
ပီအက်စ်ဂျီဟာလီယွန်နယ်မက်ဆီကိုတစ်နှစ်လုပ်ခယူရို၂၅သန်းအထိပေးကာခေါ်ယူခဲ့ရပေမယ့်ကစားသမားကိုတစ်ပွဲမျှအသုံးမပြုရသေးခင်တဲ့အပြင်လုပ်ခစရိတ်အရင်းကျေလုနီးပါးငွေကြေးပြန်လည်ရရှိလိုက်ပြီဖြစ်ပါတယ်။
ပီအက်စ်ဂျီဟာလီယွန်နယ်မက်ဆီအင်္ကျီအလုံးရေတစ်သိန်းခွဲကျော်အား၇မိနစ်အတွင်းအံ့ဩစရာကောင်းလောက်အောင်ရောင်းချခဲ့ရကြောင်းစပိန်ထိပ်သီးသတင်းစာ AS ကဖော်ပြသွားပါတယ်။
လီယွန်နယ်မက်ဆီအမည်ပါပီအက်စ်ဂျီအင်္ကျီရဲ့အမြင့်မားဆုံးဈေးနှုန်းကယူရို၁၅၈ဖြစ်ပါတယ်။ယင်းနှုန်းဖြင့်တွက်ချက်လျှင်ပီအက်စ်ဂျီဟာအွန်လိုင်းကနေမက်ဆီအင်္ကျီရောင်းချရမှုမှယူရို၂၃.၇သန်းအထိရရှိထားပြီးဖြစ်ပါတယ်။
ဒါပေမယ့်အမျိုးသမီးနှင့်ကလေးဝတ်စုံများကိုဈေးနှုန်းလျှော့ချကာရောင်းချမှုကြောင့် အထက်ပါပမာဏငွေကြေးရရှိချင်မှရရှိပါလိမ့်မယ်။
တစ်ဖက်တွင်ယင်းဝင်ငွေပမာဏကအွန်လိုင်းကရောင်းချမှုသက်သက်ကိုသာတွက်ချက်ထားတာဖြစ်ပြီးမြေပြင်စတိုးမှရောင်းချရမှုပမာဏမပါဝင်ပါဘူး။
မက်ဆီကိုခေါ်ယူလိုက်ကြောင်းပီအက်စ်ဂျီကကြေညာပြီးနောက်ချက်ချင်းဆိုသလိုနာရီဝက်အတွင်းမှာပီအက်စ်ဂျီအွန်လိုင်းစတိုးမှာအင်္ကျီရောင်းကုန်သွားခဲ့သလိုမက်ဆီကိုမိတ်ဆက်တဲ့နေ့တွင်လည်းမြေပြင်စတိုးတွင်လူတန်းရှည်ကြီးဖြင့်မက်ဆီအင်္ကျီကိုဝယ်ယူရန်စောင့်ဆိုင်းနေခဲ့ကြပါတယ်။ဒါကြောင့်ပီအက်စ်ဂျီဟာမက်ဆီအတွက်တစ်နှစ်စာလုပ်ခကိုသူရောက်ပြီးသုံးရက်အတွင်းမှာဘဲပြန်ရှာလိုက်နိုင်တယ်လို့ပြောလို့ရပါတယ်။
ဒါပေမယ့်ပီအက်စ်ဂျီဟာ Nike နှင့်အင်္ကျီစပွန်ဆာစာချုပ်ချုပ်ဆိုထားရာမှာရာခိုင်နှုန်းကော်မရှင်စားမပါဝင်ဘဲတစ်နှစ်ယူရိုသန်း၈၀ဖြင့်အပြီးရောင်းချထားတာဖြစ်ပါတယ်။ ဒါကြောင့်ယင်းကဲ့သို့မက်ဆီရဲ့ပီအက်စ်ဂျီအင်္ကျီအကြီးအကျယ်ရောင်းချရမှုမှာ တကယ်တမ်းအကျိုးအမြတ်ရသွားတာကတော့ Nike ဖြစ်နေပါတယ်။
တစ်ဖက်တွင်မက်ဆီကိုဆုံးရှုံးခဲ့ရတဲ့ဘာစီလိုနာကတော့စူပါစတားကစားသမားမရှိမှုနဲ့အတူကလပ်ရဲ့အမှတ်တံဆိပ်တန်းဖိုးယူရို၁၃၇သန်းကျဆင်းခြင်း၊ကွင်းဝင်ကြေးယူရို၁၇သန်းလျှော့ကျလာခြင်း၊အမှတ်တရပစ္စည်းရောင်းချရမှုမှဝင်ငွေ၄၃သန်းလျှော့ကျခြင်း၊စပွန်ဆာနှင့်ကော်မာရှယ်ဆွဲဆောင်မှုလျှော့ကျလာခြင်းအပါအဝင်စီးပွားရေးလုပ်ငန်းများမှဝင်ငွေယူရို၇၇သန်းအသီးသီးလျှော့ကျလာမယ်လို့ခန့်မှန်းခြင်းခံထားရပါတယ်။
ZawGyi
