
အက်စတွန်ဗီလာဂိုးသမားအီမီလီယာနိုမာတီနက်ဇ်ဟာမနေ့ညတုန်းကအိုးထရက်ဖို့ဒ်ပွဲစဉ်မှာ၉၂မိနစ်မှာရရှိတဲ့ပင်နယ်တီအားကန်ရန်ခရစ္စတီယာနိုရော်နယ်ဒိုကိုစိန်ခေါ်မှုပြုလုပ်ခဲ့ပါတယ်။
ပွဲချိန်၈၈မိနစ်တွင်ကော့နေးဟူးစ်ရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့တဲ့ဗီလာဟာနာကျင်အချိန်ပိုမှာလက်ထိဘောမှတဆင့်ပင်နယ်တီပေးခဲ့ရပါတယ်။
အာဂျင်တီးနားဂိုးသမားမာတီနက်ဇ်ဟာယုံကြည်မှုအပြည့်ဖြင့်ယင်းပင်နယ်တီအားကန်ရန်ခရစ္စတီယာနိုရော်နယ်ဒိုကိုအော်ဟစ်စိန်ခေါ်မှုပြုလုပ်ခဲ့ပါတယ်။
မာတီနက်ဇ်က ရော်နယ်ဒိုကိုကြည့်ကာ “မင်းကန်လေ”လို့အော်ပြောခဲ့ပါတယ်။ဒါပေမယ့်ကလပ်နှင့်နိုင်ငံတို့မှာကောင်းမွန်တဲ့ပင်နယ်တီမှတ်တမ်းရရှိထားတဲ့ရော်နယ်ဒိုဟာပင်နယ်တီကန်ဖို့ရှေ့ထွက်မလာခဲ့ပါဘူး။
ယင်းပင်နယ်တီကိုမန်ယူရဲ့ဦးစားပေးပင်နယ်တီကန်သူဘရူနိုဖာနန်ဒက်စ်ကကန်ဖို့ထွက်လာခဲ့ပါတယ်။ဘရူနိုဖာနန်ဒက်စ်ဟာယင်းပင်နယ်တီကိုသူကန်နေကန်ပင်နယ်တီကန်နည်းစနစ်ကိုမသုံးဘဲကန်ခဲ့ရာမှာအပေါ်ထောင်သွားခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာသူ့ကစားသမားဘဝမှာပထမဆုံးအကြိမ်အဖြစ်ပင်နယ်တီကိုဘေးထွက်အောင်ကန်ခဲ့တာလည်းဖြစ်ပါတယ်။
ဗီလာနှင့်မာတီနက်ဇ်ဟာအိုးထရက်ဖို့ဒ်ကွင်းမှာဂိုးမပေးခဲ့ရတဲ့အနိုင်သုံးမှတ်ကိုထိုက်တန်စွာရယူသွားခဲ့ပါတယ်။သေချာတာကတော့နောက်တစ်ကြိမ်မန်ယူအသင်းပင်နယ်တီရလာတဲ့အခါခရစ္စတီယာနိုရော်နယ်ဒိုကန်လာဖို့ရှိပါတယ်။
ZawGyi
၉၂ မိနစ္တြင္ မန္ယူရတဲ့ ပင္နယ္တီကို ေရာ္နယ္ဒိုအား ကန္ရန္ ဗီလာဂိုးသမားစိန္ေခၚခဲ့
အက္စတြန္ဗီလာဂိုးသမားအီမီလီယာႏိုမာတီနက္ဇ္ဟာမေန႔ညတုန္းကအိုးထရက္ဖို႔ဒ္ပြဲစဥ္မွာ၉၂မိနစ္မွာရရွိတဲ့ပင္နယ္တီအားကန္ရန္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုစိန္ေခၚမႈျပဳလုပ္ခဲ့ပါတယ္။
ပြဲခ်ိန္၈၈မိနစ္တြင္ေကာ့ေနးဟူးစ္ရဲ႕ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲဲ့တဲ့ဗီလာဟာနာက်င္အခ်ိန္ပိုမွာလက္ထိေဘာမွတဆင့္ပင္နယ္တီေပးခဲ့ရပါတယ္။
အာဂ်င္တီးနားဂိုးသမားမာတီနက္ဇ္ဟာယုံၾကည္မႈအျပည့္ျဖင့္ယင္းပင္နယ္တီအားကန္ရန္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုေအာ္ဟစ္စိန္ေခၚမႈျပဳလုပ္ခဲ့ပါတယ္။
မာတီနက္ဇ္က ေရာ္နယ္ဒိုကိုၾကည့္ကာ “မင္းကန္ေလ”လို႔ေအာ္ေျပာခဲ့ပါတယ္။ဒါေပမယ့္ကလပ္ႏွင့္ႏိုင္ငံတို႔မွာေကာင္းမြန္တဲ့ပင္နယ္တီမွတ္တမ္းရရွိထားတဲ့ေရာ္နယ္ဒိုဟာပင္နယ္တီကန္ဖို႔ေရွ႕ထြက္မလာခဲ့ပါဘူး။
ယင္းပင္နယ္တီကိုမန္ယူရဲ႕ဦးစားေပးပင္နယ္တီကန္သူဘ႐ူႏိုဖာနန္ဒက္စ္ကကန္ဖို႔ထြက္လာခဲ့ပါတယ္။ဘ႐ူႏိုဖာနန္ဒက္စ္ဟာယင္းပင္နယ္တီကိုသူကန္ေနကန္ပင္နယ္တီကန္နည္းစနစ္ကိုမသုံးဘဲကန္ခဲ့ရာမွာအေပၚေထာင္သြားခဲ့ပါတယ္။
ဘ႐ူႏိုဖာနန္ဒက္စ္ဟာသူ႔ကစားသမားဘဝမွာပထမဆုံးအႀကိမ္အျဖစ္ပင္နယ္တီကိုေဘးထြက္ေအာင္ကန္ခဲ့တာလည္းျဖစ္ပါတယ္။
ဗီလာႏွင့္မာတီနက္ဇ္ဟာအိုးထရက္ဖို႔ဒ္ကြင္းမွာဂိုးမေပးခဲ့ရတဲ့အႏိုင္သုံးမွတ္ကိုထိုက္တန္စြာရယူသြားခဲ့ပါတယ္။ေသခ်ာတာကေတာ့ေနာက္တစ္ႀကိမ္မန္ယူအသင္းပင္နယ္တီရလာတဲ့အခါခရစၥတီယာႏိုေရာ္နယ္ဒိုကန္လာဖို႔ရွိပါတယ္။