၇ မိနစ်တည်းကစားပြီး ရော်နယ်ဒိုရဲ့ချန်ပီယံလိဂ်စံချိန်ကို လိုက်မီခဲ့တဲ့ ဂါရတ်ဘေးလ်

ဂါရတ်ဘေးလ်ဟာယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲတွင်၇မိနစ်တည်းသာကစားခွင့်ရရှိခဲ့ပေမဲ့လည်းခရစ္စတီယာနိုရော်နယ်ဒိုရဲ့ချန်ပီယံလိဂ်ဖလား၅ကြိမ်ရစံချိန်ကိုလိုက်မီသွားခဲ့ပြီဖြစ်ပါတယ်။

အသက်၃၂နှစ်ရှိဝေးလ်အသင်းခေါင်းဆောင်ဟာမနေ့ညတုန်းကရီးရဲလ်မက်ဒရစ်ကလီဗာပူးကို၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာအရန်ခုံမှာထိုင်နေခဲ့ရပြီးအရန်အဖြစ်ပင်ဝင်ကစားခွင့်မရခဲ့ပါဘူး။

ဒါပေမဲ့ဂါရတ်ဘေးလ်ဟာရီးရဲလ်မက်ဒရစ်နှင့်ချန်ပီယံလိဂ်ဖလား၅ကြိမ်မြောက်ဆွတ်ခူးခဲ့ကာဘာနေဗျူးကစားသမားဘဝကိုလှပစွာကန့်လန့်ကာချနိုင်ခဲ့ပါတယ်။

ဝေးလ်အသင်းခေါင်းဆောင်ဟာချန်ပီယံလိဂ်ဖလားကို၂၀၁၄၊၂၀၁၆၊၂၀၁၇၊၂၀၁၈နှင့်၂၀၂၂တို့မှာရရှိထားပါတယ်။

တကယ်တော့ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ချန်ပီယံလိဂ်ဖလား၅ကြိမ်ရစံချိန်ကိုလိုက်မီခဲ့တာဂါရတ်ဘေးလ်တစ်ဦးတည်းမဟုတ်ပါဘူး။

ရီးရဲလ်မက်ဒရစ်ကစားသမားများဖြစ်ကြတဲ့မာဆယ်လို၊ကာဗာဂျယ်၊နာချို၊လူကာမိုဒရစ်၊ကက်စ်မီရို၊တိုနီခရူးစ်၊အစ္စကို၊ဘန်ဇီးမားတို့ဟာလည်းချန်ပီယံလိဂ်ဖလား၅ကြိမ်မြောက်အဖြစ်ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။

ZawGyi

၇ မိနစ္တည္းကစားၿပီး ေရာ္နယ္ဒိုရဲ႕ခ်န္ပီယံလိဂ္စံခ်ိန္ကို လိုက္မီခဲ့တဲ့ ဂါရတ္ေဘးလ္

ဂါရတ္ေဘးလ္ဟာယခုႏွစ္ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတြင္၇မိနစ္တည္းသာကစားခြင့္ရရွိခဲ့ေပမဲ့လည္းခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ခ်န္ပီယံလိဂ္ဖလား၅ႀကိမ္ရစံခ်ိန္ကိုလိုက္မီသြားခဲ့ၿပီျဖစ္ပါတယ္။

အသက္၃၂ႏွစ္ရွိေဝးလ္အသင္းေခါင္းေဆာင္ဟာမေန႔ညတုန္းကရီးရဲလ္မက္ဒရစ္ကလီဗာပူးကို၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာအရန္ခုံမွာထိုင္ေနခဲ့ရၿပီးအရန္အျဖစ္ပင္ဝင္ကစားခြင့္မရခဲ့ပါဘူး။

ဒါေပမဲ့ဂါရတ္ေဘးလ္ဟာရီးရဲလ္မက္ဒရစ္ႏွင့္ခ်န္ပီယံလိဂ္ဖလား၅ႀကိမ္ေျမာက္ဆြတ္ခူးခဲ့ကာဘာေနဗ်ဴးကစားသမားဘဝကိုလွပစြာကန႔္လန႔္ကာခ်ႏိုင္ခဲ့ပါတယ္။

ေဝးလ္အသင္းေခါင္းေဆာင္ဟာခ်န္ပီယံလိဂ္ဖလားကို၂၀၁၄၊၂၀၁၆၊၂၀၁၇၊၂၀၁၈ႏွင့္၂၀၂၂တို႔မွာရရွိထားပါတယ္။

တကယ္ေတာ့ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ခ်န္ပီယံလိဂ္ဖလား၅ႀကိမ္ရစံခ်ိန္ကိုလိုက္မီခဲ့တာဂါရတ္ေဘးလ္တစ္ဦးတည္းမဟုတ္ပါဘူး။

ရီးရဲလ္မက္ဒရစ္ကစားသမားမ်ားျဖစ္ၾကတဲ့မာဆယ္လို၊ကာဗာဂ်ယ္၊နာခ်ိဳ၊လူကာမိုဒရစ္၊ကက္စ္မီ႐ို၊တိုနီခ႐ူးစ္၊အစၥကို၊ဘန္ဇီးမားတို႔ဟာလည္းခ်န္ပီယံလိဂ္ဖလား၅ႀကိမ္ေျမာက္အျဖစ္ဆြတ္ခူးႏိုင္ခဲ့ၾကပါတယ္။