၇ လသာကိုင်တွယ်ခဲ့ရပြီး တန်းဆင်းရပြီးနောက် ပေါ်တူဂီကလပ်ငယ်ရဲ့ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ အက်ဂါဒေးဗစ်

အက်ဂါဒေးဗစ်ဟာပေါ်တူဂီကလပ်အိုလ်ဟာနက်စ်ကို၇လကြာကိုင်တွယ်စဉ်အတွင်းရလဒ်ဆိုးရွားကာတန်းဆင်းခဲ့ရမှုနဲ့အတူနည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

အသက်၄၈နှစ်ရှိနယ်သာလန်ဂန္ထဝင်ကစားသမားဟာပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကပေါ်တူဂီတတိယတန်းကလပ်ကိုကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

ဒေးဗစ်ဟာအိုလ်ဟာနက်စ်ကို၁၈ပွဲကိုင်တွယ်ခဲ့ရာမှာ၈ပွဲအနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပေမယ့်အသင်းမှာတန်းဆင်းခဲ့ရပါတယ်။

ဒါကြောင့်လည်းအယ်ဂရော့ဗ်အခြေစိုက်ကလပ်ဥက္ကဌဟာအက်ဂါဒေးဗစ်ကိုရာထူးမှထုတ်ပယ်ရန်ဆုံးဖြတ်လိုက်ပြီးသူကိုင်တွယ်စဉ်ကာလအတွင်းမှာအသင်းမှာအလွန်ဆိုးရွားခဲ့ကြောင်းဆိုသွားပါတယ်။

အက်ဂါဒေးဗစ်ဟာကစားသမားဘဝတုန်းကဂျူဗင်တပ်၊မီလန်၊အင်တာ၊ဘာစီလိုနာ၊စပါးစ်၊ခရစ္စတယ်ပဲလေ့စ်တို့တွင်ကစားခဲ့ပြီးဘားနက်အသင်းကို ကစားသမား/နည်းပြအဖြစ်ကြီးကြပ်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။

သူဟာနယ်သာလန်အသင်းအတွက်၇၄ပွဲကစားခဲ့ကာ၁၉၉၈ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်အောင်ကူညီခဲ့သူဖြစ်ပါတယ်။

သူဟာအေဂျက်စ်နှင့်အတူချန်ပီယံလိဂ်ဖလား၊ယူအီးအက်ဖ်အေဖလား၊ဒတ်ချ်အမှတ်ပေးဖလားသုံးကြိမ်ဆွတ်ခူးခဲ့ပါတယ်။သူဟာဂျူဗင်တပ်နှင့်အတူစီးရီးအေဖလားသုံးကြိမ်ဆွတ်ခူးခဲ့ပါတယ်။

ZawGyi

၇ လသာကိုင္တြယ္ခဲ့ရၿပီး တန္းဆင္းရၿပီးေနာက္ ေပၚတူဂီကလပ္ငယ္ရဲ႕ထုတ္ပယ္ျခင္းခံခဲ့ရတဲ့ အက္ဂါေဒးဗစ္

အက္ဂါေဒးဗစ္ဟာေပၚတူဂီကလပ္အိုလ္ဟာနက္စ္ကို၇လၾကာကိုင္တြယ္စဥ္အတြင္းရလဒ္ဆိုး႐ြားကာတန္းဆင္းခဲ့ရမႈနဲ႔အတူနည္းျပရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

အသက္၄၈ႏွစ္ရွိနယ္သာလန္ဂႏၴဝင္ကစားသမားဟာၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းကေပၚတူဂီတတိယတန္းကလပ္ကိုကိုင္တြယ္ခဲ့တာျဖစ္ပါတယ္။

ေဒးဗစ္ဟာအိုလ္ဟာနက္စ္ကို၁၈ပြဲကိုင္တြယ္ခဲ့ရာမွာ၈ပြဲအႏိုင္ရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္အသင္းမွာတန္းဆင္းခဲ့ရပါတယ္။

ဒါေၾကာင့္လည္းအယ္ဂေရာ့ဗ္အေျခစိုက္ကလပ္ဥကၠဌဟာအက္ဂါေဒးဗစ္ကိုရာထူးမွထုတ္ပယ္ရန္ဆုံးျဖတ္လိုက္ၿပီးသူကိုင္တြယ္စဥ္ကာလအတြင္းမွာအသင္းမွာအလြန္ဆိုး႐ြားခဲ့ေၾကာင္းဆိုသြားပါတယ္။

အက္ဂါေဒးဗစ္ဟာကစားသမားဘဝတုန္းကဂ်ဴဗင္တပ္၊မီလန္၊အင္တာ၊ဘာစီလိုနာ၊စပါးစ္၊ခရစၥတယ္ပဲေလ့စ္တို႔တြင္ကစားခဲ့ၿပီးဘားနက္အသင္းကို ကစားသမား/နည္းျပအျဖစ္ႀကီးၾကပ္ခဲ့ဖူးသူလည္းျဖစ္ပါတယ္။

သူဟာနယ္သာလန္အသင္းအတြက္၇၄ပြဲကစားခဲ့ကာ၁၉၉၈ကမာၻ႔ဖလားဆီမီးဖိုင္နယ္အဆင့္သို႔တက္ေရာက္ေအာင္ကူညီခဲ့သူျဖစ္ပါတယ္။

သူဟာေအဂ်က္စ္ႏွင့္အတူခ်န္ပီယံလိဂ္ဖလား၊ယူအီးအက္ဖ္ေအဖလား၊ဒတ္ခ်္အမွတ္ေပးဖလားသုံးႀကိမ္ဆြတ္ခူးခဲ့ပါတယ္။သူဟာဂ်ဴဗင္တပ္ႏွင့္အတူစီးရီးေအဖလားသုံးႀကိမ္ဆြတ္ခူးခဲ့ပါတယ္။