိမ့်မယ်။ကျွန်တော်ဟာဘယ်ပြိုင်ပွဲမှမထွက်ရသေးပါဘူး။လိဂ်မှာကျွန်တော်တို့ဘယ်လိုအဆုံးသတ်လာမလဲဘယ်သူမှလည်းမသိပါဘူး။ဒီတော့ဆက်သွားလိုက်ရုံပေါ့။ဒီအတိုင်းပါပဲ။ ခက်ခဲတယ်။မဖြစ်နိုင်ဘူးရယ်တော့မဟုတ်ပါဘူး။ဒီတော့ဒီအတိုင်းချီတက်သွားရုံပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

၇ ပြဲကစားၿပီးခ်ိန္မွာပဲ ပရီးမီးယားလိဂ္ဖလားအတြက္ လက္ေလွ်ာ့လိုက္ၿပီျဖစ္တဲ့ ကေလာ့ပ္

ဂ်ာဂင္ကေလာ့ပ္ကပရီးမီးယားလိဂ္ပြဲ၇ပြဲတည္းသာကစားထားရေသးေပမဲ့လည္းလီဗာပူးအသင္းတြင္ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ရန္အခြင့္အေရးမရွိေတာ့ေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

ကေလာ့ပ္ဟာစေနေန႔တုန္းကလီဗာပူးအသင္းကိုကိုင္တြယ္တဲ့၇ႏွစ္ျပည့္ခဲ့သူျဖစ္ပါတယ္။

ကေလာ့ပ္ဟာယခင္ကလပ္မ်ားျဖစ္ၾကတဲ့မိန႔္ဇ္ႏွင့္ေဒါ့မြန္အသင္းတို႔ကိုကိုင္တြယ္စဥ္တုန္းက၈ရာသီေျမာက္တြင္႐ုန္းကန္ရမႈႏွင့္အတူ လီဗာပူးတြင္လည္း ခက္ခဲမႈႏွင့္ႀကဳံလာရမယ္လို႔ေျပာဆိုျခင္းခံေနရပါတယ္။

လီဗာပူးဟာၿပီးခဲ့တဲ့အပတ္တုန္းကဘ႐ိုက္တန္ႏွင့္အိမ္ကြင္းမွာသုံးဂိုးစီသေရက်ၿပီးေနာက္ယခုရာသီတြင္ရမွတ္၁၁မွတ္အထိဆုံးရႈံးထားရၿပီးျဖစ္ပါတယ္။

၎တို႔ဟာယေန႔ညအမ္းမရိတ္ကြင္းတြင္အာဆင္နယ္ႏွင့္ကစားရမယ့္ပြဲမွာရႈံးနိမ့္ပါက ရမွတ္၁၃မွတ္အထိကြာဟလာပါမယ္။

ဒါေၾကာင့္လည္းအသက္၅၅ႏွစ္ရွိဂ်ာမန္လူမ်ိဳးနည္းျပက “အခုအခ်ိန္မွာကြၽန္ေတာ္တို႔ကရာသီအကုန္မွာခ်န္ပီယံျဖစ္မဲ့ပုံေပါက္ေနလား။ကံဆိုးစြာပဲ မေပါက္ပါဘူး။ဟုတ္ပါတယ္။ခက္ခဲတဲ့ကာလတစ္ခုသို႔ေရာက္ေနပါတယ္။ပြဲစဥ္၇အၿပီးမွာအဆင့္၉ေနရာမွာေရာက္ေနမယ္လို႔ဘယ္သူမွထင္ခဲ့ၾကမွာလဲ။ဘယ္သူမွမထင္ခဲ့ၾကပါဘူး။ဒါေပမဲ့ဒီေနရာကအခုကြၽန္ေတာ္တို႔ေရာက္ေနတဲ့ေနရာပါ။ဒီကပဲသြားရပါမယ္။တကယ္လို႔ဒီကိုေက်ာ္ျဖတ္ဖို႔ကလပ္တစ္ခုမွာအခြင့္အေရးရွိတယ္ဆိုရင္လည္းကြၽန္ေတာ္တို႔ပဲျဖစ္ပါလိမ့္မယ္။ကြၽန္ေတာ္ဟာဘယ္ၿပိဳင္ပြဲမွမထြက္ရေသးပါဘူး။လိဂ္မွာကြၽန္ေတာ္တို႔ဘယ္လိုအဆုံးသတ္လာမလဲဘယ္သူမွလည္းမသိပါဘူး။ဒီေတာ့ဆက္သြားလိုက္႐ုံေပါ့။ဒီအတိုင္းပါပဲ။ ခက္ခဲတယ္။မျဖစ္ႏိုင္ဘူးရယ္ေတာ့မဟုတ္ပါဘူး။ဒီေတာ့ဒီအတိုင္းခ်ီတက္သြား႐ုံပါ”လို႔ေျပာၾကားသြားပါတယ္။