၉၆ မိနစ်အနိုင်ဂိုးကြောင့် ၇၄၆၀၀/၁ ဆ လောင်းကြေးဖွင့်မှုမှ ၃၃ ပဲနီလောင်းပြီး ပေါင် ၂၂၀၀၀ ရရှိသွားတဲ့ အရမ်းကံကောင်းသူ

အင်မတန်မှကံကောင်းလှတဲ့ဘောလုံးလောင်းသူတစ်ဦးဟာ၇၄၆၀၀/၁ ဆမောင်းဖွင့်လှစ်မှုအား၃၃ပဲနီလောင်းပြီးပေါင်၂၂၀၀၀ကျော်ရရှိသွားခဲ့ပါတယ်။သူဟာ၉၆မိနစ်အနိုင်ဂိုးကြောင့်အံ့ဩသင့်ဖွယ်မောင်းအောင်သွားခဲ့တာလည်းဖြစ်ပါတယ်။

ထောင်ပေါင်းများစွာသောဘောလုံးချစ်သူများဟာအပတ်စဉ်အပတ်တိုင်းထင်မှတ်မထားတဲ့လောင်းကြေးထပ်မှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့ဘယ်သူမှထင်မှတ်မထားတဲ့လောင်းမှုကအောင်မြင်တာလည်းအလွန်ပဲနည်းပါးလှပါတယ်။

ဒါပေမဲ့ဘောလုံးပရိသတ်တစ်ဦးကတော့ဘယ်သူမှထင်မှတ်မထားတဲ့အောင်မြင်မှုကြီးရရှိသွားခဲ့ပါတယ်။

ယင်းပရိသတ်ဟာဝီလီယံဟေးလ်တွင်၁၃ပွဲကိုအနိုင်/အရှုံး/သရေခန့်မှန်းခဲ့တာဖြစ်ပြီး လောင်းကြေးဖွင့်လှစ်မှုက၇၄၆၀၀/၁ဖြစ်ပါတယ်။

သူဟာ၃၃ပဲနီသာလောင်းထားတာဖြစ်ပါတယ်။ဒါပေမဲ့အံ့ဩသင့်ဖွယ်ကောင်းစွာသူလောင်းကြေးကမှန်ကန်သွားခဲ့ကာပေါင်၂၂၃၈၀.၀၈ရရှိသွားခဲ့ပါတယ်။

သူဟာချန်ပီယံရှစ်၊လိဂ်ဝမ်း၊လိဂ်တူးတို့မှပွဲ၁၃ပွဲမှအိမ်ကွင်းနိုင်ပွဲ၇ပွဲ၊အဝေးကွင်းနိုင်ပွဲ၄ပွဲနှင့်သရေပွဲ၂ပွဲတို့အားမှန်ကန်စွာခန့်မှန်းနိုင်ခဲ့တာဖြစ်ပါတယ်။

သူလောင်းထားတဲ့ပွဲများထဲမှာရင်ခုန်စရာအကောင်းဆုံးပွဲကတော့ကာလစ္စလီဟာအချိန်ပို၉၆မိနစ်တွင်မှအနိုင်ဂိုးရသွားခဲ့တာလည်းဖြစ်ပါတယ်။

သူဟာဘရစ္စတိုး၊ဘာမင်ဂမ်၊ဒွန်ကက်စတာ၊ကာလစ္စလီ၊မစ်ဒယ်ဘရော့၊အက်စ်တာ၊ခရော်လေ၊ဂယ်လင်ဟမ်၊အမ်ကေဒွန်း၊ဘရစ္စတိုး၊ဒါဘီတို့အနိုင်ရပြီးဘာရိုး/ဆပ်တန်၊နယူးပေါ့/ဘရက်ဖို့ဒ်တို့သရေကျမယ်လို့အောင်မြင်စွာခန့်မှန်းနိုင်ခဲ့တာဖြစ်ပါတယ်။