၇ မိနစ္အတြင္း မက္ဆီရဲ႕တစ္ႏွစ္လုပ္ခအားလုံးနီးပါးကို ရွာလိုက္ႏိုင္တဲ့ ပီအက္စ္ဂ်ီ
ပီအက္စ္ဂ်ီဟာလီယြန္နယ္မက္ဆီကိုတစ္ႏွစ္လုပ္ခယူ႐ို၂၅သန္းအထိေပးကာေခၚယူခဲ့ရေပမယ့္ကစားသမားကိုတစ္ပြဲမွ်အသုံးမျပဳရေသးခင္တဲ့အျပင္လုပ္ခစရိတ္အရင္းေက်လုနီးပါးေငြေၾကးျပန္လည္ရရွိလိုက္ၿပီျဖစ္ပါတယ္။
ပီအက္စ္ဂ်ီဟာလီယြန္နယ္မက္ဆီအက်ႌအလုံးေရတစ္သိန္းခြဲေက်ာ္အား၇မိနစ္အတြင္းအံ့ဩစရာေကာင္းေလာက္ေအာင္ေရာင္းခ်ခဲ့ရေၾကာင္းစပိန္ထိပ္သီးသတင္းစာ AS ကေဖာ္ျပသြားပါတယ္။
လီယြန္နယ္မက္ဆီအမည္ပါပီအက္စ္ဂ်ီအက်ႌရဲ႕အျမင့္မားဆုံးေဈးႏႈန္းကယူ႐ို၁၅၈ျဖစ္ပါတယ္။ယင္းႏႈန္းျဖင့္တြက္ခ်က္လွ်င္ပီအက္စ္ဂ်ီဟာအြန္လိုင္းကေနမက္ဆီအက်ႌေရာင္းခ်ရမႈမွယူ႐ို၂၃.၇သန္းအထိရရွိထားၿပီးျဖစ္ပါတယ္။
ဒါေပမယ့္အမ်ိဳးသမီးႏွင့္ကေလးဝတ္စုံမ်ားကိုေဈးႏႈန္းေလွ်ာ့ခ်ကာေရာင္းခ်မႈေၾကာင့္ အထက္ပါပမာဏေငြေၾကးရရွိခ်င္မွရရွိပါလိမ့္မယ္။
တစ္ဖက္တြင္ယင္းဝင္ေငြပမာဏကအြန္လိုင္းကေရာင္းခ်မႈသက္သက္ကိုသာတြက္ခ်က္ထားတာျဖစ္ၿပီးေျမျပင္စတိုးမွေရာင္းခ်ရမႈပမာဏမပါဝင္ပါဘူး။
မက္ဆီကိုေခၚယူလိုက္ေၾကာင္းပီအက္စ္ဂ်ီကေၾကညာၿပီးေနာက္ခ်က္ခ်င္းဆိုသလိုနာရီဝက္အတြင္းမွာပီအက္စ္ဂ်ီအြန္လိုင္းစတိုးမွာအက်ႌေရာင္းကုန္သြားခဲ့သလိုမက္ဆီကိုမိတ္ဆက္တဲ့ေန႔တြင္လည္းေျမျပင္စတိုးတြင္လူတန္းရွည္ႀကီးျဖင့္မက္ဆီအက်ႌကိုဝယ္ယူရန္ေစာင့္ဆိုင္းေနခဲ့ၾကပါတယ္။ဒါေၾကာင့္ပီအက္စ္ဂ်ီဟာမက္ဆီအတြက္တစ္ႏွစ္စာလုပ္ခကိုသူေရာက္ၿပီးသုံးရက္အတြင္းမွာဘဲျပန္ရွာလိုက္ႏိုင္တယ္လို႔ေျပာလို႔ရပါတယ္။
ဒါေပမယ့္ပီအက္စ္ဂ်ီဟာ Nike ႏွင့္အက်ႌစပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုထားရာမွာရာခိုင္ႏႈန္းေကာ္မရွင္စားမပါဝင္ဘဲတစ္ႏွစ္ယူ႐ိုသန္း၈၀ျဖင့္အၿပီးေရာင္းခ်ထားတာျဖစ္ပါတယ္။ ဒါေၾကာင့္ယင္းကဲ့သို႔မက္ဆီရဲ႕ပီအက္စ္ဂ်ီအက်ႌအႀကီးအက်ယ္ေရာင္းခ်ရမႈမွာ တကယ္တမ္းအက်ိဳးအျမတ္ရသြားတာကေတာ့ Nike ျဖစ္ေနပါတယ္။
တစ္ဖက္တြင္မက္ဆီကိုဆုံးရႈံးခဲ့ရတဲ့ဘာစီလိုနာကေတာ့စူပါစတားကစားသမားမရွိမႈနဲ႔အတူကလပ္ရဲ႕အမွတ္တံဆိပ္တန္းဖိုးယူ႐ို၁၃၇သန္းက်ဆင္းျခင္း၊ကြင္းဝင္ေၾကးယူ႐ို၁၇သန္းေလွ်ာ့က်လာျခင္း၊အမွတ္တရပစၥည္းေရာင္းခ်ရမႈမွဝင္ေငြ၄၃သန္းေလွ်ာ့က်ျခင္း၊စပြန္ဆာႏွင့္ေကာ္မာရွယ္ဆြဲေဆာင္မႈေလွ်ာ့က်လာျခင္းအပါအဝင္စီးပြားေရးလုပ္ငန္းမ်ားမွဝင္ေငြယူ႐ို၇၇သန္းအသီးသီးေလွ်ာ့က်လာမယ္လို႔ခန႔္မွန္းျခင္းခံထားရပါတယ္။