ZawGyi

၉၆ မိနစ္အႏိုင္ဂိုးေၾကာင့္ ၇၄၆၀၀/၁ ဆ ေလာင္းေၾကးဖြင့္မႈမွ ၃၃ ပဲနီေလာင္းၿပီး ေပါင္ ၂၂၀၀၀ ရရွိသြားတဲ့ အရမ္းကံေကာင္းသူ

အင္မတန္မွကံေကာင္းလွတဲ့ေဘာလုံးေလာင္းသူတစ္ဦးဟာ၇၄၆၀၀/၁ ဆေမာင္းဖြင့္လွစ္မႈအား၃၃ပဲနီေလာင္းၿပီးေပါင္၂၂၀၀၀ေက်ာ္ရရွိသြားခဲ့ပါတယ္။သူဟာ၉၆မိနစ္အႏိုင္ဂိုးေၾကာင့္အံ့ဩသင့္ဖြယ္ေမာင္းေအာင္သြားခဲ့တာလည္းျဖစ္ပါတယ္။

ေထာင္ေပါင္းမ်ားစြာေသာေဘာလုံးခ်စ္သူမ်ားဟာအပတ္စဥ္အပတ္တိုင္းထင္မွတ္မထားတဲ့ေလာင္းေၾကးထပ္မႈေတြျပဳလုပ္ေနၾကတာျဖစ္ပါတယ္။ဒါေပမဲ့ဘယ္သူမွထင္မွတ္မထားတဲ့ေလာင္းမႈကေအာင္ျမင္တာလည္းအလြန္ပဲနည္းပါးလွပါတယ္။

ဒါေပမဲ့ေဘာလုံးပရိသတ္တစ္ဦးကေတာ့ဘယ္သူမွထင္မွတ္မထားတဲ့ေအာင္ျမင္မႈႀကီးရရွိသြားခဲ့ပါတယ္။

ယင္းပရိသတ္ဟာဝီလီယံေဟးလ္တြင္၁၃ပြဲကိုအႏိုင္/အရႈံး/သေရခန႔္မွန္းခဲ့တာျဖစ္ၿပီး ေလာင္းေၾကးဖြင့္လွစ္မႈက၇၄၆၀၀/၁ျဖစ္ပါတယ္။

သူဟာ၃၃ပဲနီသာေလာင္းထားတာျဖစ္ပါတယ္။ဒါေပမဲ့အံ့ဩသင့္ဖြယ္ေကာင္းစြာသူေလာင္းေၾကးကမွန္ကန္သြားခဲ့ကာေပါင္၂၂၃၈၀.၀၈ရရွိသြားခဲ့ပါတယ္။

သူဟာခ်န္ပီယံရွစ္၊လိဂ္ဝမ္း၊လိဂ္တူးတို႔မွပြဲ၁၃ပြဲမွအိမ္ကြင္းႏိုင္ပြဲ၇ပြဲ၊အေဝးကြင္းႏိုင္ပြဲ၄ပြဲႏွင့္သေရပြဲ၂ပြဲတို႔အားမွန္ကန္စြာခန႔္မွန္းႏိုင္ခဲ့တာျဖစ္ပါတယ္။

သူေလာင္းထားတဲ့ပြဲမ်ားထဲမွာရင္ခုန္စရာအေကာင္းဆုံးပြဲကေတာ့ကာလစၥလီဟာအခ်ိန္ပို၉၆မိနစ္တြင္မွအႏိုင္ဂိုးရသြားခဲ့တာလည္းျဖစ္ပါတယ္။

သူဟာဘရစၥတိုး၊ဘာမင္ဂမ္၊ဒြန္ကက္စတာ၊ကာလစၥလီ၊မစ္ဒယ္ဘေရာ့၊အက္စ္တာ၊ခေရာ္ေလ၊ဂယ္လင္ဟမ္၊အမ္ေကဒြန္း၊ဘရစၥတိုး၊ဒါဘီတို႔အႏိုင္ရၿပီးဘာ႐ိုး/ဆပ္တန္၊နယူးေပါ့/ဘရက္ဖို႔ဒ္တို႔သေရက်မယ္လို႔ေအာင္ျမင္စြာခန႔္မွန္းႏိုင္ခဲ့တာျဖစ္ပါတယ္